မလေးရှားနိုင်ငံက - TopicsExpress



          

မလေးရှားနိုင်ငံက ပြန်လာတဲ့ မြန်မာအလုပ်သမား ၅၅ ဦးလုပ်ငန်းခွင်ပြန်ဝင် Submitted by modern on Fri, 2013-07-05 ရန်ကုန် ၊ ဇူလိုင် ၄ - မလေးရှားနိုင်ငံက ပြန်ရောက်လာတဲ့ အလုပ်သမား တွေထဲက ၈၂ ဦး အလုပ်လျှောက်ထားရာ ၅၅ ဦးကို အလုပ်သွင်းပေးနိုင်ခဲ့ ကြောင်းလို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။ မလေးရှားနိုင်ငံမှာ အဆင်မပြေလို့ ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ အလုပ်လိုချင်တယ်ဆိုရင် ဆက်သွယ်နိုင်ပါတယ်၊ အခု ၈၂ ဦးအလုပ်လျှောက် ထားလာတဲ့အထဲက ၅၅ ဦးကို သူတို့ကျွမ်းကျင်ရာ လုပ်ငန်းခွင်တွေမှာအလုပ် ပြန်သွင်းပေးပြီးဖြစ်တယ် လို့ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေး ရာကိစ္စရပ်များအားလုံး ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ Com-plaint Mecha nism မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တခြားအလုပ်လျှောက်ထားတဲ့သူတွေကိုလည်းအလုပ်ရအောင် ဆက်လက် ဖြေရှင်းမှာ ဖြစ်တယ်လို့ ဆိုတယ်။ ပုဂ္ဂလိကကုမ္ဗဏီဖြစ်တဲ့တွင်ခုံလုပ်ငန်း၊ ဝရိန်လုပ်ငန်းနဲ့ အအေးခန်းစက်ရုံတွေမှာ အလုပ်သွင်းပေးထားတယ်။ အလုပ် လျှောက်ထားသူရဲ့ ကျွမ်းကျင်ရာလုပ်ငန်းခွင်တွေထဲမှာဝင်ရောက်လုပ်ကိုင် နိုင်အောင်ချိတ်ဆက်ညှိနှိုင်းပေးမှာဖြစ်တယ်။ ပြည်တွင်းအလုပ်သမားအရေးကိစ္စတွေကိုလည်း ဖြေရှင်းပေးနေတယ်လို့ သိရတယ်။ အလုပ်ထုတ်ခံရပြီးနစ်နာကြေးလိုချင်တဲ့ အလုပ်သမားအရေးတွေ နဲ့ပတ်သက်ပြီး ဒေသဆိုင်ရာအလုပ်သမားဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဖြေရှင်း ဆောင်ရွက်ပေးနေတာဖြစ်တယ်။ အလုပ်ရှင်၊ အလုပ်သမား၊ ဝန်ကြီးဌာန သုံးဖက်ညှိနှိုင်းဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ နစ်နာမှုကိုတိုင်ကြားချင်ရင် လမ်း ညွှန်ပေးမယ်လို့ဆိုတယ်။ ပြည်တွင်းပြည်ပက အလုပ်သမားရေးရာကိစ္စရပ်တွေကို Complaint Mechanism ကို ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။ ဖြေရှင်းပေးလို့ရ တဲ့ကိစ္စရပ်တွေကို ချက်ချင်းဖြေရှင်းပေးမှာ ဖြစ်တယ်လို့ ဆိုတယ်။ ပြဿနာ ဖြစ်ပွားရာဒေသက အလုပ်သမားတွေဘယ်တိုင်ရမှန်းမသိဘူးဆိုရင်လည်း သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနတွေမှာ ဘယ်လိုဆက်သွယ်ဖြေရှင်းရ မယ်ဆိုတာကို ကူညီပေးမှာဖြစ်တယ်။ Complaint Mechanism ကို နေ ပြည်တော် အလုပ်သမားဝန်ကြီးဌာန လက်အောက်မှာဖွင့်ထားပေးပြီး ဆက် သွယ်ရမယ့်ဖုန်းက ဝ၆၇၄၃၀၁ ၈၄၊ ဝ၆၇၄၃၀၂၈၄ ဖြစ်ပါတယ်။ အေးချမ်းမွန် Credit To > The Modern News Journal< Thank Re-post By ACM 5-7-2013
Posted on: Fri, 05 Jul 2013 08:28:53 +0000

Trending Topics



Recently Viewed Topics




© 2015