ဘက်စုံလုပ်ငန်းသုံး Isuzu ISUZU - TopicsExpress



          

ဘက်စုံလုပ်ငန်းသုံး Isuzu ISUZU REACH VAN Reach Van ၏ အသုံးကျယ်ပြန့်မှု Reach Van ၏ ထူးခြားသော ဖွဲ့စည်းမှုလက္ခဏာကြောင့် စီးပွားရေး လုပ်ငန်းရှင်များသည် Box ဘော်ဒီ ထရပ်ကားများထက် ပို၍ကြိုက်နှစ် သက်ကြသည်။ Reach Van ၏တီ ထွင်မှုစိတ်ကူးဒီဇိုင်းကိုက စီးပွားရေး ဘတ်စုံသုံးသယ်ယူပို့ဆောင်ရေးယာဉ် အဖြစ် ရေးဆွဲထုတ်လုပ်ထားခြင်းဖြစ် သည်။ ထို့ကြောင့် Reach Van ၏ ဒီဇိုင်းကို Ingenious Design ဟု ခေါ်ဆိုခြင်းဖြစ်သည်။ Reach Van သည် အသုံးပြုရ လွယ်ကူလျင်မြန်သည်။ ကျစ်လျစ်သိပ် သည်းမှုရှိသည်။ အမျိုးမျိုးပြောင်း လွယ် ပြင်လွယ် (Flexibility)ဖြစ် သည်။ လုပ်ငန်းလည်ပတ်မှု ထိရောက် မြန်ဆန်၍ ကုန်ကျစရိတ်သက်သာ သည်။ ကျယ်ဝန်းသော မြင့်သောကုန် ပစ္စည်း ထားသိုနေရာရှိ၍ အားလုံးအ ဆင်ပြေသည်။ Vocational Package အမျိုးမျိုး ကွဲပြားမှုအလိုက်အ တွင်းပိုင်းဖွဲ့စည်းမှု မော်ကျူးဒီဇိုင်းများ ကို အချိန်တိုအတွင်း ပြောင်းလဲတပ် ဆင်နိုင်သည်။ ထို့ကြောင့် Reach Van ကား သည် စွယ်စုံရ ဘက်စုံအသုံးပြုနိုင်သော ကားဖြစ်၍ အသုံးချမှုနယ်ပယ်လည်း စုံလင်များပြားသည်။ Reach Van ကိုအသုံးချသည့်လုပ်ငန်းများမှာ - (၁) လျှပ်စစ်နှင့် ပိုက်ပြင် ဆား ဗစ်အဖွဲ့များ (၂) Air Con:ဆားဗစ်အဖွဲ့များ (၃) စားသောက်ကုန်မျိုးစုံဖြန့်ချိ ရေးကုမ္ပဏီများ (၄) ဆေးဝါးကိရိယာပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ (၅) မုန့်ဖုတ် လုပ်ငန်းများ (Bakeries) (၆) Catering Servicesလုပ်ငန်းများ (၇) ဟိုတယ်နှင့် စားသောက် ဆိုင်ကြီးများ (၈) အိမ်အရောက်ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများ (၉) စည်ပင်သာယာလုပ်ငန်းများ (၁၀) တစ်ပတ်ရစ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ (၁၁) ပရိဘောဂလုပ်ငန်းများ (၁၂) အိမ်မွေးတိရစ္ဆာန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများ (၁၃) ပန်းအလှပြင်ဝန်ဆောင် မှုနှင့် အခမ်းအနားပြင်ဆင်ရေးဝန် ဆောင်မှုလုပ်ငန်းများ (၁၄) ပစ္စည်းငှားရမ်းရေးလုပ် ငန်းများ (၁၅) လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများ (၁၆) ကေဘယ်လ်ဝါယာနှင့် လျှပ်စစ်ပစ္စည်းမျိုးစုံဖြန့်ချိရေးလုပ် ငန်းများ Reach Van ကားဒီဇိုင်းကို (၁၂) ပေဘော်ဒီနှင့် (၁၄) ပေဘော်ဒီ ဟူ၍ (၂) မျိုးထုတ်လုပ်သည်။ Wheel base အကျယ်မှာ (၁၂) ပေ (၇) လက်မရှိသည်။ ပစ္စည်းသိုလှောင်နိုင် သော ထုထည်မှာ ကုဗပေ (၆၃၀) ရှိ သည်။ နောက်ခန်း၏ အမြင့်မှာ (၆) ပေ (၆) လက်မရှိသည်။ အရပ်ရှည် သော လူတစ်ယောက် ခါးမကုန်းရဘဲ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။ Reach Van ၏ ဘော်ဒီကိုယ် ထည်သည် အလုံပိတ်ဖြစ်၍ ယာဉ်၏ နောက်ပိုင်းမှ မြင်ကွင်းနှင့် အရာဝတ္ထု များကို မြင်တွေ့နိုင်ရန် Back-up ကင်မရာနှင့် LCD မော်နီတာတပ်ဆင် ထားသည်။ မော်နီတာမှာ (၇) လက်မ ရှိ၍ နောက်မြင်ကွင်းကိုကောင်းစွာ မြင်တွေ့နိုင်သည်။ ကားပါကင်ကို နောက်ဆုတ်ပါက အန္တရာယ်ကင်းရှင်း စွာဆောင်ရွက်နိုင်သည်။ Reach Van တွင် ISUZU 4 JJ 1.TC အင်ဂျင်အမျိုးအစားကို တပ် ဆင်ထားပြီး အင်ဂျင်ထုထည် (3000) CC ရှိသည်။ အင်ဂျင်ပါဝါမှာ မြင်း ကောင်ရေ 150 h.p (at 2,800 rpm) ရှိပြီး၊ ရုန်းအားမှာ 282 lb-ft (Torque)ရှိသည်။ ဆလင်ဒါ (၄) လုံးထိုး တာဘိုချာဂျာ ဒီဇယ်အင်ဂျင်ဖြစ်သည်။ ဒီဇယ် Injection System မှာ Co-mmon Raid Fuel Injection ဖြစ်၍ ဆီစားသက်သာပြီး စီးပွားရေးတွက် ခြေကိုက်သည်။ ISUZU ဒီဇယ်အင်ဂျင်များ သည် ရိုးရိုးသာမန် ဒီဇယ်အင်ဂျင်များ ထက် (၃၅) ရာခိုင်နှုန်းဆီစားသက် သာသည်။ အင်ဂျင်အိတ်ဇောစနစ်တွင် Selective Catalytic Reduction (SCR) နည်းပညာကို အသုံးပြုထား၍ Emission ထုတ်လွှင့်မှုတွင် နိုက်တြို ဂျင်အောက်ဆိုဒ်ဓာတ်ငွေ့များကို (၈၅) ရာခိုင်နှုန်းအထိ လျှော့ချနိုင် သည်။ ထို့ကြောင့် Reach Van ၏ ဒီဇယ်အင်ဂျင်သည် သန့်ရှင်းပြီးဆူညံ တုန်ခါမှုအနည်းဆုံးဖြစ်သည်။ ISUZU Reach Van ကားအ သစ်များကို (၃) နှစ်အတွင်းခရီးမိုင် ကန့်သတ်မှုမရှိဘဲ အာမခံဂရန်တီပေး ထားသည်။ Reach Van ကားဘော်ဒီကို တာရှည်ခံသံချေးမတက်သောဆေးစိမ် စနစ်ဖြင့်ပြုလုပ်ထားပြီး ထိခိုက်မှုကို လည်း ခံနိုင်ရည်ရှိစေရန် အထူးစီမံ ထားသည်။ ဘော်ဒီကိုယ်ထည် တည် ဆောက်ထားခြင်းမှာ အပူနှင့် အသံလုံ စနစ်အရည်အသွေးအထိ အထူးစီမံ ပြုလုပ်ထားပြီး တာရှည်အသုံးခံသည်။ ယာဉ်တိုက်မှုဒဏ်ခံနိုင်ရည်ရှိ စေရန် နောက် Bumper သည် ထိ ခိုက်မှုဒဏ်ကို စုပ်ယူနိုင်သောSp-ring Absorbing Bumper အမျိုး အစားဖြစ်သည်။ ဤသို့တည်ဆောက် ထားခြင်းဖြင့် သာမန်အသေးစားယာဉ် တိုက်မှုများတွင် ထိခိုက်ပျက်စီးမှု လျှော့ချနိုင်သည်။ ဂီယာအမျိုးအစားသည် အော် တိုအမျိုးအစား Speed(၆) မျိုး ပြောင်းလဲနိုင်ပြီး ဂီယာထိုးတံကိုကား ဒတ်ခ်ျဘုတ်တွင် လွယ်ကူစေရန်ထား ရှိသည်။ ကားခေါင်းခန်း၊ အတွင်းပိုင်း အပြင်အဆင်များသည် လှပသပ်ရပ် ပြီး အဆင့်အတန်းမြင့်မားသည်။ (၂၀၁၃) ခုနှစ် မော်ဒယ်လ်ပုံစံ Reach Van ၏ ခန့်ညားလှပသော ဒီဇိုင်းအသွင်အပြင်သည် ပြိုင်ဘက် ကင်းသော ဘက်စုံသုံးကားတစ်စီးဖြစ် ၍ အမေရိကန်၊ ဥရောပ၊ ကနေဒါနှင့် လက်တင်အမေရိကန်နိုင်ငံများတွင် လူကြိုက်များသော Van ကားအမျိုး အစားဖြစ်ပါသည်။ Auto World Journal
Posted on: Fri, 06 Sep 2013 06:53:03 +0000

Trending Topics



Recently Viewed Topics




© 2015