ပညာသင်ဆု ကျပ်သိန်း ၁၀၀ - TopicsExpress



          

ပညာသင်ဆု ကျပ်သိန်း ၁၀၀ ရရှိနိုင်မည့် အမေရိက ထိပ်တန်းတက္ကသိုလ် များ ပညာရေး ဆွေးနွေးမည် ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံမှ ကျောင်းလျှောက်ထားသည့် ထူးချွန်သော ကျောင်းသား ကျောင်းသူတိုင်းကို ကျပ်သိန်း ၁၀၀ ခန့် ပညာသင်ဆု ပေးအပ်ချီးမြှင့်သွားမည်ဟုဆိုသည့် အမေရိကန် ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်များ၏ ပညာရေးဆွေးနွေးပွဲ (Seminar) ကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ SR International College ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပညာရေး ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု ထိပ်တန်းတက္ကသိုလ်များ၏ ကိုယ်စားလှယ်ဖြစ်သူ Mr. Devin ကိုယ်တိုင် လာရောက်၍ ဟောပြောဆွေးနွေး သွားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ၏ ထိပ်တန်းတက္ကသိုလ်များဖြစ်သော Roosevelt University, James Madison University, Fairmont Private Schools, LIU Post University, University of Maine, Vermont University ESifh Widener University စသည့် တက္ကသိုလ်များတွင် Business, Engineering, Hospitality Management, Science, Technology & Mathematics, Visual & Performing Arts, Health and Human Services, Education, Communications စသည့် ဘာသာရပ်များကို မိမိစိတ်ကြိုက် ရွေးချယ် တက်ရောက် သင်ကြားနိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်း သို့မဟုတ် IGCSE အောင်မြင်ပြီးသူများ SAT မလိုဘဲ IELTS band 6.0 ရှိရုံဖြင့် စတင်လျှောက်ထားနိုင်ပြီး အမေရိကန်ဗီဇာ ရရှိရန်အတွက် အတွေ့အကြုံရှိသည့် ပညာရေး အတိုင်ပင်ခံများက ဆွေးနွေး တိုင်ပင်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲ စီစဉ်သူ SR Worldwide Education ထံမှ စုံစမ်းသိရှိရသည်။ ကျောင်းစရိတ်မှာ နေစရိတ်နှင့် စားစရိတ် အပြီးအစီး အမေရိကန်ဒေါ်လာ ၃၅,၀၀၀ မှ ၄၅,၀၀၀ ဝန်းကျင် ကျသင့်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ အနီးဆုံး ကျောင်းအပ်နှံကာလမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလဖြစ်ပြီး စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများ အနေဖြင့် SR Worldwide Education ဖုန်း ၀၁-၃၈၇၀၂၂၊ ၀၉-၅၄၂၈၈၄၈၊ ၀၉-၅၄၃၈၈၄၈၊ ၀၉-၅၁၄၈၈၄၈ သို့ ဆက်သွယ် စုံစမ်းလျှောက်ထားနိုင်သည်။ The Voice
Posted on: Sat, 07 Sep 2013 12:41:50 +0000

Trending Topics



Recently Viewed Topics




© 2015