ပါတီမခွဲခြားဘဲ - TopicsExpress



          

ပါတီမခွဲခြားဘဲ ပြည်သူများအရေး တပြေးညီ ဆောင်ရွက်ပေး ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း =================================== အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ ပါတီ မခွဲခြားဘဲ ပြည်သူများအရေးတစ်ပြေးညီ ဆောင်ရွက်ပေးရန် ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် က ပြောကြားလိုက် သည်။ ”အဖွဲ့ချုပ်ကိုယ်စားလှယ် အနေနဲ့ ပြည်သူတွေကို အားလုံးပဲ တစ်ပြေးညီ ဆက်ဆံရမယ်။ ဘယ်ပါတီဝင်တွေပဲ ဖြစ်ဖြစ် အားလုံးဟာရသင့်ရထိုက်တဲ့ အ ခွင့်အရေးတွေကို တန်းတူညီမျှ ရနိုင် ရမယ်။ တကယ်လို့ မျှမျှတတ မဖြစ် ဘူးဆိုရင် ဘယ်ဘက်က မဆိုရပ်တည် ပေးရမယ်”ဟု ၄င်းက ပြောသည်။ ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ လေ့လာရေး လာရောက်သော တနင်္သာ ရီ တိုင်းဒေသကြီး မြိတ်နှင့်ကျွန်းစုမြို့ နယ်များမှ ပါတီဝင် များနှင့် တွေ့ ဆုံစဉ် ဒေသခံများ၏ အုပ်ချုပ်ရေးပိုင်းနှင့်ပတ် သက်ပြီး အခက်အခဲများကို တင်ပြရာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ကမ္ဘာ့ဘဏ်ကနေပြီးတော့ဖွံ့ဖြိုး ရေးစီမံကိန်းတွေလုပ်တော့မယ်။အဲဒါကို လည်း သေသေချာချာ သက်ဆိုင်သူတွေ နဲ့ သူတို့ တွေ့ပေးမယ်။ ဒီဟာတွေဟာ ထိထိေ ရာက်ရောက် ပြည်သူတွေ အား လုံးဆီကို မျှမျှတတ ရောက်လားမရောက် ဘူးလားဆိုတာကို ကြည့်ရမယ်” ဟု ပါတီဝင်များကို ပြောကြားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၏ အဓိ က အဝေးပြေးလမ်းမကြီးဖြစ်သည့် မြိတ်-ထားဝယ်-ရေး လမ်းမကြီးကို ရန် ကုန်-မော်လမြိုင်ကားလမ်းကဲ့သို့ ကတ္တရာလမ်း ခင်းပေးရန် ဆောင်ရွက် ပေးရေးအတွက် လွှတ်တော်တွင် တိုက် တွန်းပေးရန် ပါတီဝင်များကတင်ပြရာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လမ်း ပန်း ဆက်သွယ်ရေးေ ကာင်းမွန်ရန် လို အပ်နေကြောင်း သက်ဆိုင်ရာ အုပ်ချုပ် ရေးပိုင်းနှင့် လွှတ်တော်ကိုယ်စားလှယ် များအား ပြည်သူများ၏ ဆန္ဒကို တင်ပြ ရန် ပြန်လည်ပြောကြားခဲ့သည်။ reposted by saung credit to popular myanmar news facebook/mmcities
Posted on: Fri, 23 Aug 2013 05:01:11 +0000

Trending Topics



Recently Viewed Topics




© 2015