မြန်မာနိုင်ငံတွင် - TopicsExpress



          

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင် ရှားပါးမှုနှင့် အသိပညာ နည်းပါးမှုတို့ကြောင့် လူကုန်ကူးခံရမှု အများဆုံးဖြစ် Eleven Created on Sunday, 08 September 2013 02:34 မြန်မာနိုင်ငံတွင် အသိပညာ နည်းပါးမှု၊ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် လူကုန်ကူးခံရမှု အများဆုံး ဖြစ်နေကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် ပြုလုပ်သော လူကုန်ကူးမှု အသိပညာပေးရေး အစီအစဉ်တွင် တက်ရောက်လာသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ဆောင်နေသည့် အဖွဲ့ အစည်းများက ပြောကြားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုရဲမှူးချုပ် ခင်မောင်စီက "မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှု အများဆုံး ဖြစ်နေတာက ဆင်းရဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာ နည်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှု အဲဒါတွေကြောင့် လူကုန်ကူးခံရမှု အများဆုံး ဖြစ်နေတယ်။ တချို့ဘွဲ့ရတွေတောင်မှ လူကုန်ကူးခံနေရတာကို တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ပြင်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ပြီး ပွဲစားတွေက အလိမ်ခံရတာတွေ ကနေတစ်ဆင့် လူကုန်ကူး ခံရတယ်။ ပြီးတော့ အတတ်ပညာ တစ်ခုတည်းကိုပဲတတ်တဲ့ တစ်ခုကောင်း ကျွမ်းကျင်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ လုပ်ငန်းရှင်ကြီးတွေ စုပေါင်းပြီး ရေထွက်ပစ္စည်း စက်ရုံကြီးတွေ၊ အထည်ချုပ် စက်ရုံကြီးတွေ ရှိလာမယ်ဆိုရင် သူတို့တွေအနေနဲ့ ပြင်ပကိုသွားပြီး အလုပ်လုပ်စရာ မလိုတော့ဘူး။ အဲဒီနည်းလမ်းနဲ့ လူကုန်ကူးခံရမှုကို တစ်စိတ်တစ်ဒေသ တားဆီးနိုင်မယ်" ဟု ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ၂၀ ဒသမ ၉ သန်းမှာ လုပ်အားအမြတ်ထုတ် ကျွန်ပြုခြင်းကို ခံနေရပြီး ၂၀၁၂ ခုနှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် လူဦးရေ တစ်ထောင်တွင် သုံးယောက်မှာ လုပ်အားအမြတ်ထုတ် ကျွန်ပြုခြင်းကို ခံနေရကြောင်း စာရင်းများအရ ၎င်းကပြောကြားခဲ့သည်။
Posted on: Sun, 08 Sep 2013 06:13:08 +0000

Trending Topics



Recently Viewed Topics




© 2015