ဘဝတစ်ခုသို့ - TopicsExpress



          

ဘဝတစ်ခုသို့ သမင်လည်ပြန် ငါ့အသက် နှစ်ဆယ့်ခြောက် ပြည့်ပြန်ပေါ့ နောက်တခါ ဒီနှစ်မှာ တွေးစရာ ပေါ်လာတာ တခုကြောင့် ရေးသားခဲ့ ကဗျာလေး ဝါခေါင်လ မိုးဖြိုင်ဖြိုင် မန္တလေးဆေးရုံတွင်းဝယ် မွေးဖွားခဲ့ကလေးငယ်ကို ပရော်ဖက်ဆာ ဒေါ်မြမြနဲ့ ထူးခြားချက် အမှတ်လေးကြောင့် ယူဆတာ လူဝင်စားတဲ့ သိခဲ့ရ နောင်ခါဝယ် ဆေးပညာအခေါ်အဝေါ်နဲ့ Mongoloid spotဆိုပဲ ငယ်ရွယ်စဉ် ကလေးဘဝ နေထိုင်ရာ ပျဉ်းမနားမှာ ကြီးပြင်းခဲ့ စတီးဝင်းဝယ် တက်ခဲ့ရ ကျောင်းကန်နားမှာ ကျောင်းသားဘဝ အစပြုခဲ့ သိပ်မကြာ ၃တန်းအောင်တော့ ပြောင်းခဲ့ရ မုံရွာကို ထိုစဉ်ခါ သစ်ထုတ်ရေးက ဒေါနခြံရပ်ကွက်လေးထဲ နေထိုင်ခဲ့ အိမ်သစ်လေးနဲ့ ဝင်းနာမည် မဟာမြိုင်တဲ့ လိုက်ဖက်လှသေး တက်ခဲ့ရ လေးတန်းကို ပေပင်ခေါ် စာသင်တိုက်သို့ စက်ဘီးငယ် ခြောက်ချက်စီးလို့ စာအံကာ သင်ကြားခဲ့ရ နင်းရရှာ သူ့ခမျာမှာ ချွေးဒီးဒီး ပြိုက်ကာကျ မျှော်နေသူ မိဘနှစ်ပါး စောင့်ခဲ့ရ အချိန်များပေါ့ ပြောင်းခဲ့ရ တန်းသစ်ကို မြို့အလယ် နာရီစင်နဲ့ တစ်လမ်းကွာ တည်ထောင်ထားတဲ့ နာမည်ကျော် လူတော်တွေကို မွေးထုတ်ရာ လွန်ထင်ရှားတဲ့ ကျောင်းနာမည် ဒီလိုခေါ်တယ် အ.ထ.က(၃) သင်ကြားခဲ့ပျော်ရွင်စွာ သူငယ်ချင်း ပေါင်းဖော်များနဲ့ အေးချမ်းစွာနေထိုင်ခဲ့ ၉တန်းနှစ် ရောက်သည့်တိုင် ၁၀တန်းတိုင် နေချင်လျက်နဲ့ ပြောင်းခဲ့ရ နောက်တဖန် မန္တလေး ဘော်ဒါဆောင်သို့ ဖောင်တော်ဦး စာသင်တိုက်မှ အောင်ချိန်ပေါ့ ၂၀၀၃ ရောက်ခဲ့ပေါ့ ဆေးတက္ကသိုလ် မန်းလေးသို့ ခြေချရင်း မှတ်မှတ်ရ ထိုနှစ်မှာ ရွှေရတု ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ ဂုဏ်ယူစရာ နှစ်ငါးဆယ် ပြည့်ခဲ့ပြီမို့ ဝမ်းမြောက်စွာ ဂုဏ်ပြုရင်း ကုသမယ် လူနာတွေကို နာမည်ဝယ် ဒေါက်တာထည့်လို့ ဆရာငယ် လူနာများနဲ့ ချွေးပြိုက်ပြိုက် လုံးချာလည် မောပန်းပစေ ပြုံးနေလျက်သာ သေချာတာ စေတနာကြောင့် ပြုံးပါမယ် လူနာအတွက်လေး တွေးကြည့်ရင် ရယ်ချင်စရာ မေးချင်သူ ခပ်များများ ဆရာဝန်စာရေးဆရာတဲ့ ဟုတ်ရဲ့လား ပြန်တွေး ရှက်စိတ်နဲ့ သိမ်ငယ် အထင်ရယ်မကြီးစေဖို့ ဆေးပညာဆောင်းပါးလောက်သာ ရေးဖြစ်တယ် ခုချိန်ထိ ဝေဖန်မှုကို အံတု အားပေးမှုကို အရင်းပြုကာ ရေးဦးမယ် ကဗျာတွေကို ကလောင်မည် ကဗျာသစ်နဲ့ သီးခံကာ ဖတ်ရှုလျှင်ဖြင့် ထပ်ရေးမယ် ဝတ္တုတွေကို ကလောင်ခွဲ နောက်နာမည်နဲ့ ခေါ်နိုင်တယ် ရောင်နီသစ်ပေါ့ တန်ဖိုးရှိ ငါ့ခရီးကို တန်ဖိုးသိ ပြည်သူတွေနဲ့ တန်ဖိုးထား ခွန်အားများစွာ ဆက်လျှောက်ရာ ရှေ့ခရီးမှာ ဆေးပညာ၊ ကဗျာတွေနဲ့ ဦးတည်ချက် ပြည်သူ့အတွက်မို့ သဲတပွင့် ဖြစ်ရလျှင်ဖြင့် ကြိုးစားရနပ်ရပြီမို့ တန်ဖိုးရှိ ဖြစ်ရပါပြီ.......... ကဗျာသစ် ၂၃.၈.၁၃ (၂၃ရက်နေ့တွင် ကျရောက်သော မွေးနေ့အတွက် ခံစားရေးဖွဲ့ပါသည်။) မွေးနေ့အမှတ်တရ ကဗျာသစ်ဘလော့ခ်အား ထပ်မံဖွင့်လှစ်ထားပါသည်။ ရသစာပေများကိုသာ အဓိက ရေးသားပါမည်။ မွေးနေ့ဆုတောင်းပေးသော သူငယ်ချင်း၊မိတ်ဆွေ၊ဆွေမျိုးအပေါင်းအား ကျေးဇူးအထူးတင်ပါသည်။ ကဗျာသစ်ဘလော့ခ်အား gabyarthit.blogspot/ တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Posted on: Fri, 23 Aug 2013 09:35:23 +0000

Trending Topics



Recently Viewed Topics




© 2015