ပညာရေးဝန်ကြီး - TopicsExpress



          

ပညာရေးဝန်ကြီး ဌာန အမျိုးသားစီမံခန့် ခွဲမှု ပညာကောလိပ် National Management College Certificate in Marketing Management အမှတ်စဉ် (၁) သင်တန်းသားများ လျှောက်လွှာခေါ်ယူခြင်း အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်နှင့် Myanmar Professional Development Center (MPDC) @ ABAC Myanmar Offshore Office တို့ပူပေါင်း၍ Certificate in Marketing Management (CMM) သင်တန်းအမှတ်စဉ် (၁) ကို ဖွင့်လှစ်မည်ဖြစ်ပါသည် ။ ၁။ တက္ကသိုလ်ဝင်တန်း ဖြေဆို၊ အောင်မြင်ပြီးသူများနှင့် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်ပါသည်။ ၂။ Certificate သင်တန်းအောင်မြင်ပြီးသူများသည် Diploma, Advanced Diploma သင်တန်းများကို ဆက်လက်သင်ယူနိုင်ပြီး Assumption University of Thailand နှင့် ချိတ်ဆက်ထားသော Bachelor of Business Administration (BBA) ဘွဲ့ သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်ပါမည်။ ၃။ Marketing Management သင်တန်းတွင် ဈေးကွက်စီးပွားရေးကို ထိုးဖောက်နိုင်သော အခြေခံအချက် အလက်များကို သင်ကြားရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Marketing Manager အဖြစ် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ပါသည်။ ၄။ သင်တန်းကာလမှာ (၆) လဖြစ်ပြီး၊ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ၊ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။ ၅။ ပညာအရည်အချင်း အထောက်အထား (မူရင်းနှင့်မိတ္တူ) ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (မူရင်း နှင့် မိတ္တူ )၊ လိုင်စင်ဓါတ်ပုံ (၃)ပုံ တင်ပြရမည် ။ (လူုဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။) အသေးစိတ်သိရှိုလိုပါက - အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ MPDC ရုံးခန်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်။ ဖုန်း : ၀၉ ၄၂၀၁၁၄၅၀၁၊ ၀၉ ၄၃၁၉၂၃၆၀ Email: Sandra@newklink
Posted on: Sun, 30 Jun 2013 15:14:48 +0000

Trending Topics



Recently Viewed Topics




© 2015