လာမည့်နှစ်မှစ၍ - TopicsExpress



          

လာမည့်နှစ်မှစ၍ ဘတ်ဂျက်ရေးဆွဲရာတွင် လူထုအခြေပြု ဘတ်ဂျက်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ပြည်နယ်/တိုင်း ဘတ်ဂျက်ပမာဏ ပိုမိုများပြားလာမည် Created on Monday, 26 August 2013 04:16 ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် လာမည့် ၂၀၁၄-၂၀၁၅ မြန်မာ နိုင်ငံ၏ ဘတ်ဂျက် အသုံးပြုမှုကို လူထုအခြေပြု ဘတ်ဂျက်အဖြစ် ပြုလုပ်မည်ဖြစ်ရာ ပြည်နယ်/တိုင်းဒေသကြီး ဘတ်ဂျက်သည် ပြည်ထောင်စု ဘတ်ဂျက်ထက် ပိုမိုကြီးမားမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ သြဂုတ် ၂၅ ရက်က ရန်ကုန် မြို့ရှိ Myanmar Peace Center တွင် ကျင်းပခဲ့သည့် နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက 'ကျွန်တော်တို့က ပြည်နယ်နဲ့တိုင်းတွေ မြို့နယ်အဆင့်တွေ အထိလိုက်ပြီးတော့ ဆွေးနွေးနေတာ တွေရှိပါတယ်။ မြို့နယ် အထောက်အကူပြုအဖွဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တိုင်ပင်ရပါမယ်။ ဘယ်ဟာက ဒီရွာအတွက် အရေးကြီးလဲ။ တချို့က မီးလိုတယ်။ တချို့က ရေလိုတယ် စသဖြင့်ပေါ့။ သူတို့က မြို့နယ်ကိုတက်မယ်။ မြို့နယ်ကနေမှ ပြည်နယ်/တိုင်းကို ပေါင်းပြီးတော့မှ အဲဒီက ပင်တိုင်သွားမယ့် ဘတ်ဂျက်ဖြစ်တယ်။ အဲဒါနဲ့ ပြည်ထောင်စု ဘတ်ဂျက်ကို ညှိရမယ်' ဟု ပြောကြားသည်။ အထက်ပါ လုပ်ဆောင်မှုများသည် စက်တင်ဘာ၊ အောက်တိုဘာ လများတွင် လုပ်ဆောင်ရမည့် လုပ်ငန်းများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 'အခုတော့ ပြည်ထောင်စုက လုပ်ချင်တာတစ်ခု ဖြစ်တယ်။ သူတို့ လိုချင်တာကတစ်ခု ဖြစ်နေတဲ့အတွက် ဆင်းရဲမှုက နည်းနည်းအံချော် နေတာလည်း ပါတယ်။ ဒါကြောင့် အခုသွားမယ့် ၂၀၁၄-၁၅ ဘတ် ဂျက်သည် အောက်က Community Base ကို အခြေခံတဲ့ ဘက်ဂျက်ဖြစ် သွားမယ်။ အခုသွားမယ့် ဘတ်ဂျက်က အဲဒီလိုသွားမယ့် ဘတ်ဂျက်ဖြစ်တာကြောင့် ပြည်ထောင်စု ဘက်ဂျက်က သေးသွားပြီး ပြည်နယ်/တိုင်း ဘတ်ဂျက်က ပိုပြီးကြီးသွားမှာ ဖြစ်ပါတယ်' ဟု ၀န်ကြီးဦးစိုးသိန်းက ဆက်လက် ပြောကြားသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 26-8-2013 https://facebook/excellencemedia
Posted on: Mon, 26 Aug 2013 00:50:03 +0000

Trending Topics



Recently Viewed Topics




© 2015