ဘန်ကောက် ဆန္ဒပြပွဲ ထပ်မံ - TopicsExpress



          

ဘန်ကောက် ဆန္ဒပြပွဲ ထပ်မံ ပေါက်ကွဲပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ပေါက်ကွဲမှု ၂ ခု ကြောင့် ၂၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ Victory Monument မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားပုံ အသေးစိတ်ကို မသိရသေးပါဘူး။ သောကြာနေ့ကလည်း ဆန္ဒပြ လူအုပ်ထဲ လက်လုပ်ဗုံး ပစ်သွင်းမှုကြောင့် လူတယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုင်း ဝန်ကြီးချုပ် ယင်လတ် ချင်နာဝပ် အစိုးရ နုတ်ထွက်ပေးရေး ဆန္ဒပြ တောင်းဆိုနေသူတွေက ဘန်ကောက်မြို့ အဓိက လမ်းဆုံတွေကို တနင်္လာနေ့ကတည်းက ပိတ်ဆို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
Posted on: Sun, 19 Jan 2014 10:50:12 +0000

Trending Topics



Recently Viewed Topics




© 2015