မလေးရှားနိုင်ငံက - TopicsExpress



          

မလေးရှားနိုင်ငံက ပြန်လာလိုသော မြန်မာအလုပ်သမားများအတွက် သတ်မှတ် ဒဏ်ကြေးရင်းဂစ်(၃၀၀၀)၊(၂၀၀၀)အစားရင်းဂစ်(၄၀၀)နှင့် လူဦးရေကန့်သတ်ပြီး ခွင့်ပြုပေးသွားရန် မလေးရှားနိုင်ငံဘက်မှသဘောတူညီ ခဲ့ကြောင်းမလေးရှားရောက် မြန်မာများနေရပ်ပြန်ရန် ကူညီဆောင်ရွက်နေ သောဧရာဝတီဖောင်ဒေးရှင်းမှ ဦးအောင်မျိုးစောကပြောသည်။မလေးရှားနိုင်ငံ တွင် ဗီဇာသက်တမ်းကျော်လွန်သွားပြီး နေရပ်ပြန်လာလိုသော အလုပ်သမား များကိုပတ်စပို့ရှိရင်ရင်းဂစ်(၂၀၀၀)၊ပတ်စပို့မရှိရင် ရင်းဂစ်(၃၀၀၀)ဒဏ်ကြေး ပေးဆောင်ရမည်ဟုမူလက သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသတ်မှတ်ကြေး အစားရင်းဂစ်(၄၀၀)နှင့် ပြန်လည်ခွင့်ပြုပေးရန် မြန်မာသံရုံး၏ ညှိနှိုင်းမှုအပေါ် ဦးရေကန့်သတ်ချက်ဖြင့် ခွင့်ပြုပေးသွားမည်ဟုသဘောတူခဲ့ခြင်း ဖြစ်သည်။ထိုကိစ္စနှင့် ပတ်သက်ပြီးဧရာဝတီဖောင်ဒေးရှင်းမှဦးအောင်မျိုးစော က“ဒီဒဏ်ကြေးတွေကအရင်ကတည်းက မလေးရှားနိုင်ငံရဲ့လ၀ကဥပဒေနဲ့ သတ်မှတ်ထားတာပါ။ဒီကြားထဲမှာဆောင်ရွက်တဲ့အစီအစဉ်တစ်ခုအရ ရင်းဂစ်(၄၀၀)နဲ့သတ် မှတ်ပေးထားတာ။အခုအရင်အတိုင်းပြန်ဖြစ် သွားတာပေါ့။ဒါပေမယ့်ပြန်လာလိုတဲ့(CI)ထုတ်ပြီးတဲ့ မြန်မာတွေအများကြီးပဲ။ ရင်းဂစ်(၃၀၀၀)ဆိုမတတ်နိုင်ကြဘူး။ဒါ့ကြောင့်မြန်မာသံရုံးကရင်းဂစ်(၄၀၀) နဲ့ပြန်စီစဉ်ပေးဖို့တောင်းဆိုခဲ့တာ။ သူတို့ဘက်က(CI)ထုတ်ပြီးတဲ့သူတွေထဲက မှလူဦးရေဘယ်လောက်ဆိုပြီး အကန့်အသတ်နဲ့ခွင့်ပြုပေးမယ်လို့သိရတယ်” ဟုပြောသည်။မလေးရှားနိုင်ငံမှ ပြန်လာလိုသော မြန်မာအလုပ်သမားများ အနက်ဦးရေ(၁၀၀၀)ကိုဧရာဝတီဖောင်ဒေးရှင်းက(MAI)လေကြောင်းလိုင်းနှင့် ပူးပေါင်းပြီးလေယာဉ်လက်မှတ် ကုန်ကျခံပေးနေခြင်းဖြစ်ပြီးအလုပ်သမား (၉၀၀)ကျော်ကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးပြီဟု သတင်းရရှိသည်။ Csv Car Rental Thank you Best regards, Cservice ( myanmar) myanmar.myanmar9@gmail +959 450 044 220
Posted on: Fri, 16 Aug 2013 04:38:32 +0000

Trending Topics



Recently Viewed Topics




© 2015