ဖန်တက်စီကစားနည်း By Aung P P Zaw - TopicsExpress



          

ဖန်တက်စီကစားနည်း By Aung P P Zaw in Myanmar Fantasy Premier League Group (Files) · Edit Doc ၁၊ EPL ကို ပြောင်းလာမယ့် ကစားသမားအသစ်တွေကိုတော့ ၇ရက်အတွင်းမှာ ဈေးကွက်ပေါ်ကို တင်ပေးပါတယ်။ ၂၊ ကစားသမားတစ်ယောက်ဟာ ပရီးမီးယားလိဂ်ကနေ တခြားလိဂ်ကို ထွက်ခွာသွားမယ်ဆိုရင် အဆိုပါ ကစားသမားရဲ. Match point တွေ လုံးဝရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ Transfer ကို သုံးပြီးတော့ လူသစ်တစ်ယောက် ထပ်ဝယ်ကိုဝယ်မှ အမှတ်တွေ မဆုံးရှုံးမှာ ဖြစ်ပါတယ်။ ၃၊ အသင်းတစ်သင်းကနေ ကစားသမား အများဆုံး ၃ဦးသာ ခေါ်လို့ရပါတယ်။ ပြဿနာတက်လာနိုင်တာ အပြောင်းအရွှေ.ပါ။ ဥပမာ - ဘိန်းစ်ကို ခေါ်ထားတဲ့ User တစ်ယောက်ရဲ. အသင်းမှာ မန်ယူကနေ ဗီဒစ်၊ ကာဂါဝါ၊ ရွန်နီ ၃ယောက်ကို ခေါ်ထားတယ်ဆိုပါစို့။ ဘိန်းစ်ဟာ အဲဗာတန်ကနေ မန်ယူကို ပြောင်းရွှေ.လာပြီဆိုရင် မန်ယူ ကစားသမားကြီးပဲ ၄ယောက်ဖြစ်သွားတော့မှာပါ။ ဒါဆိုရင် ၁ယောက်ကို မဖြစ်မနေ အပြောင်းအရွှေ. လုပ်ရပါတော့မယ်။ ၄၊ အသင်းရဲ. ကစားကွက်မှာ အနည်းဆုံး ဂိုးသမား ၁ဦး၊ နောက်ခံလူ ၃ဦးနဲ့ ရှေ.တန်း ၁ဦးပါဝင်ရပါမယ်။ ၅၊ အသင်းခေါင်းဆောင်နဲ့ လက်ထောက် အသင်းခေါင်းဆောင်တွေကိုလည်း ရွေးထားပေးဖို့ လိုအပ်ပါမယ်။ ဘာလို့လဲဆိုတော့ အသင်းခေါင်းဆောင်ဟာ အမှတ်ကို နှစ်ဆ သယ်သွားပေမယ့် ကစားသမားမို့လို့ပါပဲ။ မိမိရဲ. အသင်းခေါင်းဆောင်ဟာ ပွဲပါဝင်မကစားခဲ့ရင် လက်ထောက်အသင်းခေါင်းဆောင်ဟာ အမှတ်နှစ်ဆရမှာ ဖြစ်ပြီး၊ လက်ထောက်အသင်းခေါင်းဆောင်ပါ ပွဲထွက်မရခဲ့ရင်တော့ တစ်ပတ်စာအတွက် အမှတ်နှစ်ဆ ရနိုင်တဲ့ အခွင့်အရေးဆုံးရှုံးမှာ ဖြစ်ပါတယ်။ ၆၊ လူစားလဲမှုမှာ ဂိုးသမားကို ဂိုးသမားချင်း အော်တိုလဲပေးပါတယ်။ တခြားနေရာက ကစားသမားတွေကိုတော့ မိမိ စီစဉ်ပေးထားတဲ့ priority အတိုင်း အော်တိုလူစားလဲပေးပါတယ်။ ဒီနေရာမှာလည်း ချွှင်းချက်တွေ ရှိပါတယ်။ ဥပမာ- နောက်တန်း ၃ယောက်ပဲ ထားကစားတဲ့ အသင်းမှာ First Line-up ထဲက နောက်တန်းတစ်ယောက် မပါနိုင်ခဲ့တဲ့ အချိန်မှာ မိမိရဲ. အရန်လူ နံပါတ် (၁)က ရှေ.တန်းဖြစ်နေခဲ့ရင်လည်း နောက်တန်းလူကိုပဲ ဦးစားပေး လူစားလဲပေးမှာ ဖြစ်ပါတယ်။ ၇၊ Wildcard လို့ခေါ်တဲ့ တစ်သင်းလုံး လူလဲခွင့်ကို တစ်ရာသီမှာ နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ တစ်ကြိမ်ကတော့ ရာသီရဲ. ကြိုက်တဲ့အချိန်မှာ သုံးခွင့်ရှိပြီးတော့၊ နောက်တစ်ကြိမ်ကိုတော့ ဇန်န၀ါရီလအတွင်းမှာပဲ ပြုလုပ်ခွင့် ရှိပါတယ်။ ဇန်န၀ါရီကျော်သွားခဲ့ရင်တော့ အဆိုပါ Wildcard ကို အသုံးပြုခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ ၈၊ ကစားသမား အရောင်းအ၀ယ်မှာ မိမိအသင်းရဲ. ကစားသမားက ခြေစွမ်းပြနိုင်လို့ ဈေးတက်သွားတဲ့အခါ အဆိုပါ ကစားသမားကို ပြန်ရောင်းရင် မိမိအမြတ်ရဲ. တ၀က်သာ ရမှာဖြစ်ပါတယ်။ ဥပမာ - ကာဂါဝါ အခု (၈.၅) ပေးရပါတယ်။ ရာသီစလို့ ၂လလောက် ကြာတဲ့အခါ ခြေစွမ်းပြနိုင်လို့ (၉.၅)ဖြစ်သွားတဲ့အခါ ပြန်ရောင်းမယ်ဆိုရင် (၉)ပဲ အသားတင်ရမှာ ဖြစ်ပါတယ်။ ၉၊ ရာသီစပြီဆိုတာနဲ့ တစ်ပတ်ကို Transfer တစ်ခုသာ လုပ်ခွင့်ရှိပါတယ်။ ပထမအပတ်မှာ Transfer မလုပ်ခဲ့ရင် ဒုတိယအပတ်မှာ အပြောင်းအရွှေ.ကို နှစ်ခု လုပ်ခွင့်ရှိပါတယ်။ ဒုတိယအပတ်မှာလည်း Transfer မလုပ်ဖြစ်ခဲ့ရင်တော့ တတိယအပတ်ကို ရောက်တဲ့အခါမှာ Transfer ကို နှစ်ခုသာ ပြုလုပ်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အပြောင်းအရွှေ.ကိုလည်း နှစ်ခါထက် ဘယ်တော့မှ ပိုလုပ်လို့ ရမှာမဟုတ်ပါဘူး။ အပြောင်းအရွှေ့ကို သတ်မှတ်ထားတဲ့ အရည်အတွက်ထက် ကျော်လွန်ပြီး ပြုလုပ်ခဲ့ပါက (-၄)မှတ် အဖြစ် ပြစ်ဒဏ်ပေးခြင်း ခံရမှာ ဖြစ်ပါတယ်။ (Wildcard မှ လွဲ၍) ၁၀၊ သီတင်းပတ်တိုင်းမှာ မိမိအသင်းရဲ. လူစာရင်း၊ အသင်းခေါင်းဆောင်၊ လူစားလဲမယ့် ကစားသမားတွေကို Deadline မတိုင်မှီ ပြီးစီအောင် လုပ်ထားရမှာပဲ ဖြစ်ပါတယ်။ သီတင်းပတ်တစ်ခုအတွက် Deadline ဟာ စနေနေ့ နေ့လည် ၅နာရီ (မြန်မာစံတော်ချိန်) ဖြစ်ပါတယ်။ အမှတ်ပေးစည်းမျဉ်းများ ♦ ဂိုးသမားနဲ့ နောက်တန်း ကစားသမားများ Clean Sheet ရရင် (၄)မှတ် ရရှိမှာ ဖြစ်ပါတယ်။ ဂိုး (၁)ဂိုးသွင်းနိုင်ရင် (၆)မှတ်စီ ရကြမှာဖြစ်ပါတယ်။ ဂိုးသမား တစ်ဦးဟာ ပင်နယ်တီ ကာကွယ်နိုင်ရင် (၅)မှတ် ရရှိမှာ ဖြစ်ပါတယ်။ ♦ အလယ်တန်း ကစားသမားများ ဂိုး(၁)ဂိုး သွင်းနိုင်ရင် (၅)မှတ်စီ ရရှိမှာ ဖြစ်ပါတယ်။ Clean Sheet ရရင်တော့ အပိုဆောင်း (၁)မှတ် ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။ ♦ ရှေ့တန်း ကစားသမားများ ဂိုး (၁)ဂိုး သွင်းနိုင်ရင် (၄)မှတ် ရရှိမှာ ဖြစ်ပါတယ်။ ♦ မည်သည့် ကစားသမားမဆို ဂိုးသွင်းခွင့် ဖန်တီးပေးနိုင်လျှင် (၃)မှတ် ရရှိပါမယ်။ မိနစ် (၆၀)နဲ့ အောက် ပွဲကစားခွင့် ရလျှင် (၁)မှတ် ရရှိပါမယ်။ မိနစ် (၆၀)အထက် ပွဲကစားခွင့် ရလျှင် (၂)မှတ် ရရှိပါမယ်။ ♦ အနှုတ်ခံရမည့် အမှတ်များ ပင်နယ်တီ ကန်သွင်းမှု လွဲချော်ခဲ့လျှင် (-၂)ကို ခံယူရပါမယ်။ အဝါကဒ် တစ်ကဒ် အတွက် (-၁) ဖြစ်ပြီး အနီကဒ် တစ်ကဒ်ဟာ (-၃)ပါ။ Own Goal တစ်ဂိုး သွင်းယူခဲ့မိလျှင် (-၂) ပေးဆပ်ရပါမယ်။ ထို့အတူ ဂိုးသမားနဲ့ နောက်တန်း ကစားသမားများဟာ အသင်း (၂)ဂိုး သွင်းခံရတိုင်း (-၁)ကို ရရှိသွားမှာ ဖြစ်ပါတယ်။ ချွင်းချက်။ ။ အသင်းက Clean Sheet ရရှိသော်လည်း မိမိ ကစားသမား၏ ပွဲကစားချိန်သည် မိနစ် (၆၀)အထက် မရှိခဲ့ပါက Clean Sheet အတွက် အမှတ် ရရှိတော့မည် မဟုတ်ပါ။ ပွဲစဉ် တစ်ပွဲတိုင်းအတွက် ဘောနပ်စ် အမှတ်များကို ပွဲစဉ်အားလုံး ပြီးဆုံးသွားတော့မှ fantasy.premierleague. က တွက်ချက်ပေးသွားပြီး တစ်ပွဲချင်းစီ အတွက် အကောင်းဆုံး ကစားသမားကို (၃)မှတ်၊ ဒုတိယ ကစားသမားကို (၂)မှတ်၊ တတိယ ကစားသမားကို (၁)မှတ်စီ ပေးသွားတာ ဖြစ်ပါတယ်။ ကျွန်တော် ဖတ်မိသလောက် သိသလောက် အသုံးဝင်မယ့် အချက်အလက်လေးများကို စုစည်းရေးသားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အမှားအယွင်း တစုံတရာ တွေ့ရှိခဲ့ရင် ကျွန်တော့်ကို အသိပြန်ပေးကြပါဦးနော်။ အားလုံး အမှတ်ကောင်းနိုင်ကြပါစေ။ Credit : @Dominic Pryde
Posted on: Thu, 08 Aug 2013 19:38:16 +0000

Trending Topics



Recently Viewed Topics




© 2015