လွတ်လပ် စွာ - TopicsExpress



          

လွတ်လပ် စွာ ပျော်စေချင်ပါသည်။ ------------------------------------ အခု ရက် ပိုင်း မှာ သတင်းတွေ က စိတ်ညစ်စရာတွေ များနေတာ မို့ ကျနော်ဘာမှသိတ်မရေးဖြစ်တာပါ... ပြောချင်တာက ကျနော် တို့တွေ လွပ်လပ်စွာ သဘော ကွဲ နိုင်အောင် ကျိုးစားသင့်ပါတယ် အမေစု ကို ဝေဖန် လို့ တစ်ချို့ စိတ် ဆိုး စိတ်ကောက် ကာ Unfriend လုပ်လေ၏ ကျနော် တို့ တစ်တွေ လူပေါင်းစုံ နဲ့ နိုင်ငံတစ်ကာ နဲ့ ပတ်သက်ပြီး အလုပ် တွေ လုပ်လာကြရင် အတွေးအမြင် အပြင် လူမျိုးဓလေ့ ထုံးစံတွေ သွင်သွင် ကွဲတဲ့ လူတွေ နဲ့ လက် တွဲ လုပ် လာကြတဲ့ အခါမှာ.... ကိုယ့် အတွေးကိုယ့် ဆုံးဖြတ် ချက် ကိုယ် အမြင် ကိုယ်သန်ရာ က သာ အမှန်ဆို တဲ့ အတွေးတွေ ကို ခဏဘေးဖယ်ပြီး အစည်းအဝေး ဆွေးနွေး ပွဲတွေ မှာ လွပ် လတ် စွာ သဘောထား ကွဲ နိုင်ကြရလိမ့်မယ် ထင်မိပါတယ် ခေါင်းတစ်လုံး ထက် ခေါင်း၁၀ လုံး စဉ်းစား ပြီး အများစု က ကောင်းမယ်ထင်တာ ကို စနစ်တကျ သွားတတ်ရမယ် လေ မှတ်မိပါသေးတယ် .... (Trader Hotel ဖွင့်ကာစက ကျနော့် အစ်ကို ရဲ့ သူငယ်ချင်း မိတ်ဆွေ မြန်မာပြည်ဖွား တရုတ် အမျိုးသား ကြီးမှ အမေရိကန် ဖြစ် သွားသူ က သူ့ ကုမဏီ က မြန်မာ ပြည် မှာ သူ့ ကို အကြီးအကဲ အဖြစ် ခန့်တော့ ပြန်လာရတယ် .. နောက် ပိုင်း သူက ညီးညူတယ် မြန်မာ မိန်းကလေးတွေ အများစု ကို အုပ် ချုပ် ရတာ ဘယ်နိုင်ငံ မှာမှ မတွေကဘူးတဲ့ အတွေကအကြုံ ကိုရတယ် တဲ့ အဲဒါကတော့ ထစ် ကနဲဆို စိတ်ကောက်တတ်တာ .....ချော့ ရတာ တစ်ခုခု ခိုင်း ရင် အားနာနေတတ်တာ .... ငိုပြီး ကိုယ့် အပြစ်ကိုသူများ အပြစ် လိုလို လုပ် ပစ်ကြတာ အလုပ် နဲ့ ပုဂ္ဂလိက အရေးရောထွေးနေတာ တွေ ကြောင့် ခက်နေတယ် တဲ့) ကျနော့် အမြင် နဲ့ အတွေ့ အကြုံ တစ်ချို့ ကိုပြောပြရရင်... ကျနော်တို့ မြန်မာ သင်္ဘောသား တွေ ကို သူကြီး သို့ စက်ချုပ် အကြီးအကဲ ရာထူး မပေး ဘူးလို့ Denmark တွေ က နှစ်တော်တော် ကြာ ကြာ သတ်မှတ်ထားခဲ့ ပါတယ်။ အဓိက အကြောင်းရင်းက တော့ မြန်မာတွေ ဟာ သဘောသိတ်ကောင်းတယ် အလုပ် အရမ်း ကျိုးစားပါတယ် ဒါပေမဲ့ အားနာတတ်တယ် အသက် ကြီးသူကို ရိုသေတတ်လို့ စီမံခန့်ခွဲ တဲ့အခါမှာ ဖြုတ်သင့်သူကို ဖြုတ်ဖို့ ပြောသင့်သူကိုပြော ရမယ့် အစား ကိုယ်ကိုယ် တိုင် လိုက် လုပ် ချောက်ရမယ့် သူ ကို ချော့နေတာတွေ တစ်ဖက် လူ က အလုပ် မကျွမ်း ပေမဲ့ လုပ်ငန်းခွင် မှာအန္တရယ် ဖြစ် စေပေမဲ့ သူ့ မိသားစု နဲ့ သူ့ ဒုက္ခ တွေ ပုဂ္ဂလိက အရေးတွေ ကို တွေး အားနာ နေတာတွေကြောင့် ပရော်ဖက် ရှင်နယ် ပီပီ အလုပ် ဖြုတ် ကို ဖြုတ် ရတော့ မှာကို မလုပ် ရဲတော့ Mis Management ဖြစ်တတ်လွန်း လို့ပါဘဲ.. ( တရားသဘောနဲ့ တွေးတာတွေ ပေါ့ဗျာ) ဒါတွေကြောင့် နဲနဲ လေးပါဝါ ရရင် ဘယ်သူ့ ကိုမှ မငဲ့ညှာတတ်တဲ့ ဇတ်ခွဲတဲ့နေရာ မှာ ထိပ်ဆုံး ဂျပိုး ကို လိပ် ဖြစ် အောင် အင်္ဂလိပ် စာကို စာတစ်တန် ပေတစ်တန် ဖွဲ့ နွဲ့ရေးနိုင်တဲ့ သခင်အားရ ကျွန်ပါးဝ အကျင့် ရှိတတ်သူ လူမျိုးတွေ ကို ဘဲ အုပ်ချုပ်စေခဲ့တယ်။ မြန်မာ လူမျိုး တွေ ဟာ တံခါးပိတ် ၀ါဒ စစ်တပ် စနစ် အကျင့် ပါခဲ့တော့ အတွေးအခေါ် ပိုင်း အားနည်းတယ် Management ပိုင်း မှာ အထက် အမိန့် တစ်ခု ကို ဘဲ နာ ခံတတ်တာ အကျင့် ဖြစ်နေတယ် Assertiveness ဆို တဲ့ မှန်ရာကို နုတ်လှန် ညင်းဆို ရဲတာအားနည်းတယ် ရပိုင် ခွင့် လုပ်ပိုင်ခွင့် ကို သိအောင် မကျိုးစားတတ်ကြဘူး ငြိမ်ခံနေပြီး နောက် ဆုံး မှ ပေါ်က်ကွဲတတ်တော့ ဥပဒေပိုင်း စည်းမျဉ်းစည်းကမ်း ပိုင်း အားနည်း ပြီး ဒုတ်ဒါးဆွဲ လက် ပါ ဆဲဆို မိကြရော အမှန်က လိမ်မာပါးနပ် ရမယ် မိမိ ရယူချင်တာကို စည်းမျဉ်းအတွင်း ကနေ လုပ် ယူဖို့ အခြေ အနေ အချိန်ခါကို စိတ်ရှည်စွာစောင့်စား ပြင်ဆင် နေတတ်ရမယ် သူရဲကောင်း သိတ်အားကိုးလိုကြတယ် မျှော်ကြတယ်ဗျ တစ်ယောက် ကစမှ လိုက် စချင်တယ် ကိုယ်ပိုင် ဥာဏ် နဲ့ မစချင် ကြဘူး နေရာ တိုင်း မှာ အလုပ် တိုင်းမှာ Alternative တို့ Opposition တို့ Counter Point တို့ ဆို တဲ့ အပြန်အလှန် ဝေဖန် သုံးသပ် ခြင်း ညှိနိုင်းဆွေးနွေး အတွေ့ အကြုံ ရှိသူတွေ က ထောက် ပြပြောဆို တာတွေ ကို နားထောင် နိုင်ခြင်းတွေ ရှိ မှ ဗျ။ ဥပမာ တစ်ခုပြောပြရရင် စစ်တပ် အာဏာ ရှိတော့ စစ်တပ် က အရည်အခြင်းရှိသူတွေ ကို ဌာန ဆိုင်ရာ တိုင်းကို ခဏလေး လေ့လာရုံ နဲ့ တတ်သိနားလည်မယ်ထင်ပြီး တစ်သက် လုံး လုပ်လာတဲ့ လူတွေ ကိုကျော် ပြီး အကြီး အကဲ အဖြစ် ခန့် လိုက်တဲ့ မြန်မာ ပြည်ရဲ့ အုပ်ချုပ်ရေး စနစ် ကြီး ရဲ့ အထက် မိန့်နာခံစေတဲ့ စနစ် ဆိုးကြီး အောက်ကလူတွေ yes sir လုပ် ရာကနေ စတဲ့ ယိုပေါက် စနစ် ဆိုးကြီးကြောင့် အခုထိ မြန်မာပြည် ပလိုင်းပေါက် နဲ့ ဖားကောက်နေရတာပါ... အဲဒီတော့ ကမ္ဘာ နဲ့ ယှဉ် ဖို့ အုပ်ချုပ်ရေး အား နည်းနေတယ် Attitude စိတ်ဓါတ် စည်းကမ်း Rights နဲ့ ဝေဖန် သုံးသပ် မှု Assertive နည်းနေသေးတာတွေ ပြင်လိုက် ရင် ပညာ ပိုင်း ( Learning and Rational Thinking ) ဘက် မှာ မညံ့တဲ့ ကျနော် တို့ ရွှေတွေ တကယ့် ရွှေ ဖြစ်လာနိုင် ပါတယ်ဗျာ..... ပုဂ္ဂိုလ် စွဲ တွေ ချွတ်ကြပါတော့ ဗျာ .......လွတ်လပ်စွာသဘောထားကွဲပြီး တကယ် ဖြစ် နိုင်ခြေ ရှိတဲ့ ဆွေးနွေး မှုရလဒ် မူဝါဒတွေ နဲ့ ချီတက် နိုင်ကြပါစေ။ ရေးသားသူး ကပ္ပတိန် ရာစု
Posted on: Sun, 09 Jun 2013 05:58:02 +0000

Trending Topics



Recently Viewed Topics




© 2015