ရင်ထဲ အသည်းထဲက - TopicsExpress



          

ရင်ထဲ အသည်းထဲက ချစ်ခင်လေးစားရပါသော မောင်ကြီး ဝီရသူ ဘုရား။ မောင်ကြီး ပေးလိုက်တဲ့ သဝဏ်လွှာကို နှမတော်လေး လက်ခံရရှိကြောင်းပါ။ အခုလို ကမ္ဘာကျော် ဆီလီဘရစ်တီကြီးထံမှ နှမတော်လို အညတရ တစ်ယောက်စီကို တခုတ်တရ စာလွှာပါးလိုက်သည့်အတွက် နှမတော်ရင်ထဲမှာ ကုလားဘုရားပွဲလှည့်သလိုမျိုး ရင်ဖို လှိုက်မော ရပါသည်ဘုရား။ နှမတော် လေး တို့ တစ်သိုက် မောင်ကြီး ဝီတို့ ကျောင်းတိုက်ကို ရောက်ခိုက်ဧည့်ဝတ်ကျေပွန်ကြောင်း ကိုလည်း မောင်ကြီးတို့ကျွေးမွေးသော မုရင်း ထမင်း ပဲကုလားဟင်းကြောင့် ယခုထက်တိုင် လေလည်တိုင်း သတိရမိကြောင်းပါဘုရာ့။ မောင်ကြီးဝီရဲ့ ပြောရက်လိုက်တဲ့ စကားတွေနဲ့ နူးညံ့ပြီး အကွက်စိတ် လှတဲ့ အသုံးအနှုန်းတွေကြောင့် နှမတော်လေးမှာ ကာမပိုင် လင်ယောကျာ်းနဲ့ သားတော်လေးသာ မရှိခဲ့ရင် အခုချက်ချင်း အပြေးတစ်ပိုင်းနဲ့ မန္တလေး ရွှေမြို့တော်ကြီးဆီသို့ အရောက်လာပြီး မောင်ကြီးဝီရဲ့ ခြေတော်ရင်းမှာ ဒူးတုပ်ခစား ချင်စိတ်တောင်ဖြစ်မိပါသည် ဘုရား။ သည်းညည်း ခံပြီး ကန်တော့ဆွမ်း ပါလို့ပဲ ပြောတော်မူပါရစေဘုရာ့။ သို့ပေမဲ့လည်း နှမတော်လေး နားမလည်နိုင်ဖြစ်ရတာကတော့ အပေါ်ပိုင်းက စကားလုံးတွေမှာ မောင်ကြီး ဝီဟာ ဘယ်လို မေတ္ထာစိတ်ထားရှိကြောင်း၊ငြိမ်းချမ်းရေးကို ရှေးရှူကြောင်း ဘယ်လောက်ပင် ဖောင်ဖွဲ့အောင် ရေးသားထားသော်လည်း စာရဲ့ အဆုံးမှာတော့ အကြမ်းဖက်သမားကြီး လို့ မောင်ကြီးဘာသာ မောင်ကြီး တံဆိပ်ခပ်နှိပ်ထားခဲ့တာတော့ နှမတော်လေး အနေနဲ့ ဘယ်လိုမှ နားမလည်အောင် ဖြစ်ခဲ့ရပါသည် ဘုရား။ ဗမာဘင်လာဒင်တို့၊ နာဇီလက်သစ်တို့၊ နာဇီကတုံးတို့၊ မြန်မာ အိုစမာတို့ဟာ facebook မှာ ကုလားတွေပေးထားတဲ့ နာမည်တွေသက်သက်ပါလို့ တော့သူငယ်နာ မစင်သလို ဗြောင်မငြင်းတော်မူပါနဲ့ ဘုရား။ မောင်ကြီးရဲ့ နှုတ်တော်မှ သတင်းမီဒီယာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောကြားခဲ့တာ ကို သက်သေ အထောက်အထားနဲ့ တကွ ရှိပါတယ်ဘုရား၊ မောင်ကြီး အလိုရှိတော်မူပါက မောင်ကြီး၏ နှုတ်တော်မှသာ တရားဝင် ငြင်းချက်သာထုတ်ပေးတော်မူပါ။ တစ်သက်လုံးဖုံးသမျှ ကုန်းတော့မှ ပေါ်နေတဲ့ အချိန်မှာ လေနီကြမ်းတွေ ဝင်တိုက်သလိုမျိုးတော့ မဖြစ်စေချင်ပါ။ နှမတော်လေးတို့ အနေနဲ့ ဝေဒနာတွေ မဖြစ်ရအောင် ဒေတာတွေနဲ့ တကွ စကားပြောတော်မူကြတာပေါ့ဘုရာ့။ အဲဒီ အခါကြရင်တော့လဲ မောင်ကြီးတို့ လက်ခုပ်ထဲကအီး ရှူချင်ရှူ နမ်းချင်နမ်း ကြိုက်သလို စိတ်ရှိတိုင်းသာ ပြုတော်မူကြပါလို့ပဲ ပြောချင်ပါသည် ဘုရား။ မေတ္တာမဖက် ကုန်းကိုက်လျက် မောင်ကြီးနှမ နာဂစ်သူရဲကောင်း ဟန်နာ ဘိခ်ျ
Posted on: Wed, 26 Jun 2013 22:25:32 +0000

Trending Topics



Recently Viewed Topics




© 2015