မိမိတို့ Facebook တွင်ပြန် share - TopicsExpress



          

မိမိတို့ Facebook တွင်ပြန် share ပေးခြင်းဖြင့် ကုသိုလ်ယူပေးကြပါရန် ------------------------------ ချစ်ခင်လေးစားရပါသော facebook မှမောင်နှမများခင်ဗျာ........ ဒီစာစုလေးကို အလေးအနက်ထား အချိန်လေးနဲနဲပေးပြီး ဖတ်ကြည့်စေချင်ပါတယ် ဒီနေ့ဟာ ကျွန်တော့အကောင့်မှာ မိတ်ဆွေသူငယ်ချင်း အယောက်တစ်ထောင်ပြည့်တဲ့နေ့ပါ လူတော်တော်များများဟာ ဟိုင်း ဟယ်လို နေကောင်းလား စားပြီးပြီလား အခုဘယ်မှာလဲ ဘာအလုပ်လုပ်လဲ ဓာတ်ပုံပို့ပေးလို့ရမလား ဖုံးနံပါတ်လေး သိချင်တယ် စသည်ဖြင့်ပေါ့ ဒီစကားတွေကိုဘဲ နေ့တိုင်းနီးပါး ပြောဆိုခဲ့ကြရတာကျွန်တော်အပါအဝင်ဘဲဆိုပါတော့(အားလုံးကိုမဆိုလိုပါ) ရီစရာတွေပြောကြ နောက်ပြောင်လိုက် စိတ်ဆိုးလိုက်နဲ့ ပျော်စရာကောင်းခဲ့တာတော့ အမှန်ပါ ဒါပေမဲ့ အလွန်ဆုံး သုံးရက်လောက်လဲ မနားတမ်းပြောပြီးရော ပြောစရာစကားမရှိတော့ဘဲ ရပ်သွားရတဲ့ အဖြစ်မျိုးကို ကြုံဖူးကြလိမ့်မယ်လို့ ထင်ပါတယ် ဒီတော့ အကျိုးရှိအောင် ငါတို့ဘာလုပ်ကြမလဲလို့ ကျွန်တော်စဉ်းစားကြည့်တယ် ကျွန်တော့မှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလုံးဝကင်းရှင်းပြီး ဘာသာလူမျိုးမခွဲဘဲ စစ်မှန်တဲ့ အွန်လိုင်းလူမှုကွန်ယက်တစ်ခုကို တည်ဆောက်ချင်ပါတယ် တစ်နေ့တာ အတွင်းမှာ ကျွန်တော်တို့သူငယ်ချင်းတွေ အားလုံးရဲ့ အင်တာနက်အသုံးစရိတ်ဟာ အနည်းဆုံးပျမ်းမျှ ငါးရာကျပ်တော့ ရှိကြလိမ့်မယ်ထင်ပါတယ် ဒီတော့ တစ်လကို တစ်သောင်းခွဲကျပ်ရှိပါတယ် ကျွန်တော်ဆိုလိုတာက အဲ့ဒီတစ်သောင်းခွဲ ကျပ်ထဲကမှ တစ်ထောင်ကျပ် (တစ်လမှာတစ်ထောင်ကျပ်)ကို အများကောင်းကျိုးအတွက် ဖြစ်စေချင်ပါတယ် ကျွန်တော့မှာ အခုသူငယ်ချင်း အယောက်တစ်ထောင် ရှိနေတော့ အကယ်၍သာ အားလုံး ပါဝင်ကူညီမယ်ဆိုရင် တစ်လ ဆယ်သိန်းကျပ်ရရှိမှာပါ ဖြစ်ပါတယ် တစ်ကယ်တော့ တစ်လဆယ်သိန်းဆိုတဲ့ ပိုက်ဆံဟာ ကျွန်တော်အပါအဝင် သာမာန်လူတစ်ယောက်ရဲ့ တစ်နှစ်ပတ်လုံးရဲ့ လုပ်အားခနဲ့ ညီမျှပါတယ် တစ်ဦးချင်းဆီမှာ ဘာမှမသိသာပေမဲ့ စုပေါင်းလိုက်တော့ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး ပိုက်ဆံချမ်းသာတဲ့ လူတစ်ယောက်အတွက်တော့ တန်ဖိုးမဲ့တဲ့ တစ်ရက်စာ အသုံးစာရိတ်လောက်ဘဲ ရှိမှာပေါ့ ကျွန်တော်ဆိုလိုတာက စိတ်ထားတတ်ဖို့ပါ အဲဒီတော့ ဒီလိုတစ်လတစ်ကြိမ်ရလာတဲ့ ဒီဆယ်သိန်းကျပ်ကို အဖွဲ့ဝင်တွေထဲက အားလုံးရဲ့ ဆန္ဒနဲ့ရွေးချယ်ပြီး စိတ်ချရတဲ့ တစ်ယောက်မှာ သိမ်းထားမှာဖြစ်ပါတယ် ဒီလိုရရှိလာတဲ့ငွေကို ဘာလုပ်ကြမလဲလို့ စဉ်းစားကြည့်ကြရအောင် ကျွန်တော်တို့ မြန်မာပြည်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်ဆိုတာ အားလုံး သိကြတဲ့အတိုင်းပါဘဲ ဥပမာ- နာရေးကိစ္စ မိဘမဲ့ခလေးတွေ ရခိုင်ကချင်ဒုက္ခသည် အေ့စ်ဝေဒနာရှင် မီးဖွားစရိတ်မရှိတဲ့ ကိုယ်ဝန်ဆောင်တွေ ဆွမ်းကွမ်းမပြည့်စုံတဲ့ ဘုန်းကြီးကျောင်း ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရတဲ့ ခလေးများ စာသင်ကျောင်းမရှိတဲ့ကျေးရွာ စသည်ဖြင့်ပေါ့ အများကြီးရှိပါတယ် ဒီတော့ ကျွန်တော်တို့ဟာ အားလုံးကို လိုက်မလုပ်ပေးနိုင်ပေမဲ့ ခေါင်းစဉ်တစ်ခုရဲ့ လိုအပ်ချက်ကိုတော့ တတ်အားသ၍ ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ် ဒါကလဲအားလုံးရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ ရွေးချယ်မှုကိုဘဲဦးစားပေးပြီး စဉ်းစားသွားမှာပါ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုပေမဲ့ မလုပ်ဘဲထိုင်နေတဲ့ လူတွေထက်စာရင်တော့ ကျွန်တော်တို့လုပ်ရပ်ဟာ အများကြီး အကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ် စမိတဲ့ခြေလှမ်းတိုင်းဟာလဲ တန်ဖိုးရှိနေမယ်လို့ ယုံကြည်ထားပါတယ် ကျွန်တော်တို့ရဲ့ ဒီအိပ်မက်တွေဟာ မဝေးတော့တဲ့ တစ်နေ့မှာ လက်တွေ့ အကောင်အထည်ပေါ်လာပြီး လက်တွဲညီခဲ့မယ်ဆိုရင် ယခုလက်ရှိ NGO တွေထက် သာလွန်သွားနိုင်လိမ့်မယ်လို့လဲ အကြွင်းမဲ့ ယုံကြည်ထားပါတယ် လက်တွေ့အကောင်အထည်ပေါ်ဖို့အတွက်မောင်နှမများဆီမှာ ဒီထက်ပိုကောင်းတဲ့ အကြံဉာဏ်များရှိနေခဲ့ရင်လဲ ကျွန်တော် လိုက်နာဖို့အသင့်ပြင်ထားပါတယ် နိဂုံးအနေနဲ့ပြောရရင် ကျွန်တော်တို့ ဒီအဖွဲ့လေးမှာ ခေါင်းဆောင်ဆိုတာ မရှိပါဘူး အားလုံးဟာ ခေါင်းဆောင်တွေပါဘဲဆိုတာ ပြောရင်း ဒီစာစုလေးကို အချိန်ပေး ဖတ်ရှူပေးနေသော အနယ်နယ်အရပ်ရပ်မှ မောင်နှမများအားလုံး ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေလို့ လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ်....မြန်မာဖောင့်မရှိတဲ့မောင်နှမတွေအတွက်လဲ အင်္ဂလိပ်လိုရေးပေးထားပါတယ် ဖြစ်နိုင်ရင်တော့ ဒီစာနှစ်စောင်လုံးကို ပြန်လည်မျှဝေ ပေးစေချင်ပါတယ် အသေးစိပ် အစီအစဉ်တွေကိုလဲ ကျွန်တော် ဉာဏ်မှီသလောက် ပြုစုထားပါတယ် စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါ ငယ်သူကြီးသူ အားလုံးကို တန်ဖိုးထားပြီး ဦးထိပ်မှာပန် အစဉ်ရွက်ပိုးထားနေမဲ့....., (Writer by Thura Naing) Online Family Organization (OFO) (22.Aug.2013) 09-420106742 veryloveman@gmail
Posted on: Sun, 15 Sep 2013 00:05:27 +0000

Trending Topics



Recently Viewed Topics




© 2015