ဗိုလ်ချုပ်သားနှင့် - TopicsExpress



          

ဗိုလ်ချုပ်သားနှင့် အများပြည်သူ (ဆောင်းပါးရှင် - မောင်လွင်မွန် (ကသာ)) တရုတ်နိုင်ငံတွင် လူသိများသည့် တရုတ်ဗိုလ်ချု ပ် တစ်ဦး၏ အသက် ၁၇ နှစ်သာ ရှိသေးသည် ဟုဆိုသော သားကို အမျိုးသမီးတစ်ဦးအား အု ပ်စုလိုက် မတရား ပြုကျင့်ရာတွင် ခေါင်းဆော င် ပါဝင်ခဲ့ခြင်းအတွက် မုဒိမ်းမှုဖြင့် ရုံးတင်စ စ်ဆေးခဲ့သည်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်လီရှောင် ဂျင်းသည် တရုတ်လွတ်မြောက်ရေး တပ်မတော်တွင် လူသိများ ထင်ရှားသူ တစ်ဦးဖြစ်ပြီး မျိုး ချစ်စိတ်လှုံ့ဆော် တေးများဖြင့် လူကြိုက်များ အဆိုတော်တစ်ဦး ဖြစ်သကဲ့သို့ တရုတ်တပ်မေ တာ်၏ အနုပညာ ဂီတကျောင်းတွင် ကျောင်း အုပ်ကြီးလည်း ဖြစ်သည်။ မိခင်ဖြစ်သူ မန်ဂီ ကလည်း နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ် သည်။ အမှုမှာ လွန်ခဲ့သော ဖေဖော်ဝါရီလက ပေကျ င်းမြို့ ဟိုတယ်တစ်ခုတွင် ဗိုလ်ချုပ်လီရှောင်ဂျင်း ၏သား လီတိန်ရီနှင့် အခြားလေးဦးတို့ အရက် များ အလွန်အကျွံ မူးယစ်သောက်စားပြီး ယင်းဟိုတယ်တွင် ဘီယာသောက်နေသော အသ က် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား မ တရား ပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သောလက တရားရုံးတင် စစ်ဆေးရာ တွင် လီတိန်ရီက ကျူးလွန်ကြောင်း ၀န်ခံခြင်း မရှိဘဲ သူ့အနေဖြင့် ကျုးလွန်မှု မရှိသလို ထိုအ မျိုးသမီးနှင့် ပတ်သက်မှုလည်း မရှိဖူးကြောင်း၊ ထိုညက မိမိမှာ မူးနေသဖြင့် ဘာကိုမှ မမှတ် မိပါကြောင်း စသည်အပြင် ယင်းမိန်းကလေး မှာလည်း ပြည့်တန်ဆာ တစ်ဦးသာဖြစ်ကြော င်း ထုချေဖြေရှင်းခဲ့ပြီး အခြားလေးဦးကလည်း ပြစ်မှုကို ပထမတွင် ငြင်းဆိုခဲ့ကြသည်။ တရု တ်နိုင်ငံတွင် အထက်တန်းလွှာတို့၏ သားသမီး များမှာ ဥပဒေ အထက်တွင် ရှိတတ်စမြဲ ကြုံရ လေ့ ရှိခြင်းကြောင့် လီတိန်ရီမှာ အပြစ်တစ်စုံ တစ်ရာ ကျခံရမည် မဟုတ်ဘဲ လွတ်မြောက်သွားလိမ့်မည်ဟု ပြည်သူအများက ထင်မြင်ကြပြီး အင်တာနက်တွင်လည်း ယင်းသို့ အဆိုးမြင် ရှုထောင့်မှ ဝေဖန်လျက် ကြိုတင်နိမိတ် ဖတ်ခြဲ့ ကသည်။ ထို့ပြင် လီတိန်ရီကို ဥပဒေ ဖောက်ဖျက်ကျူးလွ န်သူအဖြစ် ပထမအကြိမ် မြင်ကြရသည် မဟု တ်ဘဲ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၆ ရက် ညက လည်း ပေကျင်းမြို့တွင် ယာဉ်မောင်းလိုင်စင် မရှိသည့် လီတိန်ရီ မောင်းလာသော လိုင်စင် မဲ့ ဘီအမ်ဒဗလျူကားနှင့် လိုင်စင်နံပါတ်အတု အိုနံပါတ် တပ်ထားသည့် အော်ဒီကား နှစ်စီး ကို သူတို့ရှေ့မှကွေ့ရန် အရှိန်လျှော့သော ကား က လမ်းပိတ်သည်ဆိုကာ ကားပေါ်ပါ လင်မယား နှစ်ယောက်စလုံးကို လီတိန်ရီနှင့် အော်ဒီ ကားမောင်းသူ လူငယ်တို့က ကားပေါ်မှဆွဲချ ရို က်နှက်ခဲ့ကြသည်။ သုံးမိနစ်ကြာ ရိုက်နှက်ခဲ့စ ဉ်အတွင်း ဘေးလူတို့ကို "ဘယ်ကောင် ရဲကိုေ ခ်ါရဲသလဲ ပြောစမ်း" ဟု အော်ဟစ်ကြိမ်းမော င်း စိန်ခေါ်ခဲ့ကြသည်။ လင်မယား နှစ်ယောက် စလုံး ဒဏ်ရာများ ရရှိကာ ခေါင်းမှသွေးများ ယိုကျသည်အထိ အရိုက်ခံရသည်။ လင်ယော က်ျားမှာ ဒဏ်ရာပြင်းထန်ပြီး နဖူးတွင် ခြော က်ချက်၊ ခေါင်းတွင်နှစ်ချက် ချုပ်ရကာ နှာတံနှ င့် ညာမျက်လုံးတွင် အတွင်းကြေ ထိခိုက်မှု ဖြ စ်ခဲ့သည်။ ရဲများရောက်ရှိ လာချိန်တွင် လီတိန် ရီတို့နှစ်ဦး ထွက်ပြေးရန် ကြိုးစားသော်လည်း ဖမ်းဆီးခံရသည်။ ယင်းကာလက လီတိန်ရီမှာ ၁၅ နှစ်သာ ရှိသေးပြီး အရွယ်မရောက် သေး သူအဖြစ် စစ်ဆေးစီရင် ခံရသည်။ ယင်းကာ လက အင်တာနက်တွင် အုတ်အော်သောင်းတ င်း ဖြစ်ခဲ့ရသော ယင်းသတင်းအတွက် အများ က လီတိန်ရီကို လူဆိုးတေလေလေးအဖြစ် ပြ စ်တင်ရှုတ်ချ ခဲ့ကြပြီး သူသည် ထိန်းသိမ်းပညာပေး စခန်းတွင် တစ်နှစ်သွားရောက် နေထို င်ခဲ့ရသည်။ ထူးခြားချက်မှာ ထိုစဉ်က သူဖခင် လီရှောင်ဂျင်းက သူ့အနေဖြင့် သူ့သား၏ ဆိုး သွမ်း အကျင့်တန်မှုများကို ပြုပြင်ထိန်းသိမ်းရ န် ပျက်ကွက်ခဲ့ပါကြောင်း အများပြည်သူအား တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ ယခု တစ်ကြိမ်မှာလည်း အသက် ၇၄ နှစ်အရွ ယ် ဗိုလ်ချုပ်လီရှောင်ဂျင်းမှာ သူ့သား ဖမ်းဆီး ခံရခြင်းအတွက် စိတ်ဖိစီးမှုဖြင့် ကျန်းမာရေး ပင် ထိခိုက်နေပြီး ယခုအသက် ၁၇ နှစ်သာ ရှိ သေးသည်ဟု ဆိုနေသော သူ့သားမှာ အရွယ် ရောက်ပြီးဖြစ်ကြောင်း သက်သေအထောက် အထားများကြောင့်လည်း အရှက်ကွဲစရာ ကြုံေ နရသည်။ South China Morning Post က တင်ပြသော ဗီဒီယိုဖိုင် တစ်ခုတွင် လီရှောင်ဂျ င်းက ၂၀၀၆ ခုနှစ်တွင် သူ့သား အသက် ၁၂ နှစ် ရှိပြီဟု ဆိုထားသည့်အတွက် ယခုအခါ သူ သားအသက် ၁၉ နှစ် ရှိပြီဖြစ်ကြောင်း ထင်ရှားနေရာ အရွယ်မရောက်သေးသူအဖြစ် လျှော့ပေါ့အပြစ်ပေး ခံရရန် ၁၇ နှစ်ဟု လိမ်လည် ထားကြောင်း ပေါ်လွင်လာခြင်း ဖြစ်သည်။ သို့ ဖြစ်ရာ ၂၀၁၁ မှာကဲ့သို့ "အရွယ်မရောက်သေးသူ အဖြစ်" အစား "အရွယ်ရောက်ပြီးသူ အြ ဖစ်" စစ်ဆေးစီရင်သင့်ကြောင်း ရည်ညွှန်းကြ ခင်း ဖြစ်သည်။ သို့သော် တရားရုံးက လီတိန် ရီကို အရွယ်မရောက်သေးဟု သတ်မှတ်ပြီး သ တင်းသမားများကို တရားရုံး အတွင်းသို့ ၀င်ခွ င့်မပြုဘဲ အမှုကိုလည်း အများပြည်သူရှေ့ စစ် ဆေးခြင်း မပြုခဲ့ပေ။ သို့သော် ကြာသပတေးနေ့က တရားရုံး စီရင် ချက်တွင် လီတိန်ရီသည် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ကျန်လေးဦးမှာလည်း သုံးနှစ်မှ ၁၂ နှစ်အထိ ပြစ်ဒဏ်များ အသီးသီး ကျခံရကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါသည်။ တရားသူကြီးက ယခုအမှု၏ စီရ င်ချက်မှာ ယနေ့ တရုတ်အထက်တန်းလွှာများ ဘ၀ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်ဟု ပင် ဆိုလိုက်သည်။ ထို့ပြင် လီတိန်ရီပြောသော ယင်းမိန်းကလေးမှာ ပြည့်တန်ဆာ တစ်ဦးသာ ဖြစ်သည်ဆိုခြင်းမှာ ယခုအမှုနှင့် မသက်ဆိုင် ဘဲ အဓိက အချက်မှာ ကာမဆက်ဆံမှုကို အမျိုး သမီးက သဘောတူညီသည် မတူညီသည် ဆို သည်က အရေးကြီးကြောင်းလည်း ပြောကြား သည်။ တရားရုံး၏ အဆိုအရ လုံခြုံရေး ကင်မ ရာ မြင်ကွင်းတွင် လီတိန်ရီက မိန်းကလေးကို ဟိုတယ်ဓာတ်လှေကားတွင်း ဇွတ်ဆွဲသွင်းပြီး မျက်နှာကို ရိုက်နှက်သည်ကို တွေ့ရကြောင်း၊ မိန်းကလေး အ၀တ်ကို ဆွဲချွတ်သည်ကိုလည်း တွေ့ကြောင်း သိရသည်။ သို့သော် လီတိန်ရီသ ည် ယခုပြစ်မှုတွင် ဦးဆောင်ကျူးလွန်သူဟု ထ င်ရှားသော်လည်း အရွယ်မရောက်သေးသူ ဖြ စ်သဖြင့် ညှာတာစွာ ပြစ်ဒဏ်ပေးခြင်း ဖြစ်ြေ ကာင်းလည်း ဆိုထားသည်။ အတူကျူးလွန်သော အသက်အရွယ်ရ အမျိုးသားမှာ ပြစ်မှုကို ၀န် ခံသည့်အပြင် ပူးပေါင်းဆောင်ရွက်မှုလည်း ရှိ သည့်အတွက် ၁၂ နှစ်သာ အပြစ်ပေးခဲ့ကြော င်း၊ အခြား အရွယ်မရောက်သေးသော လူင ယ်နှစ်ဦးမှာလည်း အပြစ်ဝန်ခံပြီး နစ်နာသူကို လည်း တောင်းပန်သည့်အတွက် ပြစ်ဒဏ်ကို ရွှေ့ဆိုင်းပေးခဲ့ကြောင်းလည်း ဖော်ပြထားသ ည်။ တရားရုံး၏ ဖော်ပြချက်အရ ယင်းပြစ်မှုမှာ အ မှန်တကယ် ကျူးလွန်ခဲ့ကြောင်း ပေါ်လွင်သည် ဟု ယူဆရသည်။ သို့သော် တရုတ်ရဲ သုတေသ န အရာရှိ တစ်ဦးက အများပြည်သူ၏ ဒေါသ မှာ ယခုအမှုတွင် သက်ရောက်မှုရှိကြောင်းြေ ပာခဲ့သလို တရုတ်ဆိုရှယ် မီဒီယာ သုံးစွဲသူ တ စ်ဦးကလည်း "အများပြည်သူ ထင်မြင်ချက်က ဥပဒေကို လမ်းလွဲပို့နေတာကတော့ တရုတ်နို င်ငံ ဥပဒေစိုးမိုးမှုမှာ အတားအဆီး အနှောင့် အယှက် တစ်ခုပဲ" ဟု ဖော်ပြခဲ့သည်။ လီတိန် ရီ၏ ရှေ့နေကလည်း နှုတ်ဖြင့် သက်သေထွက် ချက်ဖြင့် အမှုကို ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းမှာ တရားမျှတမှု မရှိဟု ဆိုခဲ့သည်။ မည်သို့ဆိုေ စ ယခုအမှုတွင် အများပြည်သူ၏ ထင်မြင်ချက် က ဥပဒေကို လွှမ်းမိုးသည်ဟု မြင်သည့်သူများ ရှိသည်ဆိုသည့်တိုင် တရားရုံး အနေဖြင့် ဥပေ ဒနှင့် အညီနှင့် မျှမျှတတဖြစ်ရန် ကြိုးစားဆော င်ရွက် ခဲ့သည်ဟု ယူဆစရာ ရှိနေသည်။ လီတိ န်ရီသည် အသက်ပြည့်ပြီးသူ ဖြစ်ကြောင်း မီဒီ ယာက သက်သေပြချက် ဖိအားရှိနေသည့်တိုင် တရားရုံး၌ ထိုသို့စစ်ဆေး တွေ့ရှိချက် မပေါ်ေ ပါက်သည့်အတွက် အရွယ်မရောက်သေးသူ အဖြစ်သာ စစ်ဆေးခဲ့ပုံ ပေါ်သည်။ သို့သော်ြ ပစ်ဒဏ်ဆယ်နှစ်မှာ နည်းလှသည်ဟု မဆိုသာ ပါ။ သို့ရာတွင် တရုတ်မျက်မှောက် လူ့အဖွဲ့အစ ည်းကို မယုံကြည်နိုင်သူ ပြည်သူအချို့က "ဒီကောင် ဆယ်နှစ်လည်း မနေပါဘူး။ မကြာခင် ပြ န်လွတ်မှာ" ဟု ပြောနေကြဆဲ ရှိသည်။ မည်သို့ဆိုစေ အာဏာနှင့် ငွေကြေးအရှိန်အ၀ါ မြင့်သူတို့၏ ဒုတိယ မျိုးဆက်က အခွင့်ရေးယူ ရမ်းကားခြင်း၊ ဥပဒေ၏ အထက်က ရှိနေတ တ်ခြင်းတို့ကို ကြုံရပါများပြီး သည်းမခံနိုင်အောင် ဖြစ်နေသော အများပြည်သူ၏ ဖိအားမည် သို့ ရှိသည်ပဲဖြစ်စေ အများပြည်သူကို တောင်း ပန်ခဲ့သော တေးသံရှင် ဗိုလ်ချုပ်လီရှောင်ဂျင်း ၏ အများပြည်သူအပေါ် တန်ဖိုးထား လေးစား ရကောင်းမှန်း သိမှုနှင့် တရားရုံးက မည်သည့် ဘက်ကိုမျှ တစ်ဖက်သတ် ဖိနှိပ်မှုမပြုဘဲ ဥပေ ဒအတိုင်း ဆောင်ရွက်ခဲ့မှုတို့ကို အသိအမှတ်ြ ပုရမည်သာ ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံဟု တရားဝ င် ဆိုထားပြီး ဒီမိုကရေစီ နိုင်ငံပါဟုလည်း မ ဆို။ ပါတီစုံ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသော အစိုးရလည်း မဟုတ်ပါ။ ထို့ပြင် အများပြည်သူ၏ လွတ်လပ်စွာ ပြောဆိုရေးသားခွ င့်အတွက် မေးခွန်းအထုတ် ခံရတတ်သော နို င်ငံမျိုးလည်း ဖြစ်သည်။ သို့ရာတွင် ယခုသတ င်းကို ဖတ်ရသောအခါ တရုတ်ဗိုလ်ချုပ် တစ်ဦး က အများပြည်သူ၏ ထင်မြင်ချက်ကို အလေး ထားပြီး မိမိအပြစ်ကို ၀န်ခံကာ မိမိသားအတွ က် တောင်းပန်ရန် ၀န်မလေးပုံ၊ သားအသက် ကို လိမ်သည်မှအပ အခြားပိုမို လွယ်ကူသော တရားရုံးကို စွက်ဖက်လွှမ်းမိုးခွင့် ဗိုလ်ချုပ်လီေ ရှာင်ဂျင်း ရနိုင်ခြင်းရှိဟန် မတူပုံနှင့် တရားရုံးကလည်း အများပြည်သူ၏ အမြင် (Public Opinion) နှင့် ဥပဒေ စိုးမိုးမှု (Rule of Law) တို့ကို ချိန်စက်ဆောင်ရွက် နိုင်ပုံတို့ကို လေးစားဖွယ်အဖြစ် မြင်ရပါသည်။ အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံပါဟု ဆိုနေသော အာရပ်ေ နွဦး တော်လှန်ရေးဝင် နိုင်ငံများ၊ အထူးသဖြ င့် အီဂျစ်လို နိုင်ငံမျိုးနှင့် ကမ္ဘာ့အခြား ဒီမိုကေ ရစီ အမည်ခံထားရာ နိုင်ငံမျိုးများတွင် ရိုက်နှ က်ရမ်းကားမှု လွန်ကျူးပြီး ပြည်သူကို စော်ကားစိန်ခေါ်ခဲ့သော သားမျိုးအတွက် မိမိမှာ တာဝ န်ရှိပါသည်ဟု တောင်းပန်သော ဗိုလ်ချုပ်မျိုး မြ င်ရနိုင်ပါ့မလားဟု စဉ်းစားတွေးတော နေမိ သည် ဆိုပါလျှင်။ Eleven media group မှ ကူးယူဖော်ပြပါသည် ။ ပိုင်ကြီး
Posted on: Tue, 01 Oct 2013 22:11:16 +0000

Trending Topics



Recently Viewed Topics




© 2015