မနေ့ က ထုံးစံအတိုင်း - TopicsExpress



          

မနေ့ က ထုံးစံအတိုင်း ရုံးရောက်တာနဲ့ နိုင်ငံပိုင်သတင်စာ (၂)စောင်ပါ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှူ့ကော်မတီက အသိပညာပေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌ ဆိုတဲ့ ပုဂ္ဂိုလ်ပြောတာလေးဖတ်မိရော လက်တွေ (အမှန်က ကောင်းနေတဲ့ တစ်ဘက် ရယ်ပါ) ယားလာတယ် လာမဲ့ စက်တင်ဘာ (၂၂)ရက်ကို ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ လုပ်မလို့တဲ့ ဒီအစီအစဉ် လေး နားနဲ့ ကြားတဲ့ လွန်ခဲ့တဲ့ (၂)ပါတ်လောက်တုံးက ထောက် ခံဖို့အသင့်နီးနီးရှိခဲ့လေရဲ့ သတင်းစာခေါင်းစဉ်ဖတ်ပြီးမှ တော်တော် ကြောင်ပါလားလို့ တွေးရင်း လက်ယားလာတာပါ ဘယ်နဲ့ဗျာ သွားနေတဲ့လမ်း ကျတော့ ခေတ်လဲမှီရမယ် တိုးလဲ တိုးတက်ရမဲ့ ဒီမိုကရေစီစနစ်တဲ့ သွားနေတယ်လို့ကြွေးကျော်ချက် ရဲ့လက်တံတခုဖြင့်သင့်တဲ့ ဘာမဟုတ်တဲ့ ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ အဲဒီနေ့ အတွက်သူတို့ ဆန္ဒနဲ့သူတို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်မလိုက်နာတဲ့ နံပါတ်အနက် ကိုယ်ပိုင်ယဉ်တွေကို မှတ်သားဖမ်းဆီးအရေးယူမယ်တဲ့ ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ ဆိုတာမျိုးက အများကသူတို့ဆန္ဒနဲ့သူတို့ ပါဝင်လာအောင်လုပ်ရတဲ့ campaigning လုပ်ရတဲ့နေ့မျိုး ကိုယ့်သဘောနဲ့ကိုယ်လုပ် ပြည်သူရဲ့လွတ်လပ်တဲ့ဆန္ဒ ပါလာအောင်လဲ campaigning အခုထိလုပ်လဲ မလုပ် လုပ်လဲ မလုပ်တတ် ပြီးတော့မှ ငါတို့ကအစိုးရကခွင့်ပြုထားတာကွ ငါတို့ကအာဏာပိုင်ကွ ငါတို့မှာ ဖမ်းနိုင်တဲ့ အာဏာ ရှိတယ်ဆိုပြီး အရင်ခေတ်ကအသံ အတိုင်း နိုင်ငံပိုင်သတင်စာ (၂)စောင် ဟိုပြောဒီပြော ဒီမေးလိုက်ချင်ရဲ့ ၁) ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ မှာ အများပြည်သူသွားလာဖို့အတွက်အခြားနိုင်ငံတွေလို ဘယ်မှာလဲ လုံလောက် စိတ်ချအေးချမ်းတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ? ၂) ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ မှာ အများပြည်သူသွားလာဖို့အတွက် အခြားနိုင်ငံတွေလို အဲဒီနေ့တစ်နေ့စာ အခမဲ့သယ်ယူပို့ဆောင်ရေးစနစ် စီစဉ်ပေးမှာလား ? ၃)ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ မှာ ပြည်သူရဲ့ပူးပေါင်းပါဝင်မှူ့ အားကောင်းလာအောင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေ ကရော တိုင်းဒေသကြီးလွှတ်တော်ရှေ့ကနေပြီး တခြားဒီမိုကရေစီအစိုးရတွေ လုပ်ပြသလိုမျိုး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေ ဖြစ်တဲ့ ဘစ်စကား တို့ တိုင်စီကား တို့ စက်ဘီးတို့ ဂါလီတို့ ဆိုက်ကားတို့ စီးပြကျမှာလား ? ၄) ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ မှာ သတ်မှတ်ချက်မလိုက်နာတဲ့ နံပါတ်အနက် ကိုယ်ပိုင်ယဉ်တွေကို မှတ်သားဖမ်းဆီးအရေးယူမယ်လို့ပြောထားလို့ မေးချင်တယ် ဘယ် ဥပဒေ ဘယ်ပုဒ်မနဲ့ အရေးယူမှာလဲ ? ၅) Daily Eleven ထဲမှာကျ ပြောထားတာက ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ မှာ သတ်မှတ်ချက်မလိုက်နာတဲ့ နံပါတ်အနက် ကိုယ်ပိုင်ယဉ်တွေကို မှတ်သားပြီး ဒီမိုကရေစီ စံ တွေ နဲ့ တိုင်းတာသတ်မှတ်ဦးမယ်ဆိုတော့ ရုံးလိပ်စာသာပြောလိုက်ပါ ကိုယ်လုံးပေါ်မှန်ကြီးလက်ဆောင်ပို့လိုက်ချင်လို့ မင်းတို့ရဲ့ အပြောအဆိုကြောင့်ကို ကိုယ်ပိုင်ယာဉ်မသုံးရတဲ့နေ့ မှာ ခေါင်းဖြူက ရှိသမျှကား လက်တဖက်နဲ့ကို မြို့ပါတ်မောင်းလိုက်ဦးမယ် အဆုံးသတ်က SELECTED နဲ့ ELECTED ပါဘဲ
Posted on: Fri, 06 Sep 2013 05:18:09 +0000

Trending Topics



Recently Viewed Topics




© 2015