ဟေဗြဲ (၃) တခန်းလုံးကို - TopicsExpress



          

ဟေဗြဲ (၃) တခန်းလုံးကို လေ့လာကြည့်ရအောင်။ အငယ် (၁) အရ - Wherefore, holy brethren, partakers of the heavenly calling, consider the Apostle and High Priest of our profession, Christ Jesus’ ။ ကျမ်းစာက Fix your thoughts on Jesus လို့သင်ပါတယ်။ ခရစ်တော်တစ်ဦးတည်းပေါ်မှာမျက်ခြေမပြတ်ဘဲ အာရုံပြုဖို့အလွန်အရေးကြီးကြောင်းသင်နေပါ တယ်။ ဘာကြောင့်လဲ? သူတဦးတည်းသာလျှင်ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းအရင်းအမြစ်ဖြစ် ပြီး အဲဒီ ကယ်တင်ခြင်းကို နေ့စဉ်အသက်ရှင်ခြင်းအသက်တာမှာ Apply လုပ်ပေးဖို့ တတ်နိုင်လို့ ပါပဲ။ ဘာပဲလုပ်လုပ် ခရစ်တော်ကိုတိုင်ပင်ပြီးလုပ်တတ်တဲ့အကျင့်ကို မွေးမြူပြီး အလေ့အကျင့် ဖြစ်စေဖို့ကြိုးစားဖို့ကျမ်းစာက သင်ကြားပေးနေတယ်။ တည့်တည့်ပြောရင်တော့ဗျာ…………… We need to make sure that nothing distracts us from a focus on Him. ခရစ်တော်ကို‘Apostle’လို့ခေါ်ထားတာသတိထားမိမှာပေါ့။ ကျမ်းစာတစ်အုပ်လုံးမှာ ခရစ်တော်ကို ‘Apostle’ လို့ခေါ်တာ အဲဒီကျမ်းပိုဒ်တစ်နေရာထဲမှာပဲရှိတယ်။ ဂရိဘာသာကို ဘာသာပြန်လိုက်တဲ့အခါ ‘Apostle’ ဆိုတာ ‘the one who sent’ တဲ့။ Jesus was the one who was sent from GOD to us. အဲဒါဘာများဆန်းသလဲလို့ ထင်မိပါသလား? ဆန်းတာမှသိပ်ကို ဆန်းတာ။ ဘုရားဆီကကြွလာတာမျိုးမဟုတ်ဘဲ ကမ္ဘာကြီးမှာအသက်ရှင်သွားကြတဲ့ လူတွေကို ဘုရားကအသုံးပြုပြီး တရားဟောကြားခိုင်းရင် အဲဒီတရားဒေသနာသွန်သင်တိုက်တွန်းချက် တို့ကိုလိုက်လျှောက်ရုံပါပဲ။ အသုံးခံရတဲ့လူကိုကိုးကွယ်ဖို့လုံးဝမလိုအပ်ပါဘူး။ လုံးဝမရပါဘူး။ ဒါပေမယ့် ကောင်းကင်ဘုံကနေ ကြွလာတဲ့ လူသားဟောတဲ့တရားဆိုရင်တော့ တရားဒေသနာ ကိုကော၊ “လူသား”ကိုကော၊ ကိုးကွယ်ရမယ်လို့ ဂရိဘာသာအရ နားလည်မိပါတယ်။
Posted on: Sat, 28 Sep 2013 03:04:28 +0000

Trending Topics



Recently Viewed Topics




© 2015