ဘုရားသခင်မည်သို့ - TopicsExpress



          

ဘုရားသခင်မည်သို့ ထောက်ပံ့ပေးသနည်း 08.10.2013 ဖတ်ရန်: တရား ၂၄း၁၉-၂၂ မိမိလယ်ယာကို လုပ်သောသူသည် ဝစွာ စားရ၏။ သု ၁၂း၁၁ သမ္မာကျမ်းစာ တစ်နှစ်တာ: □ ဟေရှာ ၃၀-၃၁ □ ဖိ ၄ ကျွန်မရုံးခန်းအပြင်ဖက်၌ ရှဥ့်လေးများသည် ဆောင်းရာသီကို အန်တုရင်း သူတို့၏အစာ ဖြစ်သည့် ဝက်သစ်ချသီးများကို လုံခြုံသော နေရာတွင် အပြေးအလွှားစုဆောင်း မြှုပ်နှံနေ ကြသည်။ ချစ်စရာဝရုန်းသုန်းကား အပြုအမူလေး များကြောင့် ကျွန်မပြုံးမိသည်။ ခြံအနောက်ဖက်၌ သမင်အုပ် ဖြတ်သွားသော်လည်း ငြိမ်သက်နေ သည်။ သို့သော် ရှဥ့်လေးတစ်ကောင်၏ အသံက ၎င်းတို့အပြုံလိုက် ဝင်လာသကဲ့သို့ ထင်ရသည်။ ထိုသတ္တဝါနှစ်မျိုး၏ သဘာဝကလည်း မတူညီ။ သမင်များက ဆောင်းရာသီအတွက် အစာစုဆောင်းရန်မလို။ ဆောင်းရောက်လျှင် သူတို့သွားရာလမ်းတစ်လျှောက် ချုံပုတ် အပါအဝင် တွေ့သမျှအပင်မှအရွက်များကို စားကြသည်။ သို့သော် ရှဥ့်များက သမင်ကဲ့သို့ လုပ်မည်ဆိုပါက ၎င်းတို့၏အစာကို အလွယ်တကူမတွေ့သော် အစာငတ်ပြီ်။ သမင်နှင့်ရှဥ့်တို့က ဘုရားသခင်၏ ဂရုပြုစောင်မသော နည်းလမ်းများကို ထင်ဟပ်ဖော်ပြနေသည်။ ကျွန်မတို့အလုပ်လုပ်ပြီး အနာဂတ်အတွက် စုဆောင်းနိုင်ရန် ကိုယ်တော်မစပြီး ကျွန်မတို့ ပိုင်ဆိုင်သည့် အရင်းအမြစ်များ ပြတ်လပ်သွားသည့်အခါ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ သုတ္တံကျမ်းစာမှ သွန်သင်သည့်အတိုင်း ရှားပါးပြတ်လပ်သောကာလအတွက် ကြိုတင်ပြင်ဆင် စုဆောင်းနိုင်ရန် ဘုရားသခင်က ကြွယ်ဝပေါများသောနှစ်များကို ထောက်ပံ့ပေးသနားသည်(သု ၁၂း၁၁)။ အန္တရာယ်၊ ဒုက္ခများသောနေရာများတွင် ကျွန်မတို့ဖြတ်သန်းလျှောက်လှမ်းစဉ် ကိုယ်တော်အတူပါရှိပြီး စိမ်းလန်းသောအရပ်သို့ ပို့ဆောင်လမ်းပြပေးကြောင်း ဆာလံ ၂၃ က ပြောထားသည်။ နောက်ထပ်နည်းလမ်းတစ်ခုမှာ ပြည့်စုံကြွယ်ဝသူများက လိုအပ်နေသူများကို ဝေမျှကာ ကူညီမစပေးရန် ဘုရားက သွန်သင်ထားသည် (တရား ၂၄း၁၉)။ ထို့ကြောင့် ဘုရား၏ထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာ၏သွန်သင်ချက်ကား တတ်နိုင်သမျှ အလုပ်လုပ်ပါ။ တတ်နိုင်သမျှ ကြိုတင်စုဆောင်းပါ။ တတ်သရွေ့ ဝေမျှပေးကမ်းပါ။ မိမိ လိုအပ်မှုများကို ဖြည့်ဆည်းပေးရန် ဘုရားသခင်ကို ကိုးစားပါ။ — Julie Ackerman Link လိုအပ်မှုများကို ဖြည့်ဆည်းပေးမည့် ကတိတော်အတွက် ကျေးဇူးပါ။ စိုးရိမ်ပူပန် သံသယစိတ်များ ဖယ်ရှားနိုင်ရန် မစပါ။ အထက်အရပ်မှ ဂရုပြု ကြည့်ရှုကာ တောင်းလျှောက်သံများ နားညောင်းမူ၍ ကျေးဇူးပါ။ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရ၍ ဘုရားသခင်၏ အရင်းအမြစ် အထောက်အပံ့များ ဘယ်သောအခါမျှ ကုန်မသွားပါ။ God Provides, But How? October 8, 2013 — by Julie Ackerman Link Subscribe on iTunes Play MP3 (Mobile) Our Daily Bread Radio is hosted by Les Lamborn Read: Deuteronomy 24:19-22 He who tills his land will be satisfied with bread. —Proverbs 12:11 Bible in a Year: Isaiah 30-31; Philippians 4 Outside my office window, the squirrels are in a race against winter to bury their acorns in a safe, accessible place. Their commotion amuses me. An entire herd of deer can go through our back yard and not make a sound, but one squirrel sounds like an invasion. The two creatures are different in another way as well. Deer do not prepare for winter. When the snow comes they eat whatever they can find along the way (including ornamental shrubs in our yard). But squirrels would starve if they followed that example. They would be unable to find suitable food. The deer and the squirrel represent ways that God cares for us. He enables us to work and save for the future, and He meets our need when resources are scarce. As the wisdom literature teaches, God gives us seasons of plenty so that we can prepare for seasons of need (Prov. 12:11). And as Psalm 23 says, the Lord leads us through perilous places to pleasant pastures. Another way that God provides is by instructing those with plenty to share with those in need (Deut. 24:19). So when it comes to provision, the message of the Bible is this: Work while we can, save what we can, share what we can, and trust God to meet our needs. Thank You, Lord, for the promise that You will meet our needs. Help us not to fear or doubt. We’re grateful that You’re watching over us and that our cries for help reach Your ear. Our needs will never exhaust God’s supply. ဖတ်ရန်: တရား ၂၄း၁၉-၂၂ ၁၉သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းကြီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တပါးမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ထားရမည်။ ၂ဝသင်၏သံလွင်သီးကို ရိတ်ချွေ သောအခါ၊ ကျန်ကြွင်းသောအသီးကိုပြန်၍ မရိုတ်မချွေရ။ တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ထားရမည်။ ၂၁သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကိုဆွတ်ယူသောအခါ ပြန်၍ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသော အသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။ ၂၂သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံ ခဲ့ဘူးကြောင်းကို အောက်မေ့ရမည်။ ထို့ကြောင့် ဤပညတ်ကိုငါထား၏။ 19 When you are harvesting in your field and you overlook a sheaf, do not go back to get it. Leave it for the alien, the fatherless and the widow, so that the LORD your God may bless you in all the work of your hands. 20 When you beat the olives from your trees, do not go over the branches a second time. Leave what remains for the alien, the fatherless and the widow. 21 When you harvest the grapes in your vineyard, do not go over the vines again. Leave what remains for the alien, the fatherless and the widow. 22 Remember that you were slaves in Egypt. That is why I command you to do this
Posted on: Tue, 08 Oct 2013 07:08:02 +0000

Trending Topics



Recently Viewed Topics




© 2015