လူတစ်ယောက်ရဲ့  - TopicsExpress



          

လူတစ်ယောက်ရဲ့  အသားအရေဟာ အရောင်သဘောတရားအရ Tone အမျိုးအစား ၂မျိုး ခွဲလို့ရတယ်။ Yellow Undertone & Blue Undertone အ၀ါဘက်သမ်းတဲ့ အသားရောင်နဲ့ အပြာဘက်သမ်းတဲ့ အသားရောင်ပေါ့။ အဲ့ဒီ Tone ၂မျိုးအောက်မှာမှ pastel Summer & brilliant Winter>> Blue Undertone bright Spring & deep Autumn >> Yellow Undertone ဆိုပြီး Group လေးမျိုးထပ်ကွဲသွားတယ်။ Group တစ်ခုစီမှာ အရောင် (၂၀)မျိုးရှိတာမို့ အားလုံးပေါင်း အရောင် (၄၀) တိတိရှိတယ်။ ဒါကြောင့်မို့ အပြာဘက်သမ်းတဲ့ အသားရောင်ရှိတဲ့လူက PS & BW Group ထဲက အရောင်တွေကို ၀တ်ဆင်တဲ့အခါ ကြည့်ကောင်းပြီး အ၀ါဘက်သမ်းတဲ့ အသားရောင်ရှိတဲ့လူက BS & DA Group ထဲက အရောင်တွေကို ၀တ်ဆင်ရင် အလွန်ကြည့်ကောင်းပါတယ်။ မတူတဲ့ Group ထဲက အရောင်တွေက တွဲဖက်ဝတ်လို့ မရဘူးလားဆိုတော့ အဲ့ဒီလိုတော့ မဟုတ်ပေမယ့် တွဲဖက်လိုက်ရင် မျက်လုံးထဲမှာ ကန့်လန့်ကြီးဖြစ်နေတာတို့ ကြည့်လို့မကောင်းဘဲ ဘယ်လိုကြီးဖြစ်နေမှန်း မသိသလို ဖြစ်နေတတ်တယ်။ ကိုယ့်ကို အများသူငါကြားထဲမှာ ထင်းကနဲ ပေါ်ပြီး သတိပြုမိစေချင်ရင်တော့ မတူတဲ့ Group ထဲက အရောင်ကို တွဲဖက်တာ သင့်တော်ပြီး ပုံမှန်ကတော့ Same Group ထဲက အရောင်တွေကို တွဲဖက် ၀တ်ဆင်ခြင်းက သင့်ကို အမြဲကြည့်ကောင်းနေစေပါလိမ့်မယ်ခင်ဗျာ။
Posted on: Thu, 11 Jul 2013 16:06:41 +0000

Trending Topics



Recently Viewed Topics




© 2015