လွန်ခဲ့တဲ့ - TopicsExpress



          

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က Bobo Zaw တို့နဲ့ မုံရွာ ရွေဘို မြင်းမူဘက်တစ်ကြော အလုပ်ကိစ္စတွေသွားကြရင်း နွားတွေ ရာထောင်ချီပိုင်တဲ့ အဲဒီ အနေရိုးပြီး ငွေရှိတဲ့ တောကသူဌေးတွေ နွားတွေ စားကျက်တွေသွားလာကြပုံ နို့ကို သကြားနဲ့ နိုဆီချက်တာ ကြာကြာခံအောင်လုပ်ကြရတာ စစ်ကိုင်း ကောင်းမှု့တော် က နွားဈေးပွဲ ကားနဲ့ မသယ်ကြဘဲ တစ်နိုင်ငံလုံး ခြေကျင် နွားကျောင်းသားနဲ့ မြစ်ချောင်းတောတောင်ဖြတ် သယ်ပို့ကြရတဲ့ နွား ကုန်သယ်တွေ။ ကျွဲတွေ နောက်ဝင်လာတဲ့ ထော်လဂျီနဲ့ တစ်လုံးထိုးအင်ဂျင်ခေတ် တရုပ်ဆိုင်ကယ်ခေတ်တောရွာနဲ့ တော့က ကုန်သွာ်နည်းတွေ ပြန်သတိရသလို MBA ပထမနှစ်မှာ စက်ရုံတွေ လိုက်ကြည့်တော့ ဘိုး ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ကြတဲ့ ခေတ်မှစက်တွေ သုံးဖို့အမြဲကြိုးစားနေတဲ့ မြဘုရင်နို့ဆီ က Phyo Myintzu တို့ စက်ရုံတွေ နဲ့ ဒေသတွင်း နွားနို့ Supply chain တွေ ရိုးရာစနစ်တွေ နဲ့ နွားနို့ကိစ္စတွေ ပြန်သတိရမိတယ်။ ဘာရှိနေတာလည်းဆိုတာက ပေးထားချက်မဟုတ်လား အဲဒါတွေမသိဘဲ ရှေ့ဖြစ်တွက်တတ်ရင်တော့ ပညာရှင်ထက် ဗေဒင်ဆရာဘဲ ဖြစ်ရမယ်။
Posted on: Mon, 27 Jan 2014 13:22:30 +0000

Trending Topics



Recently Viewed Topics




© 2015