မင်းသားချော - TopicsExpress



          

မင်းသားချော ဆောင်ဂျွန်ကီ စစ်မှုထမ်းပြီ အောင်သုတ တောင်ကိုရီးယား မင်းသားချော ဆောင်ဂျွန်ကီဟာ ၂၁ လကြာမြင့်မယ့် တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်း တာဝန်ကို ထမ်းဆောင်ဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစတင်ပြီး ထွက်ခွာသွားပြီလို့ သိရပါတယ်။ စစ်တပ်ထဲသို့ တရား ၀င် မ၀င်ရောက်ခင်မှာ ဆောင်ဂျွန်ကီဟာ ပရိသတ်တွေကို နောက်ဆုံး နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ဒီပွဲမှာ ဆောင် ကို စစ်တပ်ရဲ့ဆံပင်ပုံစံသစ်နဲ့ မြင်တွေ့ခဲ့ရပြီး ဆောင်က ပရိသတ်တွေကို နှုတ်ဆက်စကားဆိုခဲ့ပါတယ်။ ပရိသတ် ၁၀၀ ကျော်လာရောက်ခဲ့တဲ့ ဒီနှုတ်ဆက်ပွဲမှာ ဆောင်က တကူးတက လာရောက်နှုတ်ဆက်ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ကိုယ်လက်ခန္ဓာ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်းဟာ အနည်းဆုံး ၂၁ လ ကနေ ၂၄ လ အကြား စစ်မှုမထမ်းမနေရ ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ မင်းသားဆောင်ဟာ "Sungkyunkwan Scandal" ဇာတ်လမ်းတွဲနဲ့ "Running Man" ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်လာခဲ့တာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအမြောက်အမြားနဲ့ ဇာတ်လမ်း တွဲအမြောက်အမြားမှာ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံ တွေမှာပါ နာမည်ကျော် မင်းသားတစ်ဦးအဖြစ် ရပ်တည်နေနိုင်သူဖြစ်ပြီး သရုပ်ဆောင် ထူးချွန်ဆုတွေလည်း ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
Posted on: Thu, 29 Aug 2013 10:24:24 +0000

Trending Topics



ody" style="min-height:30px;">
William Luiz copiei da internet: Pessoal, questoes de filosofia

Recently Viewed Topics




© 2015