မ နေ့နဲ့အခုချိန်ထိ ဖတ် - TopicsExpress



          

မ နေ့နဲ့အခုချိန်ထိ ဖတ် ရတဲ့ပို့စ်တွေထဲ အကြိုက်ဆုံးပို့စ် Ko Htut Myanmar shared Patrick Tans status. 26 minutes ago ငါ့ကွာ......သူခေါက်ထားတဲ့ခေါင်းက ဘုသီးလေးပျောက်သွားမှာတောင်နှမျောတယ်... မူရင်းရေးသားသူ >> Patrick Tan ကျနော်ကလည်း ၁၀ ပြားဖိုးလောက်သိရရင် ၁၀၀ ဖိုးလောက်သိသလို တတ်သလိုလို ရှေ့မီနောက်မီလိုလို သိပ်လုပ်ချင်တဲ့ကောင်။ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်း ပြောရဦးမယ်။ ကိုယ်တွေ့ကိုယ်တွေ့။ ဗိုလ်ချုပ်နဲ့ တွေ့မလားဗျ၊ ကျုပ်ကအခုမှ အသက် ၂၀ ကျော်လေးဟာကို။ ဗိုလ်ချုပ် ပန်းကန်ပြားနဲ့ ခေါက်တာခံခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာကို သောက်ကြွားပိုမလို့။ အရေးအခင်းပြီး ခါစ တစ်နှစ်လောက်မှာပေါ့ဗျာ။ ကျနော်ကလည်း လူကြီးတွေစကားဝိုင်းဆိုဝင်ဝင်ရော၊ ပြီးရင် ကြားဖူးနားဝ၊ ဖတ်ဖူးရုံလောက်ကို ချဲ့ကားပြီး အာပေါင်အာရင်းသန်သန်နဲ့ကိုယ်တွေ့လိုလို ဘာလိုလို ခပ်တည်တည်ဝင်ဖိန့်တတ်တော့ လူကြီးတွေက ခင်တယ်ဗျ။ မနက်မနက် လ္ဘက်ရည်ဆိုင်ထိုင် ဖို့ ဝင်ဝင် ခေါ်ကြတဲ့အထဲ ဂီတစာဆိုကိုကြေးမုံ ရယ် ဗိုလ်မှူးကြီးမောင်ကျော်ရယ်က ပုံမှန်။ ထိုင်တာကလည်း သူတို့ရဲ့ တရပ်ကွက်တည်းသား စ သုံးလုံး အရာရှိဖြစ်နေသူရဲ့ မိဘလ္ဘက်ရည်ဆိုင်။ ပြောတော့ နိုင်ငံရေး၊ န၊ဝ၊တ မကောင်းကြောင်း။ တစ်နေ့ ရပ်ကွက်တည်ဆောက်ပြုပြင်ကိုလာစစ်တဲ့ ဆိုင်ရှေ့ ခပ်လှန်းလှန်းမှာ သောက်ပိုးမကြိုးပဲ ဆောင့်ကြွားကြွားနဲ့ ရပ်ပြီး ငေါက်ငန်းနေတဲ့ ဗိုလ်ပေါက်စတစ်ကောင်ကို ကြည့်နေမိတယ်။ ခဏလည်းနေရော သူ့ထက်ကြီးတဲ့တစ်ကောင်ကြွလာတော့ ပြေးပြီး ဖင်လျက် ဆားဖြူး မျက်နှာချိုသွေး ထီးလိုက်မိုးပေးပြီး ဖားသဗျ။ ဟိုကိုယ်တော်ကလည်း သူ့ကိုယ်သူ ဓနုဖြူခံတပ်ကို ရွှေထီးတော်မိုးနဲ့ တပ်စစ်တဲ့ လဥ ဗုံးမှန်ခါနီး စစ်သူကြီး ဗန္ဓုလ စတိုင်နဲ့။ ကာနယ်မောင်ကျော်က ကြည့်ပြီးခေါင်းတစ်ညှိမ့်ညှိမ့်လုပ်ပါတယ်။ အတော်ကြာ သကောင့်သားတွေ ပြန်သွားတော့မှ တော်လှန်ရေးကာလ သူ့ကိုယ်တွေ့ ပြောပြပါတယ်။ ကိုယ်တို့က တပ်ထဲဝင်တာ တိုင်းပြည်လွတ်လပ်ရေးအတွက်ကလွဲလို့ ဘာမျှော်လင့်ချက်မထားဘူး။ သေသေ ပြတ်ပြတ် အင်္ဂလိပ်ကိုပဲချရချရ၊ ဂျာပန်ကိုပဲ ဆော်ရဆော်ရ အားမျှတာ မမျှတာ ဘာမှ ဂရုမစိုက်ဘူး။ လစာလည်း နားမလည်ဘူး၊ ဝတ်စုံလည်းမသိဘူး၊ ရာထူးတိုးတာ မတိုးတာဂရုမစိုက်ဘူး။ အေး ဒါပေမယ့် တပ်မတော်သားပီပီ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာကိုတော့ အရှင်လတ်လတ်ကြီးမြင်ဖူးချင်တယ်။ ဖြစ်နိုင်ရင် လက်ကလေးပဲကိုင်ရကိုင်ရ၊ အနီးကပ်ပဲကြည့်ရကြည့်ရ သေပျော်တယ် ဆိုတာ စစ်သားတိုင်းရဲ့ခံစားချက်ကွ။ တစ်နေ့ ကိုယ်တို့ တပ်စွဲတဲ့နေရာကို ဗိုလ်ချုပ်လာစစ်မယ်လို့ ကြေးနန်းရသကွ။ ပျော်လိုက်တဲ့ဖြစ်ခြင်းကွာ။ တပ်မှူးက ကိုယ့်ကိုပြောတယ်၊ အဲ့ဒီတုန်းက ကိုယ်ကချာတိတ်ကလေး တပ်ကြပ်ကြီးမောင်ကျော် ဘဝ။ မောင်ကျော်ရေ ဗိုလ်ချုပ်ရောက်မယ့်အချိန် ဆက်ထွက်မယ့်အချိန် နေ့လည်စာ တို့ဆီမှာကျွေးဖြစ်မယ်၊ မင်းအကောင်းဆုံးစီစဉ်ကွာ တဲ့။ ကိုယ့်ကိုတာဝန်ပေးတာ။ ဘာပြောကောင်းမလဲကွာ ခြေထောက်နဲ့ မြေကြီးထိရဲ့လားတောင်အောင်းမေ့တယ်ကွာ။ ရွာထဲသွား ကြက် နဲ့ဟင်းစားသွားဝယ်တာပေါ့။ ငါတို့အတွက်တောင် ရှိရှိမရှိရှိ အတင်းပေး အတင်းကျွေးလုပ်တဲ့ရွာသားတွေကွာ ငါက ဗိုလ်ချုပ်အတွက်လို့လည်းပြောရော အိုး ဘယ်ပြောကောင်းမလဲ ပိုက်ဆံမယူတဲ့အပြင် စုံနေအောင်ထည့်ပေးကြ၊ သူတို့ဘယ်နားကဘယ်လိုကြိုမယ်ဆိုတာတွေပြောကြပေါ့ တပ်မှူးကိုလည်း ရွာသားတွေပိုက်ဆံ ဘယ်လိုပေးပေးမယူတာကို သက်သေနဲ့ သေချာရှင်းရတယ်ဟေ့ကောင်ရေ့၊ နို့မို့ ရွာသားတွေကို ဗိုလ်ကျလာသလားကွ ဆိုပြီး နားရင်းအအုပ်ခံရမှာကွ။ ငါမှာချက်ပြုတ်ပြီး ဗိုလ်ချုပ်ရောက်လာကာမှ သတိရတယ်။ ကြွေးစရာ ပန်းကန်ပြားကောင်းကောင်းမရှိဘူးဟေ့။ အဲ့ဒါနဲ့ အမိန့်မရပဲ တပ်နဲ့အနီးဆုံး တဲကိုပြေး ပြီး ပန်းကန်ငှါးတော့ ခပ်ညံ့ညံ့ ကြွေရည်သုတ်ပန်းကန်ပြား သုံးချပ်ရလာတယ်။ ပန်းကန်ကို အကျအနတိုက်ချွတ်ဆေးကျော ထမင်းတွေဟင်းတွေခူးပြီး ဗိုလ်ချုပ်ကိုအရင်ကျွေး ကျန်ပါလာတဲ့ PSO နဲ့နောက်တစ်ယောက်ကို တပ်မှူးက သူနဲ့မှ အတူစားမယ်လုပ်ရတာပေါ့။ ထမင်းစားဖို့ ပြင်လည်းပြင်ရော ဗိုလ်ချုပ်က တပ်မှူးနဲ့ သူ့ PSO ကို သူနဲ့အတူစားရမယ်လုပ်ပါလေရော။ တပ်မှူးက ကျနော် ငှက်ပျောဖက်ခင်းစားမှစားတတ်တယ် ဗိုလ်ချုပ်လို့လိမ်တော့ ဗိုလ်ချုပ်ကရယ်ပြီး..... မောင်ကျော်လာဦးတဲ့။ ငါ့ပျော်လိုက်တာကွာ တပ်မှူးမိတ်ဆက်ပေးတာသူနာမည် မမေ့ဘူး။ ငါသူ့နားသတိဆွဲပြီးသွားရပ်တော့ ငါ့ကို Easy တဲ့၊ ငါလည်းသက်တောင့်သက်သာရပ်လိုက်တယ်။ မောင်ကျော် ဒီပန်းကန်တွေ ဘယ်ကငှါးလာလဲ တဲ့။ ငါက မဖြေနိုင် ကြောင်အမ်းအမ်းဖြစ်နေတာပေါ့။ အနားက ငှက်ပျောဖက်ကိုယူ ကျကျနနခင်း သူ့အင်္ကျီ လက်နဲ့သုတ်၊ ပန်းကန်ထဲက ထမင်းကို ငှက်ပျောဖက်ပေါ်ပုံလည်း ပြီးရော ပန်းကန်ပြားလွတ်နဲ့ ငါ့ခေါင်းကို ခွပ်ကနဲ ခေါက်လိုက်တယ်။ တပ်မှူးကအစ အားလုံး ကြောင်ကြည့်နေကြတာပေါ့။ သူ့မျက်နှာအတော်မကောင်းတာ ငါသတိထားမိတယ်။ ပြီးမှ ငါ့ပုခုံးကိုပုတ်ပြီး ငါ့ကိုဒီလို မလိမ်ကြပါနဲ့ကွ၊ မင်းတို့အားလုံး ဖက်နဲ့စားနေရတဲ့ဘဝ၊ ငါလည်း ဖက်နဲ့စားရကော ဘာဖြစ်မှာမို့လဲ၊ ကြားလား မောင်ကျော် တဲ့။ ပြီးတော့ တပ်မှူးနဲ့ သူ့PSO တို့ကို သူနဲ့အတူ ငှက်ပျော်ဖက်ခင်းပြီး အတူဝင်စားခိုင်းတယ်။ ငါ့ကွာ သူခေါက်ထားတဲ့ ခေါင်းက ဘုသီးလေး ပျောက်သွားမှာတောင် နှမြောတယ်။ .................................တဲ့ — with Nyein Chan Aung and 13 others.
Posted on: Thu, 13 Feb 2014 18:59:48 +0000

Trending Topics



Recently Viewed Topics




© 2015