သီချင်းသည် - TopicsExpress



          

သီချင်းသည် အတိတ်မေ့ရောဂါအတွက် အကောင်းဆုံး ဆေးဖြစ် Mon Oct 14 11:04:31 GMT+06:30 2013 လေ့လာတွေ့ရှိချက်အရ သီချင်းနားထောင်ခြင်း၊ သီဆိုခြင်းဟာ အတိတ်မေ့ ရောဂါအတွက် အကောင်းဆုံး ဖြစ်ကြောင်း သိရပါတယ်။ အတိတ်မေ့ရောဂါတင်မကပဲ ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပွားတဲ့ ဘယ်ရောဂါကိုမဆို ကုသနိုင်တယ်လို့ ဆိုပါတယ်။ စဉ်းစားရခက်တာမျိုး၊ စဉ်းစားမိသော်လည်း ဦးနှောက်က တန်ပြန်တုံ့ပြန်မှု နှေးကွေးတာမျိုးတို့ကို လည်း ပျောက်ကင်းစေပါတယ်။ သီချင်းရယ်လို့မဟုတ်ပဲ ဂီတနဲ့ ဆက်စပ်တဲ့ ဒရမ်တီးတာတို့၊ စန္တယားတီးတာ တို့၊ ဂစ်တာတီးတာတို့ကလည်း မှတ်ဥာဏ်ကောင်းပြီးတော့ အတိတ်မေ့ ခြင်းမှလည်း ပြန်လည် ကောင်းမွန်စေပါတယ်။ သီချင်း တစ်ပုဒ် နားထောင်လိုက်တဲ့အခါ နျူရွန်ဓာတ်တစ်မျိုးကို ဦးနှောက်ထဲမှာ ထုတ် လုပ်ပေးပြီး ဦးနှောက်ဆဲလ်တွေကို ရှင်သန်စေပြီး၊ ပျက်စီးနေတဲ့ ဆဲလ် နေရာကိုလည်း ပြန်လည်အစားထိုးပေးပါတယ်။ ဒါကြောင့် သီချင်းဟာ အတိတ်မေ့ရောဂါအတွက် အကောင်းဆုံး ဆေး ဖြစ် တယ်လို့ သတ်မှတ်ခြင်းဖြစ်ကြာင်း သိရပါတယ်။ --Ref: medic-facts credit to : Aung Kham
Posted on: Fri, 18 Oct 2013 03:48:23 +0000

Trending Topics



Recently Viewed Topics




© 2015