ဘယ်တော့မှ အရှုံး မပေးနဲ့ - TopicsExpress



          

ဘယ်တော့မှ အရှုံး မပေးနဲ့ .... အသက် ၉ နှစ် အရွယ် တုန်းက ကျွန်မ အဓမ္မ ပြုကျင့် ခံခဲ့ ရပါတယ် ... Oprah Winfrey တက္ကသိုလ် ပညာရေး ကိုတောင် ကျွန်တော် ဆုံးခန်း မတိုင် ခဲ့ပါဘူး ... Bill Gates ကျွန်မ သိတတ်တဲ့ အရွယ် ကစပြီး အသက် ၁၈ နှစ် အရွယ် အိမ်က မထွက် လာခင် အထိ ကျွန်မ အဖေရဲ့ စိတ်ပိုင်း ဆိုင်ရာ၊ ခံစားမှု ပိုင်း ဆိုင်ရာနဲ့ လိင်ပိုင်း ဆိုင်ရာ ပြောဆို ပုတ်ခတ်မှု တွေ အနိုင်ကျင့် မှု စော်ကားမှု တွေကို အကြိမ်ကြိမ် ခံခဲ့ ရပါတယ် ... Joyce Meyer မူလတန်း ကျောင်းသား ဘဝ တစ်လျှောက်လုံး စာလိုက် နိုင်ဖို့ ကျွန်တော် ရုန်းကန် ကြိုးစား ခဲ့ရပါတယ်... Dr Ben Carson ကျွန်တော် ဘောလုံး လေ့ကျင့် နိုင်ဖို့ အတွက် ဆိုင် တစ်ဆိုင် မှာ လက်ဖက်ရည် ဖျော်ပေး တဲ့ အလုပ် ကို မကြာခဏ လုပ်ခဲ့ ရဖူး ပါတယ် ... Lionel Messi ကျွန်တော့် သူငယ်ချင်း ရဲ့ အခန်း ကြမ်းပြင် ပေါ်မှာ ကျွန်တော် အိပ် ခဲ့ရတယ် ... Coke ဗူးခွံ တွေ ပြန်သွင်းပြီး ပိုက်ဆံ ရှာ ... စားစရာတွေ ဝယ်ခဲ့ ရတယ် ... ပြီးတော့ အပတ်စဉ် အလကား ကျွေးတဲ့ အနီးအနား က ဘုရားကျောင်းလေးမှာ ပုံမှန် သွားစား သောက်ခဲ့ ဖူး တယ် .... Steve Jobs ကျွန်တော့် ဆရာတွေ က ကျွန်တော့် ကို အရှုံးသမား လို့ ခေါ်လေ့ ရှိတယ် ... Tony Blair ကျွန်တော် ၂၇ နှစ် လုံးလုံး ထောင် ထဲမှာ နေခဲ့ ရတာပါ .... Nelson Mandela ဘဝမှာ အခက်အခဲ တွေ အများကြီး တွေ့ကြုံ ပေမဲ့ ကျွန်တော် တို့ လက်မလျှော့ သင့် ပါဘူး ... ဘာကြောင့်လဲ ဆိုတာ့ ဘဝဆိုတာ အခု အချိန် အထိ သင်မတတ် နိုင်ခဲ့တဲ့ အရာ တွေကို ကိုယ်စားပြု နေတာ မဟုတ်ဘူး .... ဘဝ ဆိုတာ သင် အခု အချိန် အထိ ဘာလုပ် နိုင်သေးလဲ ဆိုတာ ပေါ် မူတည် နေလို့ ပါပဲ .... ဒါကြောင့် ... ဘယ်တော့ မှ အရှုံးမပေး ပါနဲ့ ... Daily Health Tips By: Golden Land Myanmar Photos: 7
Posted on: Sun, 06 Oct 2013 13:00:29 +0000

Trending Topics



Recently Viewed Topics




© 2015