ရာသီကြို - TopicsExpress



          

ရာသီကြို ခြေစမ်းပွဲတွေမှာ အရူံးနဲ့စ အရူံးနဲ့သိမ်း.. နည်းပြသစ် ရဲ့ ပထမဆုံးပွဲမှာ အရူံးနဲ့ စ.. နည်းပြသစ်ရဲ့ အိမ်းကွင်းပွဲဦးထွက်မှာ အရူံးနဲ့စ.. အရူံးများစွာနဲ့ သံသရာ လည်နေတဲ့ မန်ယူ ၂၀၁၂-၂၀၁၃ ရာသီသစ်ရဲ့ အိမ်ကွင်းပွဲမှာ. အရူံးနဲ့ စတဲ့ မန်ယူ အသင်း အရူံးတွေထဲက သင်ခန်းစာယူပီး.. ပြန်လာနိုင်ပါစေလို့ ချဲလ်ဆီးဖန် တစ်ယောက်အနေနဲ့ တကယ်ရင်ထဲကနေ ဆုတောင်းပါတယ်. ဘာလို့လဲဆို လာမယ့် ရာသီမှာ ချန်ပီယံ ဆု စိန်ခေါ်နိုင်တာဆိုလို့ ချဲလ်ဆီး၊မန်စီးတီး ၊ မန်ယူ သုံးသင်းထဲ ရှိတဲ့ အထဲက မန်ယူသာ ပြိုင်ပွဲက စောစောစီးစီး ထွက်သွားခဲ့ရင် ပရီမီယားလိဂ် လို့ ကမ္ဘာကျော် လိဂ်ပြိုင်ပွဲ တစ်ခုက နှစ်ကောင်တည်းပြေးတဲ့ မြင်း ပြိုင်ပွဲလို.. ဆွဲဆောင်မှု အားနည်းသွားနိုင်လို့ပါ.. ဘောလုံးပွဲ ကို ချစ်မြတ်နိုးတဲ့ (အထူးသဖြင့် ပရီမီယားလိဂ်)ကို အားပေးတဲ့ဘောလုံးချစ် ပရိတ်သတ်တစ်ယောက်အနေနဲ့ ပထမ လာလီဂါ ၊ဒုတိယ ဘွန်းဒက်လီဂါ တို့လို့ နှစ်သင်းထဲပဲ ဖလားလုရတဲ့ အဖြစ်မျိုးကို မမြင်ချင်တာာ အမှန်ပါ အဲဒါကြောင့် နောက်ဆုံးအနေနဲ့ မစ္စတာ မိုးရက်စ် ကိုပြောချင်တာက အရူံးသံသရာ ထဲကနေ သင်ခင်းစာယူပီး.. လိုအပ်နေတဲ့(မန်ယူဖန်များ အသဲအသန် တောင့်တနေတဲ့ ကွင်လယ်လူကောင်းလူသစ်) တစ်ယောက် အမြန်ရှာဖွေ ၀ယ်ယူနိုင်ပီး ပရီမီယာလိဂ်ပြိုင်ပွဲထဲကို ၀င်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်.. မှတ်ချက်၊။ ။ အပြုသဘော သက်သက် ဝေဖန်ခြင်းပါ. Admin Prince Blue
Posted on: Sat, 10 Aug 2013 10:26:17 +0000

Trending Topics



Recently Viewed Topics




© 2015