သူတစ်ထူးကိုချစ်ဖို့ - TopicsExpress



          

သူတစ်ထူးကိုချစ်ဖို့ အချစ်ခံရသည် 01.11.2013 ဖတ်ရန်: တရား ၁၀း၁၂-၂၂ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော် ကို ဆောင်ရွက်ခြင်း... ပညတ်တော် ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး သင်၏ ဘုရားသခင်ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော် မူသနည်း။ တရား ၁၀း၁၂ သမ္မာကျမ်းစာ တစ်နှစ်တာ: □ ယေ ၂၄-၂၆ □ တိတု ၂ “သင်က မည်မျှချစ်ပါသည်ဟူသည့် အချက်အားဖြင့် ချစ်ခြင်းသဘောကို မဆုံးဖြတ်နိုင်။ အခြားသူ၏ချစ်မြတ်နိုးမှုကို သင်မည်မျှခံယူရရှိ သနည်းဟူသည့် အချက်အားဖြင့် ချစ်ခြင်း နှလုံးသားကို ဆုံးဖြတ်နိုင်၏” ဟူသည့်စာသားကို လက်ဆောင် ပစ္စည်းဆိုင်နံရံထက်၌ တွေ့ရသည်။ ၎င်းသည် “Wizard of Oz” ကာတွန်းကားမှ စကားဖြစ်သည်။ ၎င်းသည် ဇာတ်ကားကောင်းတစ်ကား ဖြစ်သော်လည်း ဝိညာဉ်ရေးရာသင်ခန်းစာယူရန် အတွက်မူ စိတ်မချရပါ။ “ကိုယ်တော်ကို ရှေ့ဦးစွာ ချစ်ရန်၊ ထို့နောက်မှ တစ်ပါးသူကိုချစ်ရန်” (မာ ၁၂း၂၉-၃၁) ဟူသည့် အကြီးမြတ်ဆုံးပညတ်ကို ပေးသည့် ဘုရား၏မိန့်ကြားချက်က အထက်ပါ စာသားနှင့် ဆန့်ကျင်ဖက်ပါ။ အခြားသူ၏တုံ့ပြန် အချစ်ကို မျှော်လင့်ရန် ကျမ်းစာမှ မသွန်သင်ပါ။ ယေရှု၏အကျော်ကြားဆုံး တောင်ပေါ်ဒေသနာ တွင် “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏”(မ ၅း၁၁-၁၂) ဟု မိန့်ကြားသည်။ အချစ်/ချစ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားရမည့် အရေးကြီးဆုံးအရာမှာ ချစ်မေတ္တာသည် ဘုရားသခင်နှင့် အစပြုသည် (၁ယော ၄း၁၉)။ မောရှေက ဣသရေလ (အစ္စရေး)လူတို့အား ဘုရားသခင်သည် သူတို့ကို ချစ်ရသည်ကို ကျေနပ်ကြောင်း (တရား ၁၀း၁၅) ပြောကြားပြီး၊ ထိုအကြောင်းကြောင့် သူတို့သည် ဧည့်သည်သူစိမ်းတစ်ရံဆံ များကိုပင် ချစ်ရမည် (း၁၉)။ ဘုရားသခင်၏ အချစ်ခံရသူများက သူ့မေတ္တာကို အခြား သူများထံ ဝေမျှသူဖြစ်ရန် ကိုယ်တော်အလိုဆန္ဒရှိသည်။ ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ဘုရားသခင်နှင့် ကင်းကွာပါက ကျွန်ုပ်တို့သည် တကယ်မချစ်တတ်၊ တကယ်အချစ်ခံရသည်မဟုတ် (၁ယော ၄း၇-၈)။ — Julie Ackerman Link မေတ္တာသည် ကိုယ်အကျိုးကို မရှာတတ်ခြင်းကြောင့် သခင်သည် ထက်ကောင်းကင်၌စံမနေဘဲ နွားစားခွက်နှင့် ကားတိုင်လမ်းကို ရွေးချယ်ကာ သူသည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ပြခဲ့၏။ — Wilmshurst Loved To Love November 1, 2013 — by Julie Ackerman Link Subscribe on iTunes Play MP3 (Mobile) Our Daily Bread Radio is hosted by Les Lamborn Read: Deuteronomy 10:12-22 What does the Lord your God require of you, but . . . to walk in all His ways and to love Him. —Deuteronomy 10:12 Bible in a Year: Jeremiah 24-26; Titus 2 “A heart is not judged by how much you love, but by how much you are loved by others.” I saw this quotation, attributed to the Wizard of Oz, on a wall plaque in a gift shop. The Wizard of Oz may be a good story, but it’s not a reliable source of spiritual information. God said something quite different. According to Him, the greatest commandment is to love—to love Him first and then others (Mark 12:29-31). Scripture says nothing about expecting to be loved in return. In fact, Jesus stated the opposite in His most famous sermon: “Blessed are you when they revile and persecute you, and say all kinds of evil against you falsely for My sake. Rejoice and be exceedingly glad, for great is your reward in heaven” (Matt. 5:11-12). When it comes to love, the important thing we need to know is this: All love starts with God (1 John 4:19). As Moses told the Israelites, God delighted in them to love them (Deut. 10:15), and because of that they were to love others, even strangers (v.19). God’s intent is that the people who receive His love will become the conduit of His love to others. Apart from God—who Himself is love—none of us could truly love or be loved (1 John 4:7-8). “Love seeketh not her own,” and so He did not stay as God above, But chose a manger and a cross To show that He was Love. —Wilmshurst He who does not love does not know God, for God is love. —1 John 4:8 ဖတ်ရန်: တရား ၁၀း၁၂-၂၂ ၁၂အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွားခြင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊ ၁၃သင်၏အကျိုးကို ထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်ခြင်း အမှုမှတပါး၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။ ၁၄မိုဃ်းကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကို၎င်း၊ သင်၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ ၁၅သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသော သင့်ကို၊ အခြားသောလူမျိုး တကာတို့တွင် ရွေးကောက်တော်မူ၏။ ၁၆သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တဖန်ခိုင်မာ သောလည်ပင်းမရှိစေနှင့်။ ၁၇အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့် ပြည့်စုံ၍ ကြောက်မက်ဘွယ် သောဘုရား၊ လူမျက်နှာကို မထောက်၊ တံစိုးကို မစားဘဲ၊ ၁၈မိဘမရှိသောသူငယ်၊ မုတ်ဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသော ဘုရားဖြစ်တော်မူ၏။ ၁၉သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဘူးပြီ။ ၂ဝသင်၏ဘုရားသည်ထာဝရဘုရားကို ကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။ ၂၁ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည်ကိုယ့်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမှုအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။ ၂၂သင်၏ ဘိုးဘေးတို့သည် အရေအတွက် အားဖြင့် လူခုနှစ်ဆယ်မျှသာ ရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုဃ်းကောင်းကင်ကြယ်နှင့် အမျှသင်၏ဘုရားသခင် ထာဝရဘုရားသည် များပြားစေတော်မူပြီ။ 12 And now, O Israel, what does the LORD your God ask of you but to fear the LORD your God, to walk in all his ways, to love him, to serve the LORD your God with all your heart and with all your soul, 13 and to observe the LORDs commands and decrees that I am giving you today for your own good? 14 To the LORD your God belong the heavens, even the highest heavens, the earth and everything in it. 15 Yet the LORD set his affection on your forefathers and loved them, and he chose you, their descendants, above all the nations, as it is today. 16 Circumcise your hearts, therefore, and do not be stiff-necked any longer. 17 For the LORD your God is God of gods and Lord of lords, the great God, mighty and awesome, who shows no partiality and accepts no bribes. 18 He defends the cause of the fatherless and the widow, and loves the alien, giving him food and clothing. 19 And you are to love those who are aliens, for you yourselves were aliens in Egypt. 20 Fear the LORD your God and serve him. Hold fast to him and take your oaths in his name. 21 He is your praise; he is your God, who performed for you those great and awesome wonders you saw with your own eyes. 22 Your forefathers who went down into Egypt were seventy in all, and now the LORD your God has made you as numerous as the stars in the sky.
Posted on: Fri, 01 Nov 2013 07:28:31 +0000

Trending Topics



Recently Viewed Topics




© 2015