မြန်မာ-အမေရိကန် - TopicsExpress



          

မြန်မာ-အမေရိကန် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ် လက်မှတ် ရေးထိုး Friday, June 28, 2013 အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာ-အမေရိကန် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်ကို ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် အမေရိကန် သံအမတ်ကြီး H.E. Mr. Derek J. Mitchell တို့ လက်မှတ် ရေးထိုး ခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဆက်အောင်က ယခုသဘောတူ စာချုပ်သည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မိမိတို့နှစ် နိုင်ငံအကြား ပထမဆုံး ဖွင့်လှစ်သည့် ကဏ္ဍသစ် ဖြစ်ပြီး စီးပွားရေး၊ နည်းပညာနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို အမေရိကန် အစိုးရမှ မြန်မာ အစိုးရသို့ ပေးအပ်သွား မည်ဟု သိရှိရကြောင်း၊ ယခုလက်မှတ် ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများ အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်ဆံမှု ကိစ္စရပ်များပါ တိုးတက်လာ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သံအမတ်ကြီး H.E. Mr. Derek J. Mitchell က မြန်မာ အစိုးရသစ် တာဝန်ယူသည့် ကာလအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အလွန်သိသာ ထင်ရှား လာခဲ့ကြောင်း၊ ယခု နှစ်နိုင်ငံ သဘောတူ ညီချက်ကို လက်မှတ် ရေးထိုးခြင်းဖြင့် အဆိုပါ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် ဖြစ်ပေါ်စေရန် အထောက် အကူပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်း သိရသည်။ မြ၀တီ
Posted on: Fri, 28 Jun 2013 05:34:50 +0000

Trending Topics



Recently Viewed Topics




© 2015