သူငယ်ချင်းကြက်ဖရေ - TopicsExpress



          

သူငယ်ချင်းကြက်ဖရေ ….(ဒေါက်တာဥက္ကာကြည်ဝင်း) ငါလည်း အဲ့လိုနဲ့ နိုင်ငံရေးကို စပါဝင်လာတာပေါ့ကွာ။ မင်းကတော့ ၀န်းရံမယ်ဆိုပြီး အပြင်ကနေဘဲ ၀ိုင်းဝန်းပံ့ပိုးခဲ့တယ်။ အရင် ပါတီမှတ်ပုံမတင်ရသေးတဲ့ အချိန်က အရမ်းကို အလုပ် လုပ်ရတာ အဆင်ပြေတဲ့ကွ။ ငါမှတ်မိသေးတယ် NLD ပညာရေးကွန်ရက် ပထမအကြိမ် ရန်ပုံငွေ ဈေးရောင်းပွဲနဲ့ Stage show ကို MCC မှာ လုပ်တုန်းက ငါရယ် မင်းရယ် အေးလွင်ရယ် ထွန်းနေ၀င်းရယ် ကျော်ဇင်ဝင်းရယ် Medical Cover သွားပေးခဲ့တယ်နော်။ အဲ့မှာ တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာတောင်ညွန့် အကြီးအကျယ် မီးလောင်တော့ ကယ်ဆယ်ရေးစခန်းမှာ ငါတို့ အဖွဲ့ ဆေးခန်းသွားထိုင်းပေးခဲ့သေးတယ်လေ။ အဲ့တုန်းက မင်းရယ်၊ ဘဲဥရယ်၊ အေးအေးမော်၊ အေးလွင်၊ထွန်းနေ၀င်း၊ ကျော်ဇင်ဝင်းနဲ့ ငါတို့ ဆေးခန်း တပါတ်လောက်သွားထိုင်ပေးကြတယ်ကွာ။ ငါတို့က အမေ့ကိုချစ်တော့ ငါတို့ နိုင်တဲ့ဘက်က ကူညီမယ်ဆိုတဲ့ စိတ်နဲ့ ကူညီခဲ့တာ မင်းတို့ ငါတို့ အသိပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မော်လမြိုင် စည်းရုံးရေးခရီးစဉ်ကတော့ ငါတို့ရဲ့ သမိုင်းမှာ မမေ့နိုင်တဲ့ မှတ်တမ်းတစ်ခုပေါ့ကွာ။ ခရီးစဉ်တလျှောက် အမေနဲ့ ပါတီဝင်တွေရဲ့ ကျန်းမာရေးအတွက် ကူညီမယ်ဆိုပြီး ခွင့်တောင်းလိုက်တာ လိုက်ခွင့်ရလို့ လိုက်သွားတာ ပျော်စရာကြီးကွာ။ ခရီးစဉ်မှာ ပါတဲ့ ငါတို့ ၆ ယောက် ပေါင်းပြီး လူငယ်ဆရာဝန်ကွန်ရက်ဆိုပြီး ဖွဲ့ခဲ့ကြတာ မှတ်မိနေသေးတယ်ကွာ။ ငါရယ် မင်းရယ် အေးလွင်၊ သက်ဇော်၊ ထွန်းနေ၀င်းနဲ့ ကျော်ဇင်ဝင်းတို့ ခရီးစဉ်ပြန်လာတဲ့အခါ ငါတို့ တတ်ထားတဲ့ပညာနဲ့ ငါတို့ လူငယ်တွေ လုပ်ပေးနိုင်တာလေးတွေလုပ်ကြမယ်ဆိုပြီး လူငယ်ဆရာဝန်ကွန်ရက် Face book group လေးထောင်ခဲ့ကြတယ်။ ပြည်တွင်းပြည်ပ က ငါတို့သူငယ်ချင်းတွေ၊ Senior တွေ၊ အလှူရှုင်တွေရဲ့ အလှူငွေရယ် ငါတို့ ၆ယောက်ရဲ့ အလှူငွေတွေပေါင်းပြီး ရှိတဲ့ငွေလေးနဲ့ ပြည်သူတွေကို ငါတို့နိုင်သလောက် အလုပ်အကျွေးပြုဆေးကုပေးခဲ့တယ်။ Face book ကတဆင့် ငါတို့ကို အားပေးကြ ဆက်သွယ်ကြနဲ့ ငါတို့တွင်မကဘဲ လူငယ်မျိုးဆက်သစ် ဆရာဝန်တွေ ပါလာတယ်။ ငါတို့ အဖွဲ့ စထောင်တဲ့ ၆ ယောက်ပြန်ဆုံဖြစ်တဲ့ အကြောင်းလေးပြန်စဉ်းစားကြည့်တော့ စိတ်ဝင်းစားဖို့ကောင်းသားကွ။ မင်းနဲ့ ငါကတော့ ကျောင်းသား ဘ၀တည်းက နိုင်ငံရေးနဲ့ ပက်သက်ပြီးအဆက်ရှိခဲ့တယ်။ ပြီးတော့ အမေလွတ်တဲ့နေ့က မင်းနဲ့ပြန်ဆုံပြီး မင်းနဲ့ငါက လုပ်နိုင်တာလေးတွေ လုပ်ခဲ့ကြတယ်ပေါ့။ အေးလွင်က ကျောင်းတုန်းက အေးအေးဆေးဆေးနေလာတာ နိုင်ငံရေးကိုလည်း မဆွေးနွေးဖူးဘူး။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက အေးလွင် ကလည်း အမေဒေါ်အောင်ဆန်းစုကြည်ကို လေးစားပြီး ပြည်သူအကျိုးပြု ပရဟိတလုပ်ချင်နေတာကွ။ သူကလည်း တက်တက်ကြွကြွနဲ့ကို ပါ လာတာ။ သူနဲ့ငါနဲ့က House Surgeon တစ်နှစ်လုံး စြံ့ပဆေးရုံမှာ ဆင်းခဲ့တာဆိုတော့ စိတ်တူကိုယ်တူပေါ့ကွာ။ ကျော်ဇင်ဝင်းကတော့ ငါတို့ထဲမှာ အငယ်ဆုံးပေါ့ကွာ။ သူက နိုင်ငံရေးစိတ်ဝင်းစားပြီး သမိုင်းကိုလည်း စိတ်ဝင်းစားတဲ့သူကွ။ ငါ့ ဆရာရဲ့သား လေ။ ဒါနဲ့ သူလည်း ငါတို့ထဲမှာ ပါဝင်လာတာပေါ့ကွာ။ သက်ဇော်နဲ့ငါက မော်လမြိုင်ဆေးရုံမှာ အတူတူ အလုပ်လုပ်ရင်း ညီအကိုလိုခင်ခဲ့ကြတာပေါ့ကွ။ သူနဲ့ ပြန်ဆုံဖြစ်တာက ပြည်သူ့ခေတ်ဂျာနယ်မှာ ငါ ဒဂုံဆိပ်ကမ်း ယုဇနမှာ ပညာဒါနကျောင်းဖွင့်ပွဲပုံတွေ့လို့ဆိုပြီး ငါ့ဆီ ရောက်လာတယ်။ ပြီးတော့ သူနဲ့ သူ့ ဇနီးက အဲ့ပညာဒါနအတွက် ငွေ ၁၀၀၀၀၀ကျပ် လှူသွားသေးတယ်။ သူလည်း ပညာရေးနဲ့ ကျန်းမာရေးကို ၀ိုင်းလုပ်ပေးချင်တယ်ဆိုပြီး သူလည်းပါလာတာကွ။ မော်လမြိုင်ခရီးစဉ်မှာ ပိုးဝင်သွားတာပေါ့ကွာ။ ထွန်းနေ၀င်းနဲ့ ပြန်ဆုံတာလည်း စိတ်ဝင်စားစရာကွ။ ယုဒသန်မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက် ဈေးရောင်းပွဲမှာ သူကလည်း အမေ့ကိုတွေ့ချင်လို့လာရင်း ပြန်ဆုံကြတာ။ ဖြစ်ချင်တော့ သူနဲ့ငါနဲ့ အမေ့ကို နှုတ်ဆက်ခွင့် ရလိုက်တယ်ကွ။ နိုင်ငံရေးအခံကရှိတော့ NLD BG သွေးကူညီရေးအဖွဲ့က သူတွေနဲ့ သူက သိပြီး ဆေးရုံမှာ ကူညီပေးနေတာ။ အဲ့လိုနဲ့ သူလည်း NLD ကို ၀န်းရံမယ်ဆိုပြီး ပါလာတာကွ။ ငါတို့ ၆ ယောက် က အမေဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်၊ ပြည်သူအကျိုးပြု လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံ့အရေးမှာ နိုင်သလောက် ၀န်းရံမယ်ဆိုတာပါဘဲကွာ။ ဘာနေရာ ဘာကျော်ကြားမှုအတွက်မှ မဟုတ်တာ ငါတို့ အသိဆုံးပါကွာ။ ငါတို့လိုဘဲ အမေ့ကိုလေးစားချစ်ခင်တဲ့၊ ပြည်သူအကျိုးပြု ပရဟိတလုပ်ချင်တဲ့၊ နိုင်ငံ့အရေးမှာ ကိုယ်နိုင်သလောက်ပါဝင်ချင်တဲ့ ငါတို့ရဲ့ ညီငယ် မျိုးဆက်သစ်ဆရာဝန်လေးတွေ လာရောက်ပူးပေါင်းကြတယ်ကွာ။ ငါလေ အဲ့လို လူငယ်ဆရာဝန်တွေ နိုင်ငံ့အရေးကိုစိတ်ဝင်စားတာတွေ့ရတော့ အ၇မ်းဝမ်းသာသလို အမေ့အတွက် အားတက်ခဲ့တယ်ကွာ။ အမေက လူငယ်တွေကို အားကိုးတာကို သူငယ်ချင်းရဲ့။ ငါလေ အဲ့ဒီလူငယ်ဆရာဝန်တွေကို အမေ့နားရောက်စေချင်တယ်။ အမေ့နားမှာ အမေ့ကို ကူညီပေးမယ့် သူတွေဖြစ်စေချင်တယ်။ အမေ့အတွက် တိုင်းပြည်အတွက် အင်အားတွေဖြစ်စေချင်လိုက်တာကွာ။ ဒါတွေက ငါတို့ အဖွဲ့ရဲ့ အိပ်မက်တွေ ပေါ့ကွာ။ (ဆက်ပါအုံးမည်)
Posted on: Thu, 24 Oct 2013 15:15:52 +0000

Recently Viewed Topics




© 2015