ရှပ်နီများက - TopicsExpress



          

ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား ================================== ဘန်ကောက် ၊ ဇန်နဝါရီ ၁၀ ။ ။ တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ ဖြူထိုင်းပါတီဝင်ဟောင်း ဗိုရာချိုင်ဟီမာသည် တနင်္ဂနွေ နေ့တွင် ဒေသဆိုင်ရာခန်းမ၌ လူစုရုံးရန် ဆင်ခြေဖုံးဒေသဖြစ် သော ဆာမက်ပရာခန်ပြည်နယ် ရှိ လူများကို ဦးဆောင်မည်ဟု ပြောခဲ့သည်။ ဟာသလူရွှင်တော်အဖြစ် လူ သိများသော ဂျန်ဒေါရှစ်ခေါ် ရိုဝါရစ်ချက်လွမ်နှင့် အန်နဝတ် သင်ရက်တို့သည် ခန်းမနှင့်ဈေး သို့ မချီတက်မီ ခွန်သာဘူရီရှိ Thaicom ဂြိုဟ်တုစခန်းတွင်စု ရုံးရန် တခြားသော အစိုးရ ထောက်ခံသည့်အဖွဲ့ကို ဦးဆောင် မည်ဖြစ်ကြောင်း သိရသည်။ Prachuab Ramsoi ဦး ဆောင်သော တခြားရှပ်နီအဖွဲ့ သည် ဘန်ကောက်မြို့၏ ဆင် ခြေဖုံးဒေသဖြစ်သော ပသမ် သန်နီပြည်နယ်တွင် စုရုံးကြမည် ဖြစ်သည်။ ဖြူထိုင်းပါတီဝင် ဟောင်းဗိုရာချိုင်၏ ပြောကြား ချက်အရ ရှပ်နီအဖွဲ့ဝင်များသည် တနင်္လာနေ့တွင် နိုင်ငံတစ်ဝန်း ကို သိမ်းပိုက်မည်ဖြစ်ပြီး ဘန် ကောက်တွင် တက်ကြလှုပ်ရှား သူများမရှိချိန် အဓိကပြည်နယ် လေးခုဖြစ်သော Chiang Mai, Ubon Ratchthani, khon kaen နှင့် Ayutthaya တို့ကို ပြန်လည်သိမ်းပိုက်သွားမည်ဟု သိရသည်။ ဆူသတ် ဦးဆောင်သော ပြည်သူ့ဒီမိုကရက်တစ် ပြန်လည် တည်ဆောက်ရေးကော်မတီ (PDRC)၏ အစိုးရဆန့်ကျင် ရေးလှုပ်ရှားမှုသည် ပြည်သူများ ၏ နေ့စဉ်ဘဝကို အကျိုးသက် ရောက်စေမည်ဖြစ်ကြောင်း ဗို ရာချိုင်ကပြောခဲ့သည်။ Ref: Xinhua International News Link=>goo.gl/FPujAX
Posted on: Sat, 11 Jan 2014 08:52:59 +0000

Trending Topics



Recently Viewed Topics




© 2015