မဟူရာ - TopicsExpress



          

မဟူရာ သစ်တောကြိုးဝိုင်း တဲ့ ------------------------------ နာမည် လေးက ကဗျာဆန်လှ ပါတယ်.....ဖွံ့ဖြိုးတိုးတက်တယ်လို့ထင်ရတဲ့ ရန်ကုန်တိုင်း ဆိုသော်လည်း ....အစွန်အစပ်က....နေရာလေးတွေ မှာ အခက်အခဲရှိနေဆဲ....ခက်ခဲတဲ့ လမ်းပန်းဆက်သွယ်ရေးက ကျန်းမာရေး လူမှုရေး...ရုန်းကန်နေရဆဲပါ...။ ခြုံပုတ်ငယ်တို့ ဖြင့်စိမ်းလန်းခြင်းဝတ်ရုံ မလုံ့တလုံ ဖုံးလွှမ်းအပ်သော မဟူရာသည် တစ်ချိန်က ညှို့မှိုင်း အုံ့ဆိုင်းခဲ့သော တော ကို လွမ်းမောနေသယောင်...။ သစ်ပင် ဝါးပင်တို့ ရဲ့ဈာပန အဖြစ်တင်ဆောင်သွားသော ကားကြီးကြီး များနောက်မှ မချမ်းမြေ့သော စိတ်နှလုံး သည် မည် သူ့ကို မှ အပြစ်တင်လိုစိတ်ပင်မရှိ....။ ဘာဆက်လုပ်ကြမည်လဲ...ဒါဟာအရေးကြီးလှပါတယ်..။ ကျေးရွာ များတွင် ပို့ချ လေ့ရှိသော ကျွန်မ ရဲ့ စိုက်ပျိုးရေးသင်တန်းကို Agro-forestry Training ဆိုတဲ့ ခေါင်းစဉ် နဲ့ အတူ နာမကျန်း သည့် တောတောင် တို့ရဲ့ ကိုပြုစု ကုသရာမှာ ပါဝင်ခွင့်ရခြင်း သည် ကျွန်မ ဘဝ ရဲ့ စာမျက်နှာ တစ်ခု အဖြစ် မှတ်တမ်းပြုလိုလှပါတယ်..။ ငွေရှင် ကြေးရှင် တို့ရဲ့ ဘူဒိုဇာဖြင့် ထိုးကော် စိုက်ပျိုးအပ်သော ရာဘာခင်း များ ကြားမှာ ဒေသခံတို့ ရဲ့ ဝမ်းစာ အဖြစ် မှီတည် ခိုကိုးရာ Community Forest များ တိုးတက်လာပါစေကြာင်း ဆုတောင်းရပါတယ်..။ မဟူရာမှ အပြန် ၃.၁၁.၂၀၁၃ လှည်းကူမြို့နယ် ၊ရန်ကုန်တိုင်း
Posted on: Mon, 04 Nov 2013 01:00:05 +0000

Trending Topics



Recently Viewed Topics




© 2015