အခွန်ကောက် မသမာမှု - TopicsExpress



          

အခွန်ကောက် မသမာမှု လိပ်စာအတိအကျဖြင့် တိုင်ကြားနိုင် 8.8.2013 တိုက်ရိုက်အခွန် ကောက်ခံရသော စည်ပင်ဝန်ထမ်းများအနေဖြင့် အခ ကြေးငွေရယူပါက သက်ဆိုင်ရာဌာနများ သို့ လိပ်စာအတိအကျဖြင့် တိုင်ကြားနိုင် သည်ဟု ရန်ကုန်စည်ပင်မှသိရသည်။ သတ်မှတ်ထားသော အခွန်နှုန်း ထားမှ ကျော်လွန်ကောက် ခံခြင်း၊ လျှော့ ချကာ အခွန်ကောက်ခံ၍ အခကြေးငွေ ရယူသူ ဝန်ထမ်းများအား ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ ၆(၁)ဖြင့် အရေးယူဆောင်ရွက်ရန် ရှိသည်ဟု ရန် ကုန်စည်ပင်မှ သိရသည်။ ယခုလအတွင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ ကြော်ငြာဘုတ်အခွန် တိုးကောက် သည့်ကိစ္စနှင့် ပတ်သက်၍ ဒဂုံမြို့နယ်မှ တိုင်ကြားစာရောက်လာသော်လည်း နေ ရာအတိအကျေ ဖ်ာပြထားမှု မရှိ၍ အ ရေးယူရန် အခက်အခဲရှိနေကြောင်း ယင်းဌာနမှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။ 'အဲဒီမြို့နယ်ကို သွားစစ်ဆေးတာ တော့ ဆောင်ရွက်ရမှာပေါ့'ဟု ၄င်းက ပြောသည်။တိုင်ကြားစာတွင် ကြော်ငြာဘုတ် ၁၈ ပေထ၂ပေအရွယ်အစားကို ၁၈ ပေထ ၄ ပေဟုဆိုကာ အခွန်တိုးမြှင့် ကောက်ခံ ပြီး ၄င်းတို့မြို့ နယ်အတွင်း ကြော်ငြာ ဘုတ်များတွင် အချို့ကြော်ငြာဘုတ် အသေးများ မှာ ကြော်ငြာဘုတ်အကြီး များထက် အခွန်ပိုဆောင်ရမှုများရှိရာ မသမာမှုများရှိနေသည်ဟု တိုင်ကြား ထားကြောင်း သိရသည်။ ရန်ကုန်စည်ပင်မှ ကောက်ခံသော အခွန်များတွင် အထွေထွေ အခွန်၊ ကြော် ငြာဘုတ်အခွန်နှင့် အဆောက်အအုံ ဆောက်လုပ်ရာ ၌ ပေးဆောင်ရသော အခွန်များပါဝင်ပြီး အထွေထွေခွန်တွင် မြေခွန်၊ သန့်ရှင်းရေးခ၊ ရေခ၊ မီးခွန်စ သည်တို့ ပါဝင်သည်။ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား မှုတွင် ပစ္စည်းတန်ဖိုးနည်းပါက ပုဒ်မ ၆(၁)ဖြင့်အရေးယူပြီး ယင်းပုဒ်မမှာ ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနို င် ကြောင်း ပစ္စည်းတန်ဖိုးကြီးမားပါက အ များပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ၁ဝ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင် ကြောင်း၊ အများပိုင်ပစ္စည်းကာကွယ် ရေးဥပဒေဖြင့် အရေးယူခြင်းခံရပါက ထောင်ဒဏ် မဖြစ်မနေကျခံရကြောင်း တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောသည်။ ဝေမာထွန်း Popular Myanmar News Journal
Posted on: Thu, 08 Aug 2013 09:56:50 +0000

Trending Topics



Recently Viewed Topics




© 2015