မုတ္တမကမ်းလွန် လုပ်ကွက် - TopicsExpress



          

မုတ္တမကမ်းလွန် လုပ်ကွက် M3 ၌ PTTEPI ကုမ္ပဏီမှ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက် ထပ်မံတွေ့ရှိ Friday, 12 July 2013 မုတ္တမကမ်းလွန် လုပ်ကွက် M3 ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံ PTTEPI ကုမ္ပဏီမှ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ PTTEPI ကုမ္ပဏီမှ အဆိုပါ ဧရိယာအတွင်း အသေးစိတ် တိုင်းတာလေ့လာမှုများ ထပ်မံဆောင်ရွက်ကာ ပထမအဆင့်အဖြစ် ရှာဖွေရေးတွင် အောင်သင်္ခ(၂) ကို တူးဖော်ကာ စမ်းသပ်မှုအရ အဆိုပါ ဧရိယာ၏ အရှေ့ဘက်ပိုင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မည့် ဘူမိဗေဒ အနေအထားများအား တိုင်းတာတွေ့ရှိကာ ဒုတိယအဆင့် အဖြစ် အောင်သင်္ခ(၅) နှင့် (၆)တို့ တူးဖော်ခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုက်အား ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အသစ်ထပ်မံ တွေ့ရှိလာသည့် အောင်သင်္ခ သဘာဝဓာတ်ငွေ့ သိုက်အား ရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေး တွက်ခြေကိုက်မှု ပမာဏအား တွက်ချက်ပြီး ပြည်တွင်း သို့ ဖြန့်ဖြူးနိုင် ရန်အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်း မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း... စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လက်ရှိ အသစ်ထပ်မံ တွေ့ရှိလာ သည့် အောင် သ င်္ခ သဘာဝဓာတ်ငွေ့ သိုက်အား ရှာဖွေတူးဖော်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေး တွက်ခြေကိုက်မှု ပမာဏအား တွက်ချက်ပြီး ပြည်တွင်းသို့ ဖြန့်ဖြူးနိုင်ရန် အတွက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာ့ကမ်းနီး၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၀ တွင် လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ကုမ္ပဏီ ၆၁ ခု ပါဝင်သော ပဏာ မ ရွေးချယ်ခံရသူ စာရင်းကို ဇူလိုင် ၄ ရက်တွင် စွမ်းအင် ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ထိပ်သီး ကုမ္ပဏီများ ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။ ကမ္ဘာ့ထိပ်သီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ ဖြစ်သော Chevron၊ Exxon Mobil၊ ConocoPhilips၊ Shell၊ Unocal၊ Total ကုမ္ပဏီများနှင့် ဒေ သတွင်း နာမည်ကျော် ကုမ္ပဏီများ ဖြစ်သော Oil India၊ GAIL၊ CNPC၊ Coastal၊ JX Nippon၊ Korea National Oil၊ Daewoo၊ Korea Gas၊ PTTEP စသည့် ကုမ္ပဏီများလည်း ပဏာမ စာရင်းတွင် ပါဝင်လာကြောင်း သတင်းရရှိသည်။ ကမ်းနီးကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ခေါ်ယူမှုတွင် ရခိုင်မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် ၁၂ ကွက်၊ မုတ္တမကွေ့မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် သုံးကွက်နှင့် တနင်္သာရီမှ ကမ်းနီးလုပ်ကွက် ငါးကွက်၊ ကမ်းဝေးလုပ်ကွက် လေးကွက် ပါဝင်ကြောင်း သိရသည်။ Eleven Media Group
Posted on: Fri, 12 Jul 2013 03:54:07 +0000

Trending Topics



r>
FACEBOOK JUST RELEASED THEIR PRICE GRID FOR MEMBERSHIP. $9.99 PER
****FOR SALE (to bad of weather for a garage sale)**** Jamie
What an awesome day! Manchester is an amazing community. With
»MejorClothesVille FAQS« ★ FAQs (Frequently Asked
cu0d2439 Mon Platin 12 in 1 Multi-Action Hair Cream 8.5 OZ (250
The Jezebel spirit releases witchcraft against your mind and
Cheap Price Birkenstock 'Gizeh' Birko-Flor™ Thong If you are

Recently Viewed Topics




© 2015