ပြန်ကြားရေးဝန်ကြီးဌာန - TopicsExpress



          

ပြန်ကြားရေးဝန်ကြီးဌာန Facebook တွင် သတင်းများကို တိုတိုရှင်းရှင်းဖြင့် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးမည် နေပြည်တော်၊ အောက်တိုဘာ ၃၁ ပြန်ကြားရေးဝန်ကြီးဌာန Facebook တွင် မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှ သတင်းများကို တိုတိုရှင်းရှင်းဖြင့် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။ ထိုသို့ သတင်းများကိုထုတ်ပြန်ပေးရာတွင် သတင်းမှန်ကန်မှု၊ သတင်းတိကျမှု၊ ပြည်သူများအတွက် မဖြစ်မနေသိရှိရမည့် သတင်းများကို တင်ဆက်မှုနှင့် လွဲမှားသော သတင်းများအတွက် တိကျမှန်ကန်သည့် သတင်းများဖြင့် ဖြေရှင်းမှုများကို အရိုးသားဆုံး တင်ဆက်သွား မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။ သို့ပါ၍ ကျွန်တော်များ ပြန်ကြားရေးဝန်ကြီးဌာနFacebook တွင် သတင်းများကို တိုတိုရှင်းရှင်းဖြင့် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်သော MOI Webportal Myanmar အား ဖတ်ရှုအားပေးပြီး လိုအပ်ချက်များ ရှိပါက comment တွင်လည်းကောင်း၊ Messagesတွင်လည်းကောင်း၊ mr.myintkyaw@gmail သို့လည်းကောင်း အကြံပြုချက်များ၊ သုံးသပ်ချက်များ၊ ဆွေးနွေးချက်များ ရေးသားပေးပို့နိုင်ကြောင်း အသိပေးအပ်ပါသည်။
Posted on: Thu, 31 Oct 2013 00:34:40 +0000

Trending Topics



Recently Viewed Topics




© 2015