ပထမကြိမ်ညီလာခံ - TopicsExpress



          

ပထမကြိမ်ညီလာခံ မတက်ခဲ့တဲ့ အဖွဲ့တွေလည်း UNFC ညီလာခံတက်ရောက်နေ ABC ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီ UNFC ဒုတိယ ညီလာခံအတွင်း ပထမအကြိမ် ညီလာခံ မတက်ရောက်ခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေလည်း ပါဝင်တက်ရောက်နေကြတယ်လို့ သိရပါတယ်။ UWSA ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့ ၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ က ကိုးကန့်တိုင်းရင်းသားအဖွဲ့ MNDAA နဲ့ DKBA ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်က ခေါင်းဆောင် တွေဟာ အခု တစ်ကြိမ် ကျင်းပနေတဲ့ ညီလာခံမှာ ပါဝင် တက်ရောက် နေကြတာ ဖြစ်ပါတယ်။ ညီလာခံဖွင့်ပွဲနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကနေပြီး အကောင်အထည်ဖော်ခဲ့ကြတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို အစီရင်ခံစာ တင်ပြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ညီလာခံကို ၄ရက်ကြာကျင်းပမှာဖြစ်ပြီး နောက်ဆုံးနေ့မှာတော့ တိုင်းရင်းသား လူမျိုးများ ညီလာခံ (Ethnic Conference) ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်တပ်ထားတဲ့ ဒီညီလာခံကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ဦးဆောင်ကျင်းပနေ တာဖြစ်ပါတယ်။ တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပ တိုင်း ရင်းသားနိုင်ငံရေး ပါတီတွေတက်ရောက်နေတာနဲ့ ပတ်သက်လို့ UNFC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုပြောပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေအတွက် အသက်တမျှအရေးကြီးနေတဲ့ အချိန်ရောက်နေတာပေါ့ ၊ ဒါကြောင့် ဒီအချိန်မှာ တိုင်းရင်းသားတွေ အတွင်းအပြင် တောင်ရော၊ မြောက်ရော လက်နက်ကိုင်ရော၊ လက်နက်မကိုင်ရော အားလုံးစုံစုံညီညီ တွေ့ဆုံဖို့ လိုပြီဆိုတဲ့အချက်ကတော့ ဒါ အဓိကအကြောင်းရင်းခံပေါ့ဗျာ။ အခုကျင်းပနေတဲ့ညီလာခံမှ ၄ရက်တာ ဆွေးနွေးပွဲကနေ အားလုံးအတွက်ရလာဒ်ကောင်းတွေ ပေါ်ထွက်လာ မယ်လို့ မျှော်လင့်ထားပြီး ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ ထွက်ပေါ်လာတဲ့ရလာဒ်တွေကို တရားဝင်ထုတ်ပြန် သွားမယ်လို့ ပြောပါတယ်။ ညီလာခံကို ညီညွတ်သောတိုင်းရင်းသားမဟာမိတ်များအဖွဲ့ (UNA)၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မ တော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (NDAA -မိုင်းလား)၊ ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့တွေ တက်ရောက်လာသလို၊ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူထားခြင်းမရှိသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ၊ ပြည်ပအခြေစိုက်တိုင်းရင်းသားလူငယ်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ တက် ရောက်နေတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။
Posted on: Tue, 30 Jul 2013 13:51:11 +0000

Trending Topics



Recently Viewed Topics




© 2015