ဝန်ကြီးရေ ... စကိုင်းနက်က - TopicsExpress



          

ဝန်ကြီးရေ ... စကိုင်းနက်က ဘယ်သူ့ဟာမို့လို့လဲဟမ် -၂၀၁၀ ဇူလိုင် ၂၈ တွင်စာချုပ် ( ၃၃ နှစ်လုပ်ကိုင်ခွင့် ) -၂၀၁၀ မှ ၂၀၁၃ အထိ သုံးနှစ်အခွန်လွတ် ( တစ်ပြားမှ မရ ) -ပထမ ငါးနှစ်တွင် နိုင်ငံတော်မှ အကျိုးခံစားခွင့် ၄% -ဒုတိယ ငါးနှစ်တွင် နိုင်ငံတော်မှ အကျိုးခံစားခွင့် ၈% -တတိယ ငါးနှစ်တွင် နိုင်ငံတော်မှ အကျိုးခံစားခွင့် ၁၂% -စတုတ္ထ ငါးနှစ်တွင် နိုင်ငံတော်မှ အကျိုးခံစားခွင့် ၁၆% -ပဉ္စမ ငါးနှစ်တွင် နိုင်ငံတော်မှ အကျိုးခံစားခွင့် ၂၅% အဆင့်ဆင့်တိုးမြှင့်ပေးပြီး သမ္မတသက်တမ်းခြောက်ဆက် မြောက်မှသာ နိုင်ငံတော်မှ ၂၅% အထိ ကရုဏာကြေး ရရှိမည်ဖြစ်ပါသည်။ ဘယ်လိုများ အကျိုးတူပူးပေါင်းတာပါလိမ့်။ ခန့်မှန်းဝင်ငွေ - ကြေငြာခ တစ်ရက်လျှင် ကျပ်သိန်း ၃၀၀ မှ သိန်း ၆၀၀ ဝန်းကျင် - လစဉ်ကြေး တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၇၀၀၀ ဝန်းကျင် စကိုင်းနက်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတော်မှ ရမည့်အကျိုးအမြတ်၊ စကိုင်းနက်မှ ရမည့် အကျိုးအမြတ်ခွဲဝေမှုကို မီဒီယာများက အကြိမ်ကြိမ်မေးမြန်းသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ လုံးဝပြန်လည်ဖြေကြားခြင်း မပြုဘဲ လျှို့ဝှက်ထားခဲ့။ အဟွတ်. အဟွတ် (Daily eleven) မှ ကောက်နုတ်တင်ပြသည်။
Posted on: Mon, 27 Jan 2014 03:41:57 +0000

Trending Topics



Recently Viewed Topics




© 2015