လေယာဉ် မတော်တဆမှု - TopicsExpress



          

လေယာဉ် မတော်တဆမှု ပဏာမတွေ့ရှိချက် နှစ်ပတ်အတွင်း ထုတ်ပြန်မည် Saturday, June 22, 2013 မေလနှင့် ဇွန်လများက ဖြစ်ပွားခဲ့သော မြန်မာ့လေကြောင်းပိုင် (Myanmar Air Way) လေယာဉ် နှစ်စင်း၏ မတော်တဆမှု ပဏာမ တွေ့ရှိချက်များကို နှစ်ပတ်အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်း စစ်ဆေးရေးအဖွဲ့ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။ မေလ ၁၆ ရက်နေ့နှင့် ဇွန်လ ၁၀ ရက်နေ့များတွင် မတော်တဆမှု ဖြစ်ပွားခဲ့သော MA 60 လေယာဉ်နှစ်စင်း၏ Black Box များကိုယခုလ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက် စစ်ဆေးမည် ဖြစ်ပြီး တရုတ်နိုင်ငံတွင် တစ်ပတ်ကြာမည် ဖြစ်ရာ ဇွန်လ ၂၉ တွင် ပြန်ရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ပြန်ရောက်ပြီး ပဏာမ တွေ့ရှိချက်များကို ချက်ချင်း ထုတ်ပြန်နိုင်ရန် ဝန်ကြီးဌာနတွင် ခွင့်ပြုချက် တောင်းထားကြောင်း၊ ပဏာမ တွေ့ရှိချက်၊ သုံးသပ်ချက်များနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းကိုပါ အကြမ်းဖျင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “တရုတ်က ပြန်လာပြီး တစ်ပတ်လောက်မှာ မီဒီယာ ရှင်းလင်းပွဲ လုပ်နိုင်မှာပါ။ ဝန်ကြီးဌာနလည်း ခွင့်ပြုချက် တောင်းထားတယ်” ဟု ၎င်းကဆိုသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဟဲဟိုးလေဆိပ်တွင် ဖြစ်ပွားခဲ့သော Air Bagan လေယာဉ် မတော်တဆမှုအတွက် Black Box ကို သြစတြေးလျ နိုင်ငံတွင် သွားရောက် စစ်ဆေးခဲ့ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။ မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့်အတွက် ယင်းလေယာဉ် အမျိုးအစားများကို ပြေးဆွဲခွင့် ရပ်နားထားကြောင်း မြန်မာ့ လေကြောင်းမှ စုံစမ်းသိရသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က ရပ်နားခဲ့ပြီး ပြည်သူ့ ဥယျာဉ်ဝင်းထဲတွင် အများပြည်သူများ လေ့လာနိုင်ရန် ပြသထားသည့် FOKKER-27 အစား တရုတ်ပြည်သူ့သမ္မတ နိုင်ငံလုပ် MA-60 လေယာဉ်သုံးစီးကို ၂၀၁၀ ပြည့်နှစ်တွင် အစားထိုး ပြေးဆွဲခဲ့ကြောင်း မြန်မာ့လေကြောင်းမှ တရားဝင် ထုတ်ပြန်ခဲ့သည်။ The Voice Weekly
Posted on: Sat, 22 Jun 2013 14:17:58 +0000

Trending Topics



husband, and whisper
LBL Lighting LW5497OP Linear Single Light LED Wall Sconce with
Clare is an 8 year-old student at Hoover Elementary in Dubuque,

Recently Viewed Topics




© 2015