အကယ်ဒမီ - TopicsExpress



          

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော အမှုကို နှစ်ဦးနှစ်ဖက် ကျေအေး Friday, July 05, 2013 ဆုထူးပန်တာဝါ ဆောက်လုပ်မှု ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော ဥပဒေကြောင်းဆိုင်ရာ ကိစ္စများအား ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ ယင်းသို့ ကျေအေးလိုက်ခြင်းမှာ သီတဂူ ဆရာတော်၏ မိန့်ကြားလမ်းညွှန်မှုဖြင့် ဖြစ်ကြောင်းနှင့် ဇူလိုင် ၄ ရက် နံနက် ၉ နာရီ အချိန်ခန့်တွင် အငြိမ်းစား အသံအမတ်ကြီး ဦးလှမောင်၏ ကိုယ်စားလှယ်မှတစ်ဆင့် ဆုထူးပန်မြေကွက်ကို ဒေါ်ဝါ၀ါဝင်းရွှေထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေကွက်ပေါ်တွင် ၁၂ ထပ်အမြင့်ရှိ တော်ဝင်ဆုထူးပန်တာဝါ ဆောက်လုပ်ရန် ကိစ္စနှင့်ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ကာ ဇွန် ၂၄ ရက်တွင် ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ မြန်မာ့အလင်း သတင်းစာတွင် Father Land ကုမ္ပဏီနှင့် ပတ်သက်၍ အများပြည်သူ သိစေရန် ကြေညာချက်ထုတ်ပြန်မှု အပေါ်တွင် Father Land ကုမ္ပဏီက ၎င်းတို့ကုမ္ပဏီ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်သည်ဟုဆိုကာ ဒေါ်ဝါ၀ါဝင်းရွှေအား အသရေဖျက်မှု၊ မူလစာချုပ် ဖျက်သိမ်းစေလိုမှုတို့ဖြင့် ဇွန် ၂၅ ရက်တွင် တရားစွဲခဲ့သည်။ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများအား နှစ်ဦးနှစ်ဖက် ကျေအေးလိုက်သော်လည်း ဒေါ်ဝါ၀ါဝင်းရွှေဘက်မှ ဆုထူးပန်တာဝါဆောက်ရန် စရန်ငွေအဖြစ် ပေးထားသော ကျပ်သိန်း ၉၀၀၀ ကိစ္စနှင့် ပတ်သက်၍ 'နှစ်ဦးနှစ်ဖက် အကောင်းဆုံး နားလည်မှုရပြီး ပြေလည်သွားတာပါ။ အဲဒီအတွက် သိန်း ၉၀၀၀ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်တို့အနေနဲ့ အသေးစိတ် မပြောလိုတော့ပါဘူး။ အဲဒီအတွက် နှစ်ဦးနှစ်ဖက် ကျေအေးပြီး ပြေလည်မှုတွေ ရသွားပြီလို့ပဲ ပြောပါရစေ။ နှစ်ဦးနှစ်ဖက်ရဲ့ စောင့်ထိန်းရမဲ့ သဘောတူညီမှုထဲမှာ ဒီငွေကြေးကိစ္စကို ထုတ်ဖော်ပြောဆိုခြင်း မပြုဘူးလို့ ပါပါတယ်' ဟု Father Land ကုမ္ပဏီမှ ဒါရိုက်တာဦးမျိုးမြင့်က ဖြေကြားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်ဝါ၀ါဝင်းရွှေက 'ဒီနေ့ပဲ အန်တီဝါ ဆုထူးပန်မြေကွက်ကို ပြန်ရပါပြီ။ စာချုပ်လည်း ဖျက်ပေးတယ်။ သီတဂူဆရာတော်ရဲ့ ဆုံးမမှုအောက်မှာ နှစ်ဦးနှစ်ဖက် နာခံပြီး ငြိမ်းချမ်းမှုကို ယူခဲ့တာပါ။ စရန်ငွေနဲ့ ပတ်သက်လို့ ငွေရေးကြေးရေးပိုင်း အရတော့ အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်တို့ ထပ်ညှိဦးမှာပါ။ အကုန်လုံးလည်း ပြန်ရမယ်၊ မရဘူးလို့လည်း ပြောလို့မရသေးပါဘူး' ဟု ဇူလိုင်လ ၄ ရက်ညပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
Posted on: Fri, 05 Jul 2013 03:25:36 +0000

Trending Topics



Recently Viewed Topics




© 2015