ပြည်သူများသို့ - TopicsExpress



          

ပြည်သူများသို့ ၀န်ဆောင်မှုများ ပေးလျက်ရှိသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ရည်ရွယ်ချက်ဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များကို ပြည်တွင်းပြည်ပရှိ ပရိတ်သတ်များ အချိန်မရွေး နေရာမရွေး နားဆင်/ကြည့်ရှုနိုင်ရန် ယခုအခါ အင်တာနက်မှတစ်ဆင့် Website တစ်ခု mrtv.gov.mm နှင့် mrtv.gov.mm/zg ကို တည်ဆောက်ပြီး ၀န်ဆောင်မှု ပေးလျက်ရှိ ၁၅-၇-၂၀၁၃ ရက်နေ့မှစ၍ MRTV Live Stream ကိုလည်းကောင်း၊ ၁၆-၉-၂၀၁၃ ရက်နေ့မှစ၍ မြန်မာ့အသံ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်းကောင်း ၄င်း Website တွင် နားဆင်/ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ MI Live Stream ကို မကြာမီရက်အတွင်း ၄င်း Website မှာပင် ကြည့်ရှုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Android Mobile Internet အသုံးပြုသူများ လွယ်ကူစွာ နားဆင်/ကြည့်ရှုနိုင်ရန် MRTV Live.apk application ကို Google Play Store နှင့် မိမိတို့ MRTV Website များမှ Download ရယူကြည့်ရှုနိုင်ရန် စီစဉ်ထားပြီးဖြစ်ပါသည်။ MRTV Radio Live.apk နှင့် MI Live.apk application များ မကြာမီရက်အတွင်း ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းပေးအပ်ပါသည်။
Posted on: Tue, 17 Sep 2013 04:30:51 +0000

Trending Topics



Recently Viewed Topics




© 2015