ယာယီသက်သေခံလက်မှတ် - TopicsExpress



          

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရသင့်ဟုဆို 04-08-2013 ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သော ဘင်္ဂါလီ လူမျိုးများ ၂၀၁၅ ခုနှစ်တွင် မဲပေးခွင့် မရသင့်ကြောင်း သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲတွင် ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ပြောကြားသည်။ White Card ကိုထားရှိခြင်းသည် အချုပ်အခြာအာဏာကို ထိခိုက်နိုင်ကာ နိုင်ငံရေးလက်နက် အနေဖြင့် အသုံးချခြင်းသည် တစ်နိုင်လုံးအတွက် လွန်စွာအန္တရာယ်များပြီး ပေးထားသူများကို ပြန်လည် စိစစ်အရေးယူသင့်ကြောင်း ၎င်းကပြောဆိုသည်။ White Card ကိစ္စသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောကြောင့် ပြည်သူ့ဆန္ဒ ခံယူပြီးမှသာ အစိုးရအနေနှင့် ဆောင်ရွက်သင့်ကြောင်း ရခိုင်သားကြီးစာပေမှ ဦးဦးလှမြင့်က ပြောကြားသည်။ White Card ကိုင်ဆောင်သူများသည် နိုင်ငံခြားသားများ ဖြစ်သည့်အတွက် မဲပေးခွင့် မရရှိသင့်ဘဲ အမေရိကန်နိုင်ငံတွင်လည်း အစိမ်းကတ် ကိုင်ဆောင်သူများသည် မဲပေးခွင့် မရကြောင်း ရခိုင် တိုင်းရင်းသား စာရေးဆရာ ဦးသာထွန်းနိုင်က ပြောကြားသည်။ စစ်တွေမြို့နယ် သဲချောင်းဘင်္ဂါလီ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဘင်္ဂါလီလူမျိုး ဦးမောင်မောင်ကမူ ရခိုင်ဒေသတွင် ဘင်္ဂါလီလူမျိုးများ နေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ကာ ၎င်းတို့သည် နိုင်ငံတွင်း နေထိုင်သော လူသားများ ဖြစ်သောကြောင့် မဲပေးပိုင်ခွင့် ရှိကြောင်း ပြောကြားသည်။ ၁၉၈၂ ခုနှစ်နောက်ပိုင်း မည်သည့် နိုင်ငံခြားသားမှ နိုင်ငံသား ဖြစ်ခွင့်မရှိတော့ဘဲ ၁၉၄၈ ခုနှစ်မတိုင်မီက အဘိုးအဘွား မိဘများ မြန်မာနိုင်ငံတွင် သေဆုံးပြီး အဖေ အမေနှင့် ကိုယ်တိုင် နိုင်ငံတွင်း မွေးသူများသည် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြောင်း၊ လက်ရှိမည်သည့် နိုင်ငံသားမှန်း မသိသူများကို White Card ထုတ်ပေးထားကာ ၎င်းတို့ကို နိုင်ငံတွင်း နေထိုင်ခွင့် ပေးထားပြီး ကျောင်းနေခွင့်နှင့် မဲပေးခွင့် ပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်ဟု ဇူလိုင် ၂၃ ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ The Voice Weekly
Posted on: Sun, 04 Aug 2013 12:58:26 +0000

Trending Topics



#Dear Anti Dev Anekdin to Dev Dar Page a Galagali Diye6o.
To demonstrate your support for including the captive orca Lolita

Recently Viewed Topics




© 2015