သတိပြုစရာ - TopicsExpress



          

သတိပြုစရာ စတော့ရှယ်ယာ။ ==================== ကျနော်တို့နိုင်ငံ၏ နောက်နှစ်အနည်းငယ်အတွင်း ဖြစ်ပေါ်လာမည့်စတော့ရှယ်ယာဈေးကွက်တွင် အစုရှယ်ယာများကိုအပြိုင်အဆိုင်ရောင်းချကြတော့မည်ဖြစ်ရာ ရှယ်ယာဝယ်ယူသော ကျနော်တို့ ( Investor ) များအနေနဲ့ သတိပြုရမည့်အချက်လေးများကို အနည်းငယ်တင်ပြပေးလိုက်ပါတယ်။ ကျနော်တို့ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာတစ်ခုကို ဝယ်ယူတော့မည်ဆိုလျှင် ထိုကုမ္ပဏီ၏ အချက်အလက်များပေါ်မူတည်၍ နည်းလမ်းအမျိုးမျိုးဖြင့်တွက်ချက်ဆန်းစစ်ကြည့်ရသကဲ့သို့ အဆိုပါ ကုမ္ပဏီကို ဦးစီးဦးဆောင်ပြုနေသည့် CEO မည်သူဖြစ်သည်ကိုလည်း အဓိကထားကြည့်ရှုကြရပါမယ်။ ရင်းနှီးမြှုပ်နှံသူ ကမ္ဘာကျော်သူဌေးကြီး Warren Buffet ကလဲ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာကိုဝယ်ယူရာတွင် CEO ကိုအဓိကထားကြည့်ရှုသည်ဟုဆိုပါတယ်။ CEO ကိုမယုံလျှင် Warren Buffet သည် ထိုကုမ္ပဏီ၏ရှယ်ယာကို ဝယ်ယူခြင်းမပြုဟုသိရပါတယ်။ အစုရှယ်ယာတစ်ခု၏ ယုံကြည်ရခြင်း၊ မယုံကြည်ရခြင်းသည် အတိုင်းအတာတစ်ခုထိအရေးကြီးသော်လည်း ကုမ္ပဏီလုပ်ငန်းအောင်မြင်ခြင်း၊ အမြတ်အစွန်းရအောင် ဆောင်ရွက်နိုင်ခြင်းများကလဲ အဓိကအချက်ဖြစ်ပါတယ်။ အမြတ်အစွန်းမရလျှင် ရှယ်ယာတစ်စောင်ချင်းအလိုက် အမြတ်ဝေစုခွဲဝေ၍ မပေးနိုင်ပါ။ အမြတ်မရသောရှယ်ယာသည် ဈေးမတက်ပါ။ အများပြည်သူကြား အရောင်းအဝယ်ပြုသောဈေးကွက် ( Secondary Market ) အတွင်း ဈေးမတက်သော ရှယ်ယာသည် အဝယ်မရှိတော့လျှင် ဈေးကျပါလိမ့်မယ်။ ထိုအခါ ယုံကြည်စိတ်ချရပါသည်ဆို၍ ဝယ်ထားသော အစုရှယ်ယာရှင်များမှာ အရှုံးနှင့်ရင်ဆိုင်ရပါလိမ့်မယ်။ ထို့ကြောင့် ဤအချက်တွေသည်လည်း ကျနော်တို့ကြိုတင်စဉ်းစားထားရမည့် အချက်တွေပဲဖြစ်ပါတယ်။ အစုရှယ်ယာများအပေါ် အမြတ်ဝေစု ခွဲဝေပေးရာတွင်လည်း ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အချို့ကုမ္ပဏီများမှာ အမြတ်အစွန်းမှန်သမျှကို ရှယ်ယာတစ်စောင်ခြင်းအလိုက် အမြတ်ဝေစုအဖြစ် အကုန်ခွဲဝေပေးလေ့ရှိပါတယ်။ အချို့ကုမ္ပဏီများမှာ အမြတ်အစွန်းမှန်သမျှကို အမြတ်ဝေစုအဖြစ် ခွဲဝေပေးခြင်းမပြုဘဲ ကုမ္ပဏီ၏လုပ်ငန်းများ တိုးချဲ့ရန်အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံလိုက်ကြပါတယ်။ အချို့ကုမ္ပဏီများကမူ လုပ်ငန်းများတိုးချဲ့ရန်ရှိသော်လည်း ရှယ်ယာတစ်စောင်ချင်းအလိုက် ရရှိမည့်အမြတ်ဝေစုအပေါ် အချို့တဝက်ကိုငွေသားအဖြစ်ပေးချေပြီးကျန်တန်ဖိုးကို အစုရှယ်ယာများအဖြစ်ဖြင့် ရှယ်ယာပိုင်ရှင်များအား ခွဲဝေပေးပါတယ်။ အစုရှယ်ယာများအဖြစ်ဖြင့် ခွဲဝေပေးလိုက်သော ငွေသားတန်ဖိုးကို လုပ်ငန်းများချဲ့ထွင်ရာတွင် ပြန်လည်အသုံးပြုကြပါတယ်။ ထိုအခါ ရှယ်ယာပိုင်ရှင်များမှာ ငွေသားဖြင့်အကျိုးအမြတ်လည်းရ အစုရှယ်ရာတန်ဖိုးများဈေးလည်းတက် ကုမ္ပဏီမှာလည်း လုပ်ငန်းချဲ့ထွင်နိုင်သော အကျိုးကျေးဇူးများလည်းရရှိကြပါတယ်။ နောက်တစ်ခုမှာ စတော့အိတ်စ်ချိန်းများပေါ်ပေါက်လာပါလျှင် စာရင်းဝင်ကုမ္ပဏီများမှ အစုရှယ်ယာများ ရောင်းဝယ် ကြရာဠ် ငွေဖြစ်လွယ်မှု ( Liquidity ) ရှိ၊ မရှိဆိုတာကိုလည်းကျနော်တို့စဉ်းစားကြရမည့်အချက်ပဲဖြစ်ပါတယ်။ အစုရှယ်ယာများမှာ အဝယ်သာရှိ၍ အရောင်းမရှိသည့်ကုမ္ပဏီများမပေါ်ပေါက်နိုင်ဟု မည်သူမျှမပြောနိုင်ပါ။ သို့သော် စတော့ဈေးကွက်ခေတ်တွင် အခွင့်အလမ်းကောင်းများ လွတ်ထွက်မသွားစေရန်လည်းကျနော်တို့သတိပြုရပါမယ်။ ထို့ကြောင့် ကျနော်တို့ ဘဏ်စနစ်အားကောင်း၊ မကောင်းကိုလည်းကြိုတင်လေ့လာထားရပါမယ်။ သို့မှသာ ဘဏ်များအနေဖြင့် စတော့အိတ်ချိန်း ပေါ်ပေါက်လာပါက (၁) ကုမ္ပဏီများ၏ အစုရှယ်ယာများကို ( မူလဈေးကွက်အဖြစ် ) Under Writter Association အဖြစ် ရောင်းချပေးခြင်း၊ (၂) ဒုတိယဈေးကွက်တွင် အများပြည်သူတစ်ဦးချင်းကို ပွဲခယူ၍ ဝယ်ပေး၊ ရောင်းပေးခြင်း ( ဤတွင် အကြံဥာဏ်ပေးမှုပါဝင်သော ရောင်းပေး၊ ဝယ်ပေးမှုနှင့် အကြံဥာဏ်ပေးမှုမပါဝင်သော ရောင်းပေး၊ ဝယ်ပေးမှုဟူ၍ ကွဲပြားသွားမည်ဖြစ်ပါတယ်။ (၃) အလားအလာကောင်းသောကုမ္ပဏီများဋ္ဌ် ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားခြင်း၊ (၄) ကိုယ်ပိုင် Fund အဖွဲ့ထူထောင်ခြင်းဟူသော ကိစ္စရပ်များပေါ်ပေါက်လာမည်ဖြစ်ပါတယ်။ (၁)/(၂) သည် သာမန် Banking Knowledge ဖြင့်ဆောင်ရွက်၍ရနိုင်ပါသော်လည်း၊ ကျန်အချက်များကို ပညာရှင်မပါရှိပဲနှင့် ဆောင်ရွက်၍မရနိုင်ပါ။ Fund အဖွဲ့ကိုမထူထောင်ချင်သေးလျှင်ရသော်လည်း အလားအလာကောင်းသော ကဏ္ဍများတွင် ကိုယ်တိုင်ရင်းနှီးမှုပြုရန်ကိစ္စများမှာ လုပ်သင့်လုပ်ထိုက်သောကိစ္စများဖြစ်ပါတယ်။ ထို့ကြောင့် ဘဏ်များအနေဖြင့် ကဏ္ဍပေါင်းစုံ၊ ဈေးကွက်ပေါင်းစုံကို စုန်ချည် ဆန်ချည် Analysis လုပ်နိုင်မည့်ပညာရှင်များ ပေါ်ထွန်းလာစေရန် ယခုကတည်းက ပြုစုပျိုးထောင်ပေးထားသင့်ပါတယ်။ နောက်တစ်ချက်သတိထားရမည်မှာ မီဒီယာများ၏ မှားယွင်းရေးသားဖ်ါပြမှုကြောင့် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် နစ်နာသွားနိုင်သကဲ့သို့ အမှန်တရားကိုဖော်ထုတ်ရေးသား မဖော်ပြနိုင်ခြင်းကလည်း ရှယ်ယာရှင်များနစ်နာသွားနိုင်သည်ကိုလဲ သတိပြုရပါမယ်။ ဒါ့အပြင် သတိပြုစရာများစွာလဲ ကျန်ပါအုံးမယ်။ ဆက်လေ့လာလိုက်ပါအုံးမယ်။ 󾍇󾓟 Hein Zayar ( စီးပွားရေးသတင်းများနှင့် ခန့်မှန်းချက်များ )
Posted on: Thu, 03 Oct 2013 23:33:09 +0000

Trending Topics



Recently Viewed Topics




© 2015