ဝယ်ထားပြီး - TopicsExpress



          

ဝယ်ထားပြီး တစ်နှစ်ကျော်မှ စဖတ်ဖြစ်ကာ သုံးလနီးပါး အချိန်ယူရတဲ့ Elizabeth Gilbert ရဲ့ Eat Pray Love ပြီးဆုံးသွားပါပြီ။ ရုပ်ရှင်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်အပိုင်းက စာအုပ်ထဲမှာ ပျင်းစရာကောင်းလွန်းတယ် ထင်မိတယ်။ ဒါပေမယ့် Eat နဲ့ Pray အပိုင်းတွေကတော့ တော်တော် စိတ်ဝင်စားဖို့ကောင်းသား။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်နီးပါးက spiritual journey ဆိုတာ အင်မတန် ပျင်းရိငြီးမွေ့ဖို့ကောင်းမှာလို့ ထင်ပေမယ့် အခုတော့ စိတ်တွေပြောင်းလဲလာခဲ့ပြီ။ ဟာသမြောက်တဲ့ သူ့အရေးအသားကို သဘောကျလို့ နောက်စာအုပ်တွေ ဆက်ရှာဖတ်ဖြစ်ဦးမယ်။ အခုတော့ ကျနော်စာမျက်နှာ ငါးရာကျော်ရှိတဲ့ Wild Swans ကို စဖို့ ကြံစည်မိပါရော။ အဲဒီလောက်ထူတဲ့ ဗျက်ကျယ်တဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္ထုမဖတ်ဖူးတာမို့ တစ်နှစ်နီးပါးများ ကြာသွားမလားလို့ လန့်နေမိပါရဲ့။
Posted on: Thu, 03 Oct 2013 02:41:53 +0000

Trending Topics



Recently Viewed Topics




© 2015