ယနေ့ ကမ္ဘာဟာ - TopicsExpress



          

ယနေ့ ကမ္ဘာဟာ ယဉ်ကျေးမှုပေါင်းစုံ ၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြတဲ့ ပုံဏ္ဍာန် ဖြစ်လာပါတယ်။ အရှေ့ အနောက် ယဉ်ကျေးမှု တွေ ပေါင်းစည်းဖလှယ် ရင်း ... မြန်မာတွေလည်း သျှောင်ထုံး ထိုးကွင်းကနေ ... အီမို ပန့်ခ်ျ နဲ့ တက်တူး ယဉ်ကျေးမှုကို ပြောင်းခဲ့ပြီ ... ရင်ဖုံး နဲ့ ဆံထုံးကလည်း စွတ်ကျယ် မီနီစကဒ်နဲ့ အော်လ်တာ ပုံပြောင်းခဲ့ပြီ ... အစားအသောက်နေထိုင်မှု ပုံစံတွေလည်း သိသိ သာသာ ပြောင်းလဲခဲ့ပါပြီ ... ဂင်ချီ ရေညှိထမင်းလိပ်က စလို့ ဟော့ပေါ့ စားတတ် ခဲ့ပြီ ... ဟမ်ဘာဂါ ဆင်းဒ၀စ်နဲ့ ပီဇာ ... ငါးကိုတောင် အစိမ်းစားတတ်ခဲ့ကြပြီ။ လစ်ဗင်းတူဂဲသား ဆိုတာ ဖက်ရှင်လို့ မြင်တတ်တဲ့ ခေတ်ရေစီးကြောင်း မေတ္တာတရား ခေါင်းပါးမှု သရုပ်ကိုလည်း ဖော်တတ်ခဲ့ပြီ ...။ အရှေ့ အနောက် ကွာခြားမှု ဘောင်ကလည်း တဖြည်းဖြည်း ကျဉ်းသထက် ကျဉ်းလာခဲ့တယ်။ ဒီလို ယဉ်ကျေးမှု အကျင့်စရိုက်တွေ ကူးလူးဆက်သွယ်လာမှု ကျယ်ပြန့်လာခြင်း ဟာ တချိန်မှာ ယဉ်ကျေးမှု တခုတည်းသာ ရှိနေတော့မယ် အခြေအနေထိ ပေါင်း စည်းသွားနိုင်တယ်လို့ ... ဆင့်ကဲဖြစ်စဉ် ( Evolution Theory ) ကို လေ့လာတဲ့ ပညာရှင်တွေက ( Hypothesis ) တွေ ရေးတင်နေကြပါပြီ ... နောင် နှစ် နှစ်သိန်း ကျော် ကြာရင် ဒီကမ္ဘာကြီး ဟာ နေထိုင်မှု ပုံစံ ... အစားအသောက်တွေ သာမက ကိုးကွယ်ယုံကြည်မှု ... လူမျိုးစွဲ ... ၀ါဒ စွဲ တွေ တခုမှ မရှိတော့ပဲ .. ကမ္ဘာသူ ကမ္ဘာသား ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတကွ ပေါင်းစည်းမိကြမယ်လို့ သူတို့က ခန့်မှန်းပြောဆို နေကြပါတယ်။ ref; ဖြိုးသုတ & en.wikipedia.org/evolution
Posted on: Thu, 25 Jul 2013 05:27:40 +0000

Trending Topics



Recently Viewed Topics




© 2015