လူငယ်အချို - TopicsExpress



          

လူငယ်အချို့ ကော်ရှူသုံးစွဲ ခြင်း ဖြေရှင်းပေးရန် သမ္မတ နှင့် ၀န်ကြီးဌာများကို သ၀ဏ်လွှာပေးပို့ တိုက်တွန်း သွားမည် လူငယ်အချို့ ကော်ရှူသုံးစွဲ ခြင်းနှင့်ပတ်သတ်၍ ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတ နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာများကို သ၀ဏ်လွှာပေး ပို့ တိုက်တွန်း သွားမည်ဟု ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ လွှတ်တော် အစည်းအဝေး တွင်ပြောသည်။ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးစိုးစိုး လူငယ်များ “လူငယ်များ”ရှူသုံးစွဲခြင်းနှင့်ပတ်သက်၍ ရဲစခန်းတွင်ကော်ရှူ သည့် လူငယ်များကို ဆုံးမ အရေးယူပေးပါရန် သွားရောက် အပ်နှံသော်လည်း ဥပဒေ မရှိ၍ အရေး ယူနိုင်ခြင်းမရှိကြောင်း စခန်းမှုးက ပြန်လည်ပြောကြားခဲ့ကြောင်း လူငယ်များအကြား ကော်ရှူ သည့် အလေ့အထ ကို တားဆီးကာ ကွယ်ပေးရန် ပထမအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် မေးမြန်းခဲ့သည်။ သက်ဆိုင်ရာ ပြည်ထောင်စုဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားအပြီးတွင် လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက “ လွှတ်တော်ကသာမန် အလုပ်ရုံဆွေးနွေးပွဲ မဟုတ်ပါဘူး လွှတ်တော်ဟာပြည်သူများအကျိုးဖြစ်ထွန်းစေတဲ့ဆွေးနွေးမှု များ၊ဆောင်ရွက်မှုများ အဲ့ဒီကမှတဆင့်လိုအပ်မယ်ဆိုလို့ရှိရင် မူဝါဒများ၊ ဥပဒေများပေါ်ထွန်းရေးကိစ္စအတွက် ဆောင်ရွက်နေခြင်းဖြစ်ပါတယ် ဒါကြောင့်မိုလို့ထီးချိုင့်မဲဆန္ဒနယ်မှ ဦးစိုးစိုးမေးတဲ့ မေးမြန်းတဲ့မေးခွန်းကိုမူတည်ပြီး တော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီးကနေပြီးတော့ ရှင်းလင်းပြတဲ့နေရာမှာလည်း ပြည့်ပြည့်စုံစုံပါသွားပါပြီ နားထောင်ကြည့်တဲ့အခါမှာ ဌာနတစ်ခုတည်းဆောင်ရွက်ရမယ့်ကိစ္စ မဟုတ်ဘူး အစိုးရအဖွဲ့အတွင်းမှာရှိကြတဲ့ဌာန ပါဝင်တဲ့ဌာနအတော်များများပါပါတယ် အဲ့ဒီအတိုင်းဘဲ ပြည်သူများဘက်ကလည်းပူးပေါင်းပါဝင်ရမယ့်ကိစ္စတွေဖြစ်ပါတယ် တခါခါမှာဒီအကြောင်းတွေကို အသိပေးလိုက်လို့ လွဲမှားစွာခံယူပြီး စမ်းသပ်တဲ့ သဘောနဲ့ လုပ်ဆောင်တဲ့ကိစ္စတွေဟာ ဖြစ်ပေါ်လာနိုင်စရာအကြောင်းရှိသောလည်း အသိပေးသင့်တာတွေကို အချိန်မှီအသိပေး ကာကွယ်တားစည်းတာတွေကို အချိန်မှီကာကွယ်တားဆီးနိုင်မှသာ မိမိတို့ရဲ့ရည်မှန်းချက်တွေအောင်မြင်မှာဖြစ်တဲ့အတွက် အခုလိုမေးခွန်းကိုအခြေခံပြီး နိုင်ငံတော်သမ္မထံသို့ သ၀ဏ်လွှာသော်လည်းကောင်း သက်ဆိုင်ရာအစိုးထံကိုအကြောင်းကြားမှုဆောင်ရွက်ပြီး အမျိုးသားရေးတာဝန်ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးဝိုင်းဝန်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း တက်ရောက်လာတဲ့ဝန်ကြီးများမှတဆင့် အစိုးရအဖွဲ့ကိုလည်း အသိပေးခြင်းဖြစ်ပါတယ်” ဟုလွှတ်တော်သို့တင်ပြဆွေးနွေးသွားသည်။ (သတင်းပေါင်းစုံ) Popular Myanmar News Journal
Posted on: Thu, 04 Jul 2013 19:26:51 +0000

Trending Topics



Recently Viewed Topics




© 2015