မနေ့က ၀ါရှင်တန်က လာတာပါ - TopicsExpress



          

မနေ့က ၀ါရှင်တန်က လာတာပါ ဆိုတဲ့ စုံတွဲ တတွဲ ကို မက်ဟန်တန် လိုက်ပို့ရင်း၊ စကားလက်ဆုံ ကျ ဖြစ်သွားတယ်။ အဓိက က သူတို့က ကိုယ့်ကိုယ်မေးသွားတာချည်းပဲ။ ဒီနိုင်ငံမှာ ၂ နှစ်ပဲ ရှိသေးတယ် ဆိုတာ သိတော့ ပိုပြီး စိတ်ဝင်တစား နဲ့ အမျိုးမျိုး ကို မေးသွားတယ်။ ဖြစ်နိုင်ချေ က နိုင်ငံရေးလောက က လူတွေ၊ ဒါမှမဟုတ် သတင်းလောက က လူတွေလား လို့အောင့်မေ့ မိတယ်။ ကျနော်က သူတို့ရဲ့ နယူးယောက် ကို ဘာလို့နေဖို့ ရွေးချယ် ဆိုတဲ့မေးခွန်း ကို နယူးယောက်ခ် ဟာ ကျနော်ရောက်ဖူးသမျှထဲမှာ ကမ္ဘာအဆန်ဆုံးနေရာ မို့လို့၊ ဒိုင်ဗာစီတီအများဆုံး နေရာမို့လို့ လို့ ဖြေခဲ့တယ်။ သူတို့ အင်မတန် သဘောကျ ကြတယ်။ သူကလည်း သူရောက်ခဲ့ဖူးတဲ့ နေရာတွေ ကို ပြောပြတယ်။ ဘူဒါပက်စ် လည်း ကမ္ဘာမဆန်၊ တိုကျို လည်း ကမ္ဘာမဆန် ဘူး တဲ့။ ကမ္ဘာဆန် တာကို သူတို့ အင်မတန် နှစ်ချိုက်ကြတယ်။ ကျနော်က ကျနော်တို့တိုင်းပြည်မှာ လူဦးရေ ၉၀% ကျော်ဟာ ဗမာတွေ ဖြစ်နေတယ်။ နောက် အများစု က ဗုဒ္ဓဘာသာဖြစ်နေတယ်၊ ပြောရရင် မိုနိုဆိုဆိုဒ်တီး ဖြစ်နေတယ်။ လူတွေက သူတို့သိတာကိုသာ အမှန်လို့ ဆုပ်ကိုင်၊ သူတို့ယုံကြည်တာကိုသာ ယုံကြည်နေကြတယ်။ အဲဒါမကောင်းပါဘူး။ ကျနော် ခု ဒီမှာ မတူညီကွဲပြားမှုတွေကို လေ့လာဆည်းပူးခွင့်ရတာ၊ ထိသိခွင့်ရတာ ကို အင်မတန်မှ နှစ်ချိုက်ရပါတယ် လို့ ပြောပြခဲ့တယ်။ Very true တဲ့။ တောင်ပိုင်း က လူတွေဟာ ခုထိ မိုနိုဆန်နေတယ်၊ မင်းပြောမှ ငါသတိထားမိတယ် တဲ့။ ငါက ၀ါရှင်တန်မှာ နေပေမယ့် တောင်ပိုင်းသားပါ တဲ့။ င့ါဇာတိ ကို ပြန်လိုက်တိုင်း သူတို့တွေ မိုနိုဆန် ကြတယ် တဲ့။ ကျနော်သုံးတဲ့ မိုနိုဆန်တယ် ဆိုတာကို သူတော်တော်သဘောကျသွားလေရဲ့။ ဒီမှာ တွေ့ကြုံ ထိသိ ရသမျှ ကို ကျနော်က ဗုဒ္ဓ၀ါဒပေတံနဲ့ တိုင်းပါတယ်။ တိုင်းတော့ လက်ခံလို့ရတာချည်းပဲ။ ဒီတော့ ဗုဒ္ဓ၀ါဒီတဦးအနေနဲ့ ဗုဒ္ဓ၀ါဒ ရဲ့ ယူနီဗာဆယ်ဖြစ်မှု ကို အင်မတန်နှစ်သက်ကျေနပ်မိတယ်။ ခုထိ ဗုဒ္ဓ၀ါဒဟာ လူသားဝါဒ ကို ကွဲလွဲ ဆန့်ကျင်တာ မမြင်မိသေးပါ။ မြန်မာတို့ မိရိုးဖလာစွဲ နေတဲ့ အစွဲတွေကသာ . . .ဖြောင့်ဖြောင့်ကြီး ကို ကွဲလွဲနေပေတော့တယ်။ ချိုတူးဇော် Pe Thet ကိုဖေသက် ဆီမှ တဆင့်ရှယ်ပါတယ်။
Posted on: Mon, 20 Jan 2014 17:24:32 +0000

Trending Topics



Recently Viewed Topics




© 2015