ဘလော့ မှတ်စု Blog - TopicsExpress



          

ဘလော့ မှတ်စု Blog လေးကိုတတ်လို့လုပ်ထား ခြင်းမဟုတ်ပါဘူး ခင်ဗျာ..။ မှတ်စုသဘောမျိုးလေးကိုယ်နှစ် သက်ရာလေးများကိုစုဆောင်း ထားချင်တဲ့ အတွက်သာလုပ် ထားခြင်းဖြစ်ပါတယ်ခင်ဗျာ..။ Blog တခုရဲ့ အင်္ဂါရပ်တွေနဲ့ မပြည့်စုံတဲ့ဒီ Blogလေးကို လာရောက်လည်ပတ်သွားတဲ့ မိတ်ဆွေအားလုံးကိုကျွန်တော် ကျေးဇူးတင်ပါတယ်ခင်ဗျာ..။ ပင်မစာမျက်နှာ ဆောင်းပါး ဘာသာရေး မှတ်သားဖွယ်ရာ ကဗျာ ရသ စာကြည့်တိုက် ဖျော်ဖြေရေး ပရဟိတအလှူ Saturday, March 31, 2012 သိမ်ဒါယိကာ ကျွဲပေါက်ကြီး မွန်ပြည်နယ် ၊ ဘီလင်းမြို့ နယ်တွင်ပါဝင်သည့် ၀င်ကရွာမှာပင်လယ်ရေပြင်နှင့် ၁၁၈၁ -ပေမြင့်သည် ၊ကေ လာသစေတီတော်ကြီးကိုဖူးမြင်နိုင်သည်။ ကေလာသစေတီတောင် တော်ခြေရင်းတွင်မုဆိုးကြီးဦးတောင် ပိုင်ကိုအကြောင်းပြု၍ ကျေးရွာအတွင်း အမှန်တကယ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာပင်ဖြစ်ပါချေ၏ ။ “ ဒကာကြီးသိမ်ဆောက်ဖို့ ငွေကြေးပြည့်စုံပြီးလား ” တစ်ခုသောဥပုသ်နေ့ တွင်ရဟန်းဒါယကာကြီး ဦးမွန်တော်ကို အများပရိတ်သတ်ရှေ့ တွင် ကျောင်းထိုင်ဆရာ တော်ဘုရာကြီးကမေးမြန်းလိုက်ခြင်းပင်ဖြစ်သည်။ “ပြည့်စုံပါပြီးဘုရား၊ တပည့်တော်မတည်ငွေ ၃၀၀ကျပ်နဲ့ ခုနှစ်ရက်သားသမီး အလှူငွေ ၁၃၅ကျပ် ရပါပြီးဘု ရား” (ထိုခေတ်က၀န်ထမ်းတစ်ယောက်လစာမှာ ၆-ကျပ်မျှသာရှိသည် ဟုဆိုသည် ) “အိမ်း...........ဒါဆိုလည်းဂေါပကအဖွဲ့ နဲ့ ညှိပြီး ၊နေရာအတွက်မြေသန့်မင်္ဂလာလုပ်ဖို့ ၊ သိမ်နှုတ်ဖို့ ၊ သိမ် ပယ်ဖို့ တွေစီစဉ်လိုက်ကွယ်။သံဃာ ၂၇-ပါးပင့်မယ် ၊ ဆွမ်း၊ကွမ်း မလစ်လပ်စေနဲ့ ” “တင့်ပါ့ဘုရား” သည်လိုနှင့်သိမ်တည်ဆောက်ရန်ဒယကာကြီး ဦးမွန်တော်မှာစီစဉ်ဆောင်ရွက်နေဆဲ ၊ တိုင်းပြည် မငြိမ်မ သက်ဖြစ်သည်ကိုအခါင့်ကောင်းယူ၍ တောမီးလောင် တောကြောင့်လက်ပမ်းပေါင်းခတ်သကဲ့သို့ ရွာကို ဓားပြများဝင်စီးသည်ကိုခံကြရသည်။ ၁၉၅၀-၀န်းကျင်ဖြစ်၍ ရောင်စုံသူပန်များကလည်းမင်းမူနေချိန်၊ အဓိ ကထားဓားပြအတိုက်ခံရသည်က ရွာသူကြီးဦးမွန်တော်၏ အိမ်ပင်ဖြစ်သည်။ တစ်သက်တာ စုဆောင်း ထား ရှိသမျှအားလုံးဓားပြလက်ထဲပါသွားသည့်အပြင် သိမ်ဆောင်ရန် အလှူငွေပါ မကျန်ခဲ့ဟုသိရသည်။ ထိုကတည်းက ဦးမွန်တော်က တို့ မိသားစု သထုံမြို့ သို့ ပြောင်းရွေ့ အခြေချနေထိုင်ပြီး ၊ လယ်ယာများကိုလူ ယုံတော်များနှင့်သာစီစဉ်ထားရှိခဲ့သည် ။ ၁၉၆၀-ခုနှစ်တွင် ရဟန်းဒကာ ၊ ကျောင်းဒကာကြီးဦးမွန်တော်ကွယ် လွန်ခဲ့သည်။ သည် ဇာတ်လမ်းက သည်သို့ ဆိုလျှင်ဘာမှ ဆန်းကြယ်စရာအကြောင်းမရှိပါပေ ။ သို့ သော်........... “ဟေ့ မွတ်တား ၊ ငါ ဟိုတစ်ေ န့က၀ယ်လာတဲ့ ကျွဲပေါက်ကြီးကိုပေါ်ကွာ” ”ဟာဆရာသမားကလည်းတခြားကောင်တွေလုပ်ပါ ၊ ဒီကောင်ကြီးကသစ်ဆွဲမယ့် သူတွေဆိုဈေးကောင်း ရနိုင်တယ် ” ”အေးလေ ...ငါလဲသိတာပေါ့ ၊ အခုဟာက အော်ဒါမှာထားတာကွ ။ ငါမှာရှိတာကနွားပိန်မနှစ်ကောင်နဲ့ နို့  စို့ နွားလေးတစ်ကောင်ပဲခြံထဲရှိတာ ၊ ငါမနေ့ ကထပ်ရှာတာ မရတော့....မတတ်နိုင်ဘူးလေ ။ အဲဒီကောင် ကြီးပဲချကွာ ” ”ဟုတ်....ဟုတ်ကဲ့ဆရာသမား” ”ဟေ့ ....ကျွဲကြီးနဲ့ ငနက်လာကွာ ” ဟုပြောရင်းဆိုရင်းနွားသတ်သော ဓားကောက်ကိုကိုင်၍ မွတ်တား ဆို သောလူထွားကြီးကခြံထဲသို့ ဆင်းသွား ခဲ့သည်။ လိုအပ်သော ပစ္စည်းများယူ၍လိုက်လာသည့် ကျွဲကြီး ခေါ် ငကျွဲနှင့် နက်ကျော် ခေါ်ငနက်တို့ က ပါ လာခဲ့သည်။ သူတို့ အဖို့ တစ်နေ့ ...တစ်နေ့ ကျွဲ ၊ နွား ၃-၄-ကောင်ပေါ်နေရသဖြင့် သည့်အလုပ်က ထမင်း စားရေသောက်မျှသာ။ “ကဲ မင်းက နဖားကြိုးဆွဲပြီး ခုံပေါ်ဆွဲခဲ့ကွာ ” ”သြော်...အေး” ဟုဆိုကာ နက်ကျော်ထွက်သွားသည်။ “ဟာ” “ဟေ့...မွတ်တား ၊ ဒီကောင်ကြီးကမျက်ရည်တွေ ကျနေပါလား၊ နေမကောင်းဘူးလား မသိဘူး” “အိုကွာ...ဘာဖြစ်ဖြစ်ဆွဲသာလာခဲ့” ဟုမွတ်တားဖြေသံကြားရ၍ နက်ကျော်နဖားကြိုးကို ကောက်ဆွဲလိုက်သည်။ “ ဟ .... ရုန်းလှချည့်လား ” “ ဟာ .. ဟာ ငါ့ကိုလှည့်ခတ်နေပြီ ၊ လာကြဦးကွ” “ နဖာကြိုးမလွတ်စေနဲ့ ” “ဟေ့ ..ကောင် မင်းခြေတောက်နင်းခံရမယ် ။ သတိထား ” ခဏခြင်းပင်ပွတ်လောရိုက်သွားသည် ။ သုံးယောက်နှင့်တစ်ကောင်ထိန်းမရ။ “ဟာ .. နဖားကြိုးပြတ်သွားပြီ” “လိုက်...လိုက် ဟိုမှာခြံဝကို ပြေးပြီး” ခြံထဲမှရုတ်ရုတ်သဲသဲ အသံကြောင့် သားသတ်လိုင်စင်ရ ဦးမူဆာ အိမ်ပေါ်ကဆင်းလာသည် ။ သူတွေ့ လိုက် ရသည်က တစ်ရှိန်ထိုး ထွက်ပြေးလာသော ကျွဲပေါက်ကြီး ၊ သူ့ နောက် ကသူ့ တပည့် သုံးယောက် ။ “ဟေ့....ဟေ့ မြို့ထဲဆက်မပြေးစေနဲ့ ၊ ရှေ့ ကပြေးပိတ်” သူကမည်သို့ သတိပေးနေသော်လည်း ကျွဲပေါက်ကြီး ပြေးနေသည်က သထုံမြို့ နယ်ထဲဘက်ဆီသို့ သာ...။ ဆရာတော်ဦးဇာဂရသည် ဒါယကာကြီး ဦးမွန်တော် ၆-နှစ်ပြည့်ဆွမ်းကျွေးသို့ တစ်ကူးတစ်က လာရောက် ပင့်ထားသဖြင့် မနေ့ ကတည်းက သထုံရွှေ စာရံဘုရားအနီးတဲကျောင်းသို့ ရောက်ရှိနေခဲ့သည်။ မနက်၅:၃၀ တွင်အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သဖြင့်သံလ၁ လာတောက်သော ကပ္မိယနှင့်အတူ ဈေးလမ်းအ တိုင်း ဘုံကျောင်းလမ်းဘက်သို့ ကြွလှမ်းလာခဲ့သည်။ ထိုစဉ်မှာပင် လူအများရုတ်ရုတ်သဲသဲဖြင့်ပြေးကြ၊ လွှား ကြ၊ဆူညံအော်ဟစ်သံများ ကြားလိုက်ရသည်။ဈေးတောင်းများ ၊ ဈေးပန်းများ ပစ်၍ ပြေးလွှားနေကြသော ဈေးသည်များ ၊ ဈေးဝယ်သူများကိုဆရာတော် ခေတ္တာမျှရပ်၍ လေ့လာကြည့်နေခဲ့သည်။ ထိုစဉ်ကပ္မိယမှ “ဆရာတော်ဘုရား......ဘေးကပ်တော်မူပါဘုရား၊ ဟိုမှာကျွဲတစ်ကောင်လွှတ်လာလို့၊ အန္တာရယ်ကင်း အောင် ဘေးကပ်နေတော်မူပါ ဘုရား ” ”သြော်အေးအေး ” ဟု ဆရာတော်ကအမိန့် ရှိသည် ။ ထိုအချိန်မှာပင် သားသတ်ရုံမှ လွတ်လာသော ကျွဲပေါက်ကြီးသည် ကဒုန်းစိုင်းပြေးလာပြီ....... ဆရာတော် ဦးဇာဂရကိုမြင်လိုက်သည့်နှင့်တုန့် ကနဲ့ ရပ်တန့် သွားသည် ။ ရှေ့ ခွာနှစ်ခုသည်ပင်အရှိန်ကြောင့်လျောသွားပြီး ၊ ဆရာတ်ေရှေ့အရောက်ဒူးတုပ်လျက်ရောက်လာခဲ့သည်။ ကျွဲပေါက်ကြီး၏ မျက်ဝန်းနှစ်ခုမှာ အသနားခံနေသည့်ပမာ ။မျက်ရည်တွေက လည်း ယိုစီးကျနေသည် ။သိပ် မကြာ သားသတ်သမား ၃-ယောက် ရောက်လာခဲ့သည် ။ အကျိုးအကြောင်းမေးမြန်းသိရှိသွားသော ဆရာ တော် ဦးဇာဂရက ချက်ခြင်းပင်ကျွဲပေါက်ကြီး အသက်ကိုကယ်ရန် ဆုံးဖြတ်လိုက်သည် ။ သူတွင့်ပါလာသော ၀တ္တုငွေနှင့် ဈေးသူ ၊ ဈေးသားများ ထည့်ဝင်ငွေပေါင်း၍ ကျွဲပေါက်ကြီး ကို သားသတ်မားလက်မှ ကယ်ဆယ် လိုက်တော့သည်။ ထိုစဉ်ကသထုံမြိဲု့ လေးသည် ယခုလောက် လူဦးရေ မများပြားသေးပေ ။ ထို့ကြောင့်လည်း ဤသတင်းကိုကြားရသည်နှင့် ထေရ၀ါဒဗုဒ္ဒဘာသာဝင်များပီပီ တတ်စွမ်းသမျှ ၀တ္တုငွေပါဝင်ကုသိုလ်ယူကြ သည်မှာဆရာတော်ဦးဇာဂရ ၊ ဦးမွန်တော် ၆-နှစ်ပြည့်ဆွမ်းကျွေးတရားဟောပြီးသည့်တိုင်၊ ဦးမွန်တော်အိမ် ရှေ့ တွင်ပရိသတ်ကြီးကမဆဲသေး.......။ “ဘုန်းဘုန်းဘုရား ....တပည့်တော်စားလိုက် ၊ အိပ်လိုက်နဲ့ မနေလိုပါဘုရား ၊ ဆရာတော် ဆောက်လက်စမ ပြီးသေးတဲ့ တိမ်တော်ကြီး အတွက်တတ်အားသ၍ လုပ်အားဒါန ပါဝင်လိုပါတယ်ဘုရား ။ တပည့်တော် ကို သစ်ဆွဲခွင့်ပြုပါ ” ဟုကျွဲကြီးက အိမ်မက်ပေးလာသည် ။ ဆရာတော် သဘောအရတိရစ္ဆာန်များကိုမညှင်းပန်းလို့ ၊ မကြာခဏ အိမ်မက်ပေးလာတော့ တိရစ္ဆာန်ဘ၀ မှအကုသိုလ်ကံကြွေး လျော့ပါးစေခြင်းဌာ သစ်ဆွဲ ဆင်ပိုင်ရှင် ဦးလွမ်းနှင့်ညှီနိုင်းပြီး ၊သစ်ဆွဲ ခွင့်ပြုခဲ့ရတော့ သည် ။ ထူးတော့တော်တော်ထူးပေသည် ။ တခြားကျွဲတွေထက် ပိုပြီး အလုပ်ပိုလုပ်သည် ။ ခိုခိုကပ်ကပ် လုံး ၀မရှိ ၊ ဆရာတော်ကြီး ပေးထားသော သိမ်ဒကာကြီးဟုခေါ် လျင် အလွန် သဘောကျသည်ဟန်ရှိသည် ။ မနက် ၆ ၊ ည ၆ သစ်ဆွဲရ၍ နေ့လည်တွင် ၁ -နာရီခန့် နားရသည် ။ ဒါပေမယ့် သိမ်ဒကာကြီး ကတော့လို အပ်သလို ဆက်ခိုင်းလို့ ကတော့ တစ်ခါမျှရန်းကန်ခြင်းမရှိ ၊ စိတ်လို လက်ရလုပ်သည်သာ ...... ။ ထို့ ကြောင့်လည်း သစ်ဆွဲလုပ်ငန်းရှင်များသာ “သိမ်ဒကာကြီး”ကိုဈေးကောင်းပေး၍ ဌားရမ်းကြသည်။ အ လုအယက်ဈေးပိုပေးကြသဖြင့် သစ်ဆွဲဆင်လောက်နီးပါး ဈေးကောင်းရပေသည် ။ တချို့ ဆိုလျှင် အပိုင်ဝယ် ယူလို၍ဆရာတော်အား လာရောက်လျှောက်ထားသူများရှိသည် ။ သို့ သော် ဆရာတော် ကမိန့် သည်မှာ - “သိမ်ဒကာကြီး ကိုသိမ်အဆောက်အဦးပြီးတာနဲ့ရေစက်ချပြီး ၊ သူ့ ကို ဘေးမဲ့ပေးမှာပါ၊ ရောင်းဖို့ ဆိုတာတော့ မဖြစ်ပါဘူး ” ဒါကြောင့်လည်းနောက်ဆုံး “ သိမ်ဒကာကြီး ” ကိုသစ်ဆွဲချိန်အမှီဈေးကောင်းပေး ၍အလုအ ယက်ဌားရမ်းကြရသည် ။ သည်လိုနှင့် ၃- နှစ်အတွင်းဆရာတော် ဦးဇာဂရ ၏ သိမ်တော်ကြီးသည် ကျေနပ် အားရဖွယ်ကောင်းလောက်အောင်သေသပ်ခန့် ညားစွာအောင်မြင်ပြီးစီးသွားခဲ့ပေတော့သည် ။ ၁၉၆၀ -ခုနှစ် ၊ ပြာသို့ လပြည့်နေ့  ။ သိမ်တော်ကြီးရေစက်ချပွဲ ။ အထက်အညာဒေသမှာနာမည်ကျော်ဓမ္မကထိကများကတရားဓမ္မလာရောက်ချီးမြင့်ကြသည်မှာခုနှစ် ရက် ၊ ခုနှယ်လီ ပြည့်ခဲ့ပေပြီ ။ ညတရားပွဲတိုင်း ရိုသေတုဝပ်စွာမဏ္ဍပ်အလည်မှာ တရားနာနေသည်က ထူးထူး ခြားခြား “သိမ်ဒါယကာ” ကျွဲပေါက်ကြီး ။ ယနေ့  နံနက် ၁၀-နာရီ သိမ်ရေစက်ချပေတော့မည် ။ မည်သူက မျှမခေါ်၇ဘဲမဏ္ဍပ်ထဲဝင်လာသည့် “သိမ်ဒါယကာကြီး ” ကိုလူတိုင်းက လမ်းဖယ်ပေးကြသည် ။ သူကျော့ပေါ် တွင် ကဗ္မလာအနီလွှမ်းခြုံထားသည် ။ ပလ္လင်အနီး ရိုသေတုပ်ဝပ်စွာ ဦးခေါင်းကိုမြေပေါ်မှေးတင်ထား၍ ဆရာ တော်ကို ဖူးမျော်သည်မှာ လူတိုင်းအဖို့ ထူးခြားဆန်းကြယ် ၊ ပြောမဆုံးပေါင် တောသုံး တောင်ဖြစ်နေရပေ တော့သည် ။ ဆရာတော်ဦးဇာဂရ၏ တရားပွဲအပြီး ၊ ရေစက်ချ အမျှဝေသည်။ သိမ်ဒါယကာ ကျွဲပေါက်ကြီး သည် ဦးခေါင်းကိုအနည်းငယ်ကြွ၍ သုံးကြိမ်သုံးခါ ခေါင်းငြိမ့်သာဓုခေါ်ဟန်ပြပြီး ၊ ရုတ်ရက်ငြိမ်သက်သွားလေ သည်။ ကြေးစည်ရိုက်သံကစည်ဝေနေသည်။ ပရိတ်သတ်ကလည်း ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေ ကြ သည်။ သိမ်ဒါယကာကြီးကား မတုန်မလှုပ် ၊ နေရာကမရွေ့  ။ ကျောက်ရုပ်ကြီးပမာ ။ ဆရာတော် ဦးဇာဂရ ကိုယ်တိုင်အနီးကပ်၍ “ သိမ်ဒကာကြီး ထတော့လေ ” ဟုဆိုသော်လည်းမလှုပ်မရှား ။ ငြိမ်သက်စွာ တုပ် ၀ပ်နေလျက်ပင် ။ သေသေချာချာလေ့လာတော့မှ အသက်မရှိတော့ပါတကား ။ ************* “ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား ” “ဟင်......မင်း ” ” ဟုတ်ပါတယ် ဘုရား ၊ တပည့်တော်ဆရာတော့် ရဟန်းဒါယကာကြီးဦးမွန်တော်ပါဘုရား ” ”အေးအေး ...အခုလိုချမ်းချမ်းသာသာအရောင်အဆင်း တောက်တောက်ပြောင်ပြောင်နဲ့ အဆင်းရနံသင်း ထုံနေတဲ့နတ်သားအဖြစ်မြင်ရတာဝမ်းမြောက်ပါတယ်ကွယ် ” “ဒါကလဲဆရာတော်ကျေးဇူးကြောင့်ပါဘုရား” “တကယ်တော့တပည့်တော်တို့ ရွာကိုဓားပြတိုက်စဉ်ကသိမ်ဆောက်မယ်ငွေတွေပါမသွားပါ ဘုရား ၊ တပည့် တော် ရွှေ ၊ ငွေ တွေသာအကုန်ပါသွားပါတယ် ၊ ဒါပေမယ့်ဝတ္တုငွေပေါကြွယ်စဉ်ကမဖောက်ပြန်ခဲ့တဲ့ တပည့် တော်ဟာဓားပြတိုက်ရာမှာသီးခြားနေရာမှာထားလို့ ကျန်ခဲ့တဲ့သိမ်ဆောက်မယ့်ငွေတွေကိုအရင်းပြုပြီး ၊ ဘ ၀ကိုနောက်တစ်ကြိမ်ချမ်သာဖို့ ကြိုးစားခဲ့တာပါ ဘုရား ၊နောက်စုဆောင်းပြီးမှ သိမ်ဆောက်မယ်လို့ စဉ်စား ခဲ့ပေမယ့် သေသာသေခဲ့တယ် ၊ တပည့်တော်အကုသိုလ်ကြွေးတွေနဲ့ ပေါ့ဘုရား ” “ဒါကြောင့်လည်း ဘုရားပစ္စည်း ၊ သံဃာ့ ပစ္စည်း ၊ သာသနာပစ္စည်း မတရားယူခဲ့မိလို့ တပည့်တော်ကျွဲဘ၀ နဲ့ ဆရာတော်ဆီမှာရောက်ခဲ့ရတာပါဘုရား...ယခုတော့တပည့်တော်ရဲ့ အကုသိုလ်အကြွေး ကုန်ခဲ့ပါပြီးဘုရား တပည်တော့်လိုအဖြစ်မျိုး နောင်မဖြစ်ရအောင်ဆရာတော်လူပရိတ်သတ်ကိုဆုံးမပေးတော်မူပါဘုရား ” ”အေး...အေး...အေး ၊ သာဓု......သာဓု ...... သာဓု” (အရှင်ဓမ္မရက္ခိတ) ************************ အခုလို ပြန်လည်မျှဝေလိုက်တာ ဟာ စာဖတ်သူနောက်တစ်ခုခုပါသွားစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ပါ...။ Posted by ရာဇာထွေး at 1:04 AM Email ThisBlogThis!Share to TwitterShare to Facebook Labels: ဖြစ်ရပ်မှန် 7 comments: ရင်ဆူးMarch 31, 2012 at 2:10 AM ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖတ်သွားပါတယ်ဗျာ......သင်ခန်းစာတွေပေါ့ဗျာ..... Reply ချမ်းမင်းကို(ပဥာက်)March 31, 2012 at 2:11 AM မှတ်သားစရာလေးပါပဲ Reply စံပယ်ချိုMarch 31, 2012 at 2:44 AM စာဖတ်သူများအားလုံးကိုမျှဝေပေးသင့်တဲ့ ဖြစ်ရပ်မှန်လေးပါရှင် Reply ချစ်စံအိမ်March 31, 2012 at 5:44 AM အကိုရေ လာဖတ်သွားပါတယ်.... Reply nayminMarch 31, 2012 at 9:11 PM ကျေးဇူးပါဗျာ.... စာဖတ်နေတဲ့အချိန်လေးအတွင်းမှာတော့ လောဘ ၊ ဒေါသ ၊ မောဟလေးတွေကင်းကွာသွားခဲ့ရပါတယ်...:) Reply အလွမ်းမြို့March 31, 2012 at 9:19 PM ရာဇာလေးရေ.. မကြီးလွမ်းလာခဲ့တယ်နော်။ ဟိုနေ့က ဘလော့ထဲ မျောက်ဝင်သွားလို့ ပျောက်သွာတား..အဟီး အကောင့်ရှိရင် ပေးထားဦး.. ဘလော့မိတ်ဆွေတွေ အနေနဲ့ပေါ့။ ခင်မင်တဲ့ အလွမ်းမြို့ Reply ဇော်March 9, 2013 at 8:03 AM စာဖတ်သူများအားလုံးကိုမျှဝေပေးသင့်တဲ့ ဖြစ်ရပ်မှန်လေးပါ လာဖတ်သွားပါတယ် Reply Load more... Links to this post Create a Link Newer Post Older Post Home တင်ပြီးသမျှ ပို့စ်လေးများ “ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ... “ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..” Color Code ယူရန်: မြန်မာပြက္ခဒိန် ၂၀၁၃-နိုဝင်ဘာ-၁ ၊ သာသနာ သက္ကရာဇ် ၂၅၅၇ ခု၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခု၊ သီတင်းကျွတ် လဆုတ် ၁၃ ရက်၊ သောကြာနေ့၊ အဖိတ်၊ သမားညို၊ အရှေ့ အရပ်သို့ နဂါးဦး လှည့်၏။ ဒေသစံတော်ချိန်များ မလေးရှားစံတော်ချိန် မြန်မာစံတော်ချိန် နှစ်သက်မိသော သြ၀ါဒလေးများ အမြဲတမ်းရှိတတ် တဲ့ နေရာလေးများ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ၀ သ ဟ ဠ အ လိုအပ်တာလေးများယူရန် လာရောက်လည်ပတ်ကြသူများ free counters အသစ်တင်တိုင်းပို့ပေးပါမယ်ခင်ဗျာ Emailလိပ်စာလေးထားခဲ့ပေးပါ။ Enter your email address: Delivered by FeedBurner အမြဲသွားရောက်လေ့ရှိတဲ့ ဘာသာရေး ဆိုက်လေးများ ဝီရဓမ္မ နတ်ကိုးကွယ်ခြင်း အစစ်အမှန်-ဖြေရှင်းချက် 1 day ago Buddha FM Buddha FM Youtube Channel 1 week ago ဆန်နီနေမင်း ကောင်းတာပေးမှ ကောင်းတာရ 3 weeks ago မျိုးဆက်သစ်အရှင် တစ်ယောက်ထဲ တည့်အောင်နေ 4 months ago မင်္ဂလာသတင်းစဉ် လစဉ် ဟောစာတမ်း ( မေလ-၂၀၁၃ ) 5 months ago Show All အမြဲသွားရောက်လေ့ရှိတဲ့သတင်းဌာနလေးများ International news for myanmar လူ့အသက်ကယ်ခဲ့တဲ့ HTC Evo 3D 8 hours ago ဦးဇော် စကားနောက် တရားပါ 14 hours ago အောင်လေး နည်းပညာ (နှင့်) ပေါ်ပြူလာသတင်းများ အသုံးဝင်Softwaresများစုစည်းထားတဲ့ Tawwinminntharlay Software collection (For PC) 1 day ago အောင်သက်ခိုင် နေအိမ်ကိုပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဆိုတေးကို သတင်းသွားမေးကြသူအနုပညာရှင်များ 2 days ago D.မိုးသား သက်ဆိုင်သူများသို့ 2 days ago Show All အမြဲသွားရောက်လေ့ရှိတဲ့နည်းပညာဘလော့လေးများ မောင် (စွယ်စုံကျမ်း) Topaz Clean v3.0.2 For All Win (21 MB) 24 minutes ago အမျိုးကောင်းသား Google Earth Pro 7.1.2.2041 +Portable (25+28 MB) 1 hour ago Pyae Phyo (MMiTD) Command Prompt Basics (Ethical Hacking) 2 hours ago ဘလော့ခရီးသည် Skype 6.10.0.104 Free Download + Skype အသုံးပြု့နည်း 5 hours ago ညီနေမင်း(နည်းပညာ) PHOTOSHOP 1 day ago Show All အမြဲသွားရောက်လေ့ရှိတဲ့နှစ်သက်မိသောနေရာလေးများ နှလုံးသား ဒိုင်ယာရီ အဖြည့်ခံ 5 hours ago ♥♥♥♥♥ ♥♥♥♥ ဘဝမှာ အလိုအပ်ဆုံးက အရိုးသားဆုံး နေထိုင်ဖို့ပါဘဲ... ♥♥♥♥♥♥ ♥♥♥♥ အဋ္ဌကထာစာအုပ်အလှူရှင်များသို့ 7 hours ago မဗေဒါရဲ့ ဗေဒါလမ်း K-Dramas Titles in English VS မြန်မာ 9 hours ago စိမ့်စမ်းရေ ထိပ်ပြောင်နေသူများနှင့် နေရာကွက်၍ ဆံပင်မပေါက်သူများအတွက် 2 days ago စံပယ်ချို အတွေးရခက်နေခြင်း အပိုင်းအစ 2 days ago တတိယမြောက်သမီးတော် မြောက်ဦး ဆရာတော်ဘုရား၏ သြ၀ါဒ ကထာ 3 days ago ☺ ထာဝရသစ္စာ ☺ ပန်းသခင်ထံ 5 days ago အလှသစ္စာ ပန်းပွင့်များ မြတ်နိုးမှုလက်ဆောင် 6 days ago နေမင်းဇွဲမာန် ကမ္ဘာတစ်ဝှမ်းမှ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများ.......... 1 week ago ♥ ♥ MY GREEN LIFE ♥ ♥ ချန်ရစ်မိသော ပန်းတစ်ပွင့်အကြောင်း ~~~ 1 week ago Show All နည်းပညာဆိုက်များ နည်းပညာဆိုက်များ မိုးသကြား ညီနေမင်း( နည်းပညာ ) အမျိုးကောင်းသား မောင်(စွယ်စုံကျမ်း) blog နည်းပညာ IT Blogger KP-3 နည်းပညာ mmwordpress Myanmar IT phpmyanmar SB-Sangpi ကိုဇော် ဘုရင့်နောင် မိုးထက်မြင့်(နည်းပညာ) ကျော်မြင့် ဦး(နည်းပညာ) နေမင်းမောင် (နည်းပညာ) မောင်ပညာ အော်တိုကတ်နည်းပညာ Posts Comments Labels donation (8) E-book (2) Flashsong (5) Game (10) softwar (1) Submit (1) ကဗျာ (9) ဆုတောင်း (2) တဂ်ပို့စ် (1) တရားတော်များ (15) ဓါတ်ပုံ (19) ဘာသာရေး (25) မှတ်သားဖွယ်ရာ (22) ရသ (16) သတင်း (1) ဆောင်းပါး (10) ဗေဒါလမ်းကဗျာစုများ (2) မွေးနေ့ဆုတောင်း (1) လောကနီတိ (20) ပြည်တွင်းသတင်း (2) ဖြစ်ရပ်မှန် (1) Blog Archive ▼ 2012 (142) January (23) February (28) March (51) April (14) May (1) June (2) July (6) August (13) September (1) October (2) December (1) ► 2013 (31) ကြည့်ရှုကြိမ်ပေါင်း 39333
Posted on: Thu, 31 Oct 2013 17:34:49 +0000

Trending Topics



Recently Viewed Topics




© 2015