မုဒိမ်းကျင့်ခံရသော - TopicsExpress



          

မုဒိမ်းကျင့်ခံရသော မြန်မာအမျိုးသမီး မလေးရှားအစိုးရ ကျပ်သိန်း တစ်ရာကျော် နစ်နာကြေးပေး The Voice Weekly 4 hours ago near Yangon, Myanmar ရန်ကုန်၊ စက်တင်ဘာ ၁၉ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့် ခံခဲ့ရသည့် မြန်မာအမျိုးသမီးကို မလေးရှား အစိုးရက နစ်နာကြေးအဖြစ် ကျပ်သိန်းတစ်ရာကျော် စက်တင်ဘာလ ဒုတိယပတ် အတွင်း ပေးအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ အဆိုပါ မြန်မာအမျိုးသမီး လုပ်သားနစ်နာကြေး ရရှိရေး၊ လုံခြုံမှုအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးထားကြောင်း၊ အခြားကိစ္စရပ်များကို ကာယကံရှင်၏ ဂုဏ်သိက္ခာအရ ပြောဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။ ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဦးမျိုးအောင်က ဆိုသည်။ အဆိုပါ ဂျိုဟိုးပြည်နယ်တွင် ၂၀၁၂ ခုနှစ်ကလည်း ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး မုဒိမ်းကျင့် ခံခဲ့ရဖူးကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒအရှက်တရားနှင့် ဂုဏ်သိက္ခာများအား ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD(LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ (ထက်အောင်ဖြိုး)
Posted on: Fri, 20 Sep 2013 09:10:47 +0000

Trending Topics



Recently Viewed Topics




© 2015