ရုပ်ရှင်ကားလေးတခု - TopicsExpress



          

ရုပ်ရှင်ကားလေးတခု ပြောပြချင်ပါတယ်.. ကြည့်ပြီးသူတွေလဲ ရှိမယ်ထင်တယ်... အမည် က AWAKE တဲ့... အမေရိကန် ကားလေးပေါ့... မင်းသားရယ်...မင်းသမီးရယ်... မင်းသားအမေရယ်...မင်းသားသူငယ်ချင်းရယ်... ဇာတ်ကောင်လေးယောက်ပါတယ်... မင်းသမီးက Jussica Alba... ကျွန်တော့်အသည်း... မင်းသားက Hayden Christensen တဲ့ Star wars ဇာတ်ကားတွေမှာ ပါတယ်... မင်းသားအမေ အဖြစ်သရုပ်ဆောင်သူက Lena Olin တဲ့...Remember me နဲ့ Chocolate ဇာတ်ကားတွေမှာပါတယ်.. ဇာတ်လမ်း အစမှာ... မင်းသမီးက မင်းသားကို လက်ထပ်ဖို့ပြောနေတယ်.. မင်းသား စိတ်အရမ်းရှုပ်နေတယ်... အမေက လုံးဝသဘောမတူဘူးလို့... သဘောမတူတာ ဘာကြောင့်ရယ်လို့ အတိအကျသူ မသိရဘူး... မင်းသားဟာ အရမ်းချမ်းသာတယ်...သူ့မှာ မွေးရာပါ နှလုံးရောဂါရှိနေတယ်...တဖြည်းဖြည်း ပိုဆိုးဆိုး လာလို့ အချိန်မှီ နှလုံးအစားထိုးမှုမလုပ်နိုင်ရင် သေလိမ့်မယ်.. သူ့အတွက် ကံမကောင်းတာက သူ့သွေးအမျိုးအစားဟာ A+ တဲ့...အရမ်းရှားတဲ့ သွေးမျိုးပေါ့...နှလုံးအလှူရှင်ရှိပေမဲ့ သူနဲ့သွေးမတူရင် လက်ခံလို့မရဘူးလေ... သူက ကောင်မလေးနဲ့ လက်ထပ်ချင်ပေမဲ့သူ့အမေ ကိုမလွန်ဆန်ရဲဘူး.. သူ့အမေ မှာလဲ ချစ်နေတဲ့ချစ်သူရှိတယ်...သူသဘောမတူလို့ မယူဘူး.. ဒီတော့ အပြန်အလှန်နားလည်မှုယူထားကြသလိုဖြစ်နေတာပေါ့... အဖေ ကတော့ငယ်ငယ်ထဲကဆုံးသွားခဲ့ပြီ...အဖေဆုံးပုံကလဲထူးခြားနေတယ်.. လှေကားပေါ်က ကျသေတာ..မကျခင်မှာ အဖေနဲ့ အမေ ရန်ဖြစ်နေကြတယ်.. ခဏနေတော့ သူ့အဖေ ကျသေတယ်...သူက 4 ..5နှစ်လောက်ဘဲ ရှိသေးတော့...ဘယ်လိုကျသေလဲ မသိဘူး...မသိစိတ်မှာ သူ့အမေတွန်းချတယ်လို့ ထင်နေတယ်..ဒါပေမဲ့ ဘာမှတော့သူမပြောဘူး.. သားအမိ နှစ်ယောက်ထဲ ရှိတာကိုး...အမေ ကလဲ သားကို သိပ်ချစ်ပေါ့.. နှလုံးအစားထိုးဘို့ အတွက်တောင် အာဖရိက ကိုသွားပြီး... တွေ့တဲ့လူ အပ်နဲ့ထိုး..သွေးဖောက် ..အမျိုးအစားတူရင် နှလုံးကိုထုတ်ယူပြီး အမေရိကန်ကိုပြန်ပြေးလာကြမယ်.. လို့တောင် သားအတွက် လောဘကြီးနေတတ်တာ... တနေ့မှာတော့ မင်းသားရဲ့သူငယ်ချင်း ဆရာဝန်က ဆက်သွယ်လာတယ်..သွေးတူတဲ့ အလှူရှင်ရပြီတဲ့.. ကောင်မလေးကလဲ လက်ထပ်ဖို့ပြောနေတော့ တခါထဲ သူ့အမေကိုဖွင့်ပြောလိုက်တယ်...သူမခွဲခင်လက်ထပ်ချင်တယ် လို့...အမေကလဲ ငြင်းတာပေါ့...ကောင်မလေးက အမေရဲ့ကိုယ်ရေးအတွင်းရေးမှူး.. သားနဲ့ အမေ စကားများကြတယ်...အဖေကိုသတ်လိုက်တာလို့ပါ သားက စွပ်ဆွဲလိုက်တယ်...တကယ်တော့ အဖေက မူးပြီး သားကိုရိုက်မလို့ ဆင်းလာတာကို အမေကလှမ်းဆွဲလိုက်လို့ ရုန်းလိုက်ရာက အရှိန် လွန်ပြီး ကျသေတာ...ဒါပေမဲ့ သားကတော့ အထင်လွဲနေပါပြီ.. အဲ့ညမှာဘဲ အမေကို အရွဲ့တိုက်ပြီး ကောင်မလေး နဲ့ဘုရားကျောင်းမှာ နှစ်ယောက်တည်း လက်ထပ်လိုက်ကြတယ်... နောက်နေ့မှာ သူ့ကို နှလုံးအစားထိုးမယ်ဆိုတော့ အမေက သူ့ သူငယ်ချင်းဆရာဝန်နဲ့ ခွဲစိတ်မှုလုပ်မှာကို သဘောမတူပြန်ဘူး....ဆရာဝန်ပြောင်းစေချင်တယ်... ပြောင်းမဲ့ဆရာဝန်က အမေရဲ့ချစ်သူဆိုတော့ သားက သဘောမတူဘူးပေါ့... ဆရာဝန်က ပြောတယ်...မင်းသူငယ်ချင်းကဆေးလောကမှာ မှုခင်း ၂ ခုရှိထားတယ် မင်းသိလား...ဆိုတော့ ၂ ခုမဟုတ်ဘူး..၃ ခုလို့ ...မင်းသားက ပြန်ပြောတယ်.. အမေရဲ့ချစ်သူ ဒီဆရာဝန်ကြီးက နှလုံးအထူးကု သမားတော်ဘဲ.. နောင်နှစ်ဆို ကျန်းမာရေးဝန်ကြီးဖြစ်မှာဆိုတော့ အမေက သူ့ချစ်ချစ် နဲ့ ခွဲစေချင်တာပေါ့...နောက်ဆုံးတော့...သူငယ်ချင်းဆရာဝန်နဲ့ဘဲ ခွဲဖြစ်သွားတယ်...ခွဲမဲ့နေ့မှာ ကောင်မလေးကလဲ အိမ်ကထွက်.. အမေကလဲ ဆေးရုံလာပေါ့...ကောင်မလေး အိမ်ကအထွက်မှာ သူ့ဆီကို သူငယ်ချင်းတွေဆီကလာထားတဲ့စာတွေ စာတိုက်ပုံးထဲမှာ အများကြီးဘဲ ဖတ်ဘို့ အချိန်မရလို့ အိတ်ထဲ ကောက်ထဲ့ပြီး ဆေးရုံကိုထွက်လာတယ်.. ဆေးရုံရောက်တော့ ကောင်လေးခွဲခန်းထဲဝင်... သူနဲ့ ယောက္ခမ နဲ့ အပြင်ကစောင့်ပေါ့... သဘောမတူတဲ့ ချွေးမဆိုတော့လဲ ခပ်တန်းတန်းပေါ့.. မခေါ်ကြဘူး...စိတ်လှုပ်ရှားနေကြတယ်... ခွဲခန်းထဲမှာ အဆင်သင့်ဖြစ်တော့မှ မေ့ဆေးဆရာဝန်ရောက်မလာဘူး.. သူ့အစား နောက်တစ်ယောက်ကိုလွှဲပေးလိုက်တယ်ဆိုပြီး မေ့ဆေးဆရာဝန်နောက်တစ်ယောက်ရောက်လာတယ်... (မင်းသားသူငယ်ချင်း)ဆရာဝန် စိတ်ဆိုးသွားတယ်.. သေသေချာချာမှာထားရဲ့သားနဲ့ပေါ့.... ဒါပေမဲ့ ကစားသမားပြောင်းသွားပေမဲ့ ကစားပွဲကတော့ မပြောင်းပါဘူးဆိုပြီး ဆက်လုပ်ကြဘို့ အမိန့်ပေးလိုက်တယ်.. မင်းသား စိတ်ထင့်သွားတယ်...ဘာသဘောလဲ... သူ့ကို မေ့ဆေး စပေးတော့ သူ စပြီးသတိထားမိလာတယ်.. သူ့သူငယ်ချင်းမရိုးသားဘူး...သူဆက်ပြီးတော့ မခွဲချင်တော့ဘူး.. သူငြင်းတယ်...အော်တယ်...ဒါပေမဲ့ မေ့သွားပါပြီ... အဲ့မှာသူ့နှလုံးကိုထုတ်လိုက်တယ်...သူအော်တယ်.. မလုပ်နဲ့ ...မလုပ်နဲ့...နှလုံးထုတ်လိုက်ရင် သူသေပြီလေ... မရတော့ဘူး...ထုတ်လိုက်ပြီပေါ့..သူ့ဝိဥာဉ် ပါထွက်သွားတယ်.. သူ ၀ိဥာဉ် ဘ၀နဲ့ သူ့အမေနဲ့ ချစ်သူဆီပြေးတယ်.. အကူအညီတောင်းတာပေါ့...ဘယ်ကြားမလဲ...သူပြောတာတွေ... အဲ့ဒီ့မှာ ကောင်မလေးဆီကို ဆရာဝန်ကောင်လေးတစ်ယောက် ရောက်လာတယ်...မင်းကိုငါတွေ့ဖူးသလိုလိုဘဲတဲ့...ကောင်မလေးက လက်သူကြွယ်လေးထောင်ပြလိုက်တယ်...လက်စွပ်လေးပေါ့.. ဖွန်လာမကြောင်နေနဲ့ ဆိုတဲ့သဘောပေါ့...ဆရာဝန်ကောင်လေး ခေါင်းကုတ်ပြီးလှည့်ထွက်သွားတယ်...ယောက္ခမ ကကြည့်နေတော့ အမှတ်တက်တာပေါ့...အဲ့မှာ ယောက္ခမက ဈေးရောင်းစက်ကနေ အအေးဘူးဝယ်တယ်...ခလုတ် နှိပ်တာ အအေးဘူးကထွက်မကျလာဘူး.. ကောင်မလေးက နဲနဲကြာကြာ နှိပ်ထားရတယ်လို့ ပြောလိုက်တော့ သူပြောသလိုနှိပ်မှ ကျလာတယ်...ယောက္ခမ ကကျေးဇူးတင်တယ်ပေါ့... ခဏနေတော့ကောင်မလေးက ခွဲစိတ်ခန်းတွေဘက်လမ်းလျှောက်ဝင်သွားတယ်.. ကောင်လေးရဲ့ ၀ိဥာဉ်က ရှိနေတာလေ...သူအော်နေတာကြားသွားတယ်ထင်ပြီး... .ကောင်လေးပျော်သွားတာပေါ့...သူလဲ ကောင်မလေး နောက်ကလိုက်သွားတယ်.. အမေက အပြင်မှာ မသင်္ကာတော့ဘူး...ကောင်မလေးက ဘာလို့ ခွဲခန်းဘက်ကို သွားရမှာလဲ အပြင်လူဝင်လို့မရဘူးလေ.. ကောင်မလေးရဲ့အိတ်လေးခုံပေါ်က ပြုတ်ကျသွားတယ်.. ကောင်မလေးမရှိတော့ အမေက ကောက်ပေးယင်းနဲ့.. အခုကောင်မလေးထည့်လာတဲ့စာတွေ တွေ့သွားတယ်.. အများကြီး...အားလုံးဆရာဝန်တွေဆီကဘဲလာတာ...လက်ခံသူ ရဲ့လိပ်စာက ကောင်မလေးလိပ်စာနဲ့ အမည်မတူဘူး...ဆရာဝန်မလေး ဆီလာတဲ့စာတွေ....အမေ သဘောပေါက်လိုက်ပြီ...အခုန ဆရာဝန်လေး နှုတ်ဆက်တာ..အအေးဝယ်တဲ့စက် ပျက်နေတာကို သိနေတာ... ကောင်မလေးက ခွဲခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်.. ကောင်လေးဝိဥာဉ်ကလဲ နောက်မှာကပ်လျှက်... သူငယ်ချင်းဆရာဝန်က နှလုံးကို လက်မှာကိုင်ထားတယ်.. ဆေးထိုးမလို့....နှလုံးအကောင်းကိုဆေးထိုးသတ်ပြီးမှ ကောင်လေးကိုယ်ခန္ဓာထဲ ကိုထည့်မှာလေ...ကောင်မလေးဝင်လာတော့ လက်မတင်လေးဘဲ.. ထိုးတော့မှာ....ကောင်မလေးက ဘာလုပ်နေတာလဲ လို့မေးလိုက်တော့ အားလုံးကြောင်သွားတယ်...အဲ့မှာ ကောင်မလေးက လုံးဝမထင်မှတ်ထားတဲ့အလုပ်ကိုလုပ်ပြလိုက်တယ်... ဆေးထိုးအပ်ကိုဆွဲယူပြီး နှလုံးကိုဆေးထိုးသတ်လိုက်တာပါ... ကောင်လေး လုံးဝ ရှော့ခ်ရသွားတယ်...သူ့ချစ်သူနဲ့ သူ့အချစ်ဆုံး သူငယ်ချင်း ပေါင်းပြီးသူ့ကိုလုပ်ကြံလိုက်တာ...သူ့ချစ်သူ ဆရာဝန်မှန်း သူအခုမှသိရတယ်...သူလောကကြီးကို စိတ်ကုန်သွားပြီ...အိမ်ကို လမ်းလျှောက်ပြန်လာခဲ့တယ်.. သူလျှောက်တဲ့လမ်းတွေ မှာ နောက်ဘက်တွေကို မီးတွေ မှိတ်ပြီး သူသေတော့မယ်ဆိုတာကို သရုပ်ဖော်ထားတယ်.. မီးတွေမှိတ်လာလိုက်တာ...နောက်ဆုံးသူ့အခန်းထဲရောက်တော့ ကုတင်ပေါ်လှဲချလိုက်ပြီး...ခေါင်းရင်းက မင်းစလောင်းလေးပါပိတ်လိုက်တယ်.. သေပြီပေါ့...နှလုံးကထုတ်ထားတာကြာနေပြီကိုး...ထပ်ထည့်လိုက်တာက လဲ ဆေးထိုးသတ်ပြီးသားနှလုံးအသေဆိုတော့...သူသေပြီပေါ့... အားလုံးအမှောင်ဖုံးသွားတယ်...အဲ့ဒီ့ အချိန်မှာ သူ့ဘေးမှာ ယမ်းမီးခြစ် ခြစ်သံကြားလိုက်ရပြီး မီးတောက်လာတော့ လူတစ်ယောက် သူ့ခေါင်းရင်မှာ ဖယောင်းတိုင်လာထွန်းလိုက်တာ... သူမော့ကြည့်လိုက်တော့...သူ့အမေ...သူစိတ်လှုပ်ရှားပြီး ထ ဖက်လိုက်တယ်...ငိုလဲငိုပေါ့...သူ့အမေက ချော့တယ်... ခဏနေမှ သူအသိဝင်လာတယ်...အမေကဆေးရုံမှာလေ.. ဘယ်လိုသူ့နားရောက်လာတာလဲ...သူသိလိုက်ပြီ...သူ့အမေ လဲ ၀ိဥာဉ်ဘဲပေါ့...သူအကြီးအကျယ်ငိုပြီး...အမေ ဘယ်လိုဖြစ်တာလဲ လို့ မေးတော့...အမေက သားဒုက္ခရောက်နေတာ အမေသိတယ်လေ သားကိုကယ်မဲ့သူ အမေဘဲရှိတယ်လေ..တဲ့... ဆေးရုံမှာပေါ့...ကောင်မလေးခွဲခန်းထဲဝင်သွား ထဲက ရိပ်မိသွားပြီ...သူ့ချစ်သူ ဆရာဝန်ကြီးဆီဖုန်းဆက်တယ်.. အခုလာပါ...အခုသားကိုလာကယ်ပါ...တဲ့.. ဆရာဝန်ကြီးက ငါလာပြီ...ငါထွက်လာနေပြီ...နင်ဘာမှ မလုပ်နဲ့ နော်...ငါအားလုံးဖြေရှင်းနိုင်တယ်လို့...စိုးရိမ်တကြီးပြောနေပေမဲ့ နောက်ကျသွားပါပြီ...ကောင်လေးအမေ က အိပ်ဆေးတွေအများ ကြီးသောက်နေရင်းကနေ ဖုန်းခေါ်နေတာပါ...ဆရာဝန်ကြီးရောက် လာတော့ အသက်မမှီတော့ပါဘူး.....သေနေပါပြီ...ဆရာဝန်ကြီး အရမ်းဝမ်းနည်းသွားပေမဲ့ အချိန်ဆွဲလို့မရပါဘူး...သူ့အဖွဲ့သားတွေ ကိုချက်ချင်းဘဲ ညွှန်ကြားလိုက်ပါတယ်...ဒီလူနာကို အခုခွဲမယ်.. နှလုံးထုတ်ပြီး ခွဲခန်းထဲက ကောင်လေးထဲကိုထည့်မယ်တဲ့... ဟုတ်ပါတယ်...အမေနဲ့သား သွေးအမျိုးအစားချင်းတူနေမယ်ဆိုတာကို ဒါရိုက်တာက မေ့ခိုင်းထားတာလေ...သားကိုအချိန်မှီ ကယ်နိုင်မဲ့သူ အမေဘဲရှိတာပေါ့...ခွဲစိတ်မှုအောင်မြင်ပါတယ်...ဒါပေမဲ့နှလုံးက မခုန်ပါဘူး....ဘာလို့လဲဆိုတော့...အိမ်မှာ ကောင်လေးက အမေ့ကို ငြင်းနေပါတယ်...သူလူ့လောကကိုပြန်မသွားတော့ပါဘူးတဲ့... အမေကလဲ သားသွားရမယ်..သားကလဲ မသွားဘူးနဲ့ပေါ့.. နောက်ဆုံးမှာ အမေက သားအတွက်အမေပေးခဲ့တဲ့ အမေ့ ရဲ့နှလုံးကို အဆုံးအရှုံးခံတော့မလို့လားသားရယ်...ဆိုတော့မှ ပြန်သွားပါမယ်လို့ ကတိပေးတော့တယ်...ခွဲခန်းထဲမှာ.. ဆရာဝန်ကြီး အလုပ်ရှုပ်နေတာပေါ့..နှလုံးနှိုးစက်နဲ့ ဗို့အားအမျိုးမျိုးပြောင်းပြီးနှိုးနေရင်း.... .... ..... ...... စက်ပေါ်မှာ လှိုင်းတွန့်ကလေးတွေ တက်လာပါတော့တယ်... အသက်ပြန်ဝင်လာခဲ့ပါပြီ..... ဟုတ်ကဲ့...ပြီးပါပြီ ခင်ဗျာ... ရှည်သွားတာ ခွင့်လွှတ်ပါ....
Posted on: Sat, 13 Jul 2013 12:07:59 +0000

Trending Topics



Recently Viewed Topics




© 2015