အပြာရောင် ဂြိုဟ်ကြီး - TopicsExpress



          

အပြာရောင် ဂြိုဟ်ကြီး တစ်လုံးကို ကမ္ဘာမြေမှတွေ့ 15.7.2013 Hubble အာကာသစခန်းရှိ အာကာသကြည့် မှန်ပြောင်းကြီးမှတစ်ဆင့် ကမ္ဘာကြီးကို လှည့်ပတ် နေသည့် ကြယ်ပုံသဏ္ဌာန်ရှိ ဂြိုဟ်ကြီး တစ်လုံး ကို တွေ့ရှိခဲ့ရကြောင်း US Today သတင်းတွင် ဖော်ပြထားသည်။ အလင်းနှစ် ၆၃ နှစ် ကွာဝေးသည့် (မိုင်ပေါင်း ၃၇၂ ထရီလီယံခန့်) ကြယ်စု ထဲတွင် အပြာရောင် ဂြိုဟ်ကြီး တစ်လုံးကို ထူးဆန်းစွာ တွေ့ရှိ ခဲ့ရကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ပညာရှင် တွမ်အီဗန်က Astrophysical Journal တွင် စာတမ်း တစ်စောင်အဖြစ် ရေးသား ဖော်ပြ ထားသည်။ အဆိုပါ ဂြိုဟ်ပြာကြီးသည် ဂျူပီတာဂြိုဟ် အရွယ်အစားခန့်ရှိပြီး နေစကြဝဠာ စနစ်တွင် အခြားဂြိုဟ် များထက် ၁၃ ရာခိုင်နှုန်း ပိုကြီးမားသည်ဟု ယင်းစာတမ်းတွင် ဖော်ပြထားသည်။ The Voice Weekly
Posted on: Mon, 15 Jul 2013 11:06:57 +0000

Trending Topics



Recently Viewed Topics




© 2015