ဘယ်လို - TopicsExpress



          

ဘယ်လို အမျိုးသမီးတွေမှာ Endometrial cancer သားအိမ်-ကင်ဆာ ဖြစ်နိုင်လဲ။ • Hormone levels ဟော်မုန်း ရှိတာ မတူကြဘူး။ (အီစထိုဂျင်) များရင် ပိုဖြစ်နိုင်တယ်။ သွေးဆုံးသွားတဲ့ အမျိုးသမီးတွေကို Estrogen therapy ဟော်မုန်းပေး ကုရတတ်တယ်။ ကင်ဆာ ဖြစ်လာနိုင်တယ်။ Estrogen နဲ့အတူ Progesterone ပေးတာ ပိုကောင်းတယ်။ ဒါပေမဲ့ တခြားဟာတွေ ဖြစ်နိုင်ပြန်တယ်။ ဥပမာ ရင်သား-ကင်ဆာ၊ သွေးခဲရောဂါ။ • Birth control pills ကိုယ်ဝန်တားဆေးကြောင့် သားအိမ်ကင်ဆာ အဖြစ်နည်းစေတယ်လို့ ဆိုတယ်။ • တသက်တာမှာ ရာသီလာချိန်များရင် မကောင်းဘူး။ အပျို စောဖြစ်တာနဲ့ သွေးဆုံး နောက်ကျတာကို ပြောတာ။ • Pregnancy ကိုယ်ဝန်ဆောင်ရတာ များသူတွေမှာ အဖြစ်နည်းတယ်။ • Obesity အဝလွန်သူ အဖြစ်များမယ်။ အဆီထဲရှိနေတဲ့ (အီစထိုဂျင်) ကနေ တခုခုဖြစ်စေနိုင်တယ်။ • ရင်သား-ကင်ဆာ ကာကွယ်ဘို့နဲ့ ကုသဘို့မှာ သုံးတဲ့ Tamoxifen ဆေးကနေ နည်းနည်းလေး ပိုဖြစ်နိုင်တယ်။ • Ovarian tumors (Granulosa-theca cell tumor) ဖြစ်သူတွေမှာ ပိုဖြစ်နိုင်တယ်။ • Polycystic ovarian syndrome (PCOS) ရှိနေသူလဲ ပိုဖြစ်နိုင်တယ်။ • Intrauterine device (IUD) ကိုယ်ဝန်တား-ပစ္စည်းထည့်ထားသူတွေလဲ နဲနဲလေး ပိုဖြစ်တာတွေ့ရတယ်။ • Age အသက်ကြီးလေး ပိုလေ။ • Diet and exercise အဆီစားများသူ၊ လေ့ကျင့်ခန်း မလုပ်သူတွေ ပိုများတယ်။ • Diabetes ဆီးချို ရှိသူတွေမှာ ၄ ဆ ပိုများတယ်။ • Family history မိသားစုထဲ တယောက်မက ဖြစ်တာလဲ တွေ့ရတယ်။ • Breast or ovarian cancer နို့-ကင်ဆာနဲ့ မျိုးဥအိမ်-ကင်ဆာ ရှိသူတွေမှာ လာဖြစ်တတ်သေးတယ်။ • Prior pelvic radiation therapy တခြားရောဂါကြောင့် ဓါတ်ကင်သူတွေ ပိုဖြစ်နိုင်တယ်။ • Endometrial hyperplasia ရောဂါ ဖြစ်နေရင် ပိုနိုင်တယ်။
Posted on: Mon, 24 Jun 2013 09:03:24 +0000

Trending Topics



Recently Viewed Topics




© 2015