အခုတလော - TopicsExpress



          

အခုတလော ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးနှင့်ပတ်သက်ပြီး သေမင်းတမန် ကားလမ်းအဖြစ် လူတွေက ခေါ်ဝေါ သမှုတ်ရလောက်အောင် အထိ နာမည်းဆိုး ထွက်နေပါသည်။ အထူးသဖြင့် ကားလမ်းဆောက်လုပ်တုံးက အဆင့်အတမ်း မမှီခြင်း နည်းပညာ နံ.ကျခြင်း ဒီ ဆိုင်း မကောင်းခြင်း စသည့် စသည့် အချင်းအရာတွေကြောင့် ကားမှောက်ခြင်း ကားတိုက်ခြင်း မတော်တဆ ထိခိုက် သေကြေ ပျက်ဆီး ဆုံးရှုံးမှုတွေဖြစ်နေခြင်းကြောင့် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းကို သေမင်းတမန် ကားလမ်းလို. လူတွေက ကမ္ဖည်းတတ်နေခြင်း ဖြစ်မည် ထင်ပါသည်။ အဝေးပြေး အမြန်ကားလမ်းလို.ဆိုရာဝယ် နိင်ငံတကာ အဆင့်ဖြင့် တိုင်းတာလျှင်တော့ အဝေးပြေ အမြန်ကားလမ်း- Highway & Express Highway လို. ခေါ်ဖို. မလုံလောက်သေးပါ။ တကယ်တော့ ရန်ကုန်-မန္တလေးကားလမ်းသစ်သည် လမ်းကျယ်ပြီး လမ်းဖြောင့်တာပဲ ဖြစ်သည်။ အဝေးပြေး အမြန်လမ်းအဆင့်တော့ မဟုတ်ပါ။ အကြောင်းကတော့ CCTV ကင်မရာလည်းမရှိ။ လမ်းမီးတိုင်လည်း ကောင်းကောင်း မရှိ။ လမ်းဆိုင်းဘုတ်တွေလည်း ကောင်းကောင်းမရှိ။ Exit & Entry Gate လည်း ကောင်းကောင်းမရှိ။ ကျွဲ နွား ခွေးတွေ မဖြတ်အောင် ကာဖို.လမ်းဘေးစည်းရိုးကားထားခြင်းလည်း မရှိ။ လမ်းအကွေ.တွေမှာ အလိုက်သင့် စောင်းပေးတာမျိုးလည်း မရှိ ဖြစ်နေတော့ အဝေးပြေး အမြန်လားလို. ပြောဖို. အဆင့်မရှိပါ။ အဝေးပြေး အမြန်လမ်း အဆင့်သာ မရှိတာ အများစု ကောင်းတဲ့သူ ကားသမားတွေက တနာရီကို မိုင် ၁၄၀ အထိ မောင်းသလို အနည်းဆုံး တရာနီကို မိုင် ၁၁၀=၁၂၀ မိုင်းသူက အများစုပါ။ ဒီလို ဖြစ်နေတဲ့ ကားလမ်းကြီးကို အစိုးရ အနေဖြင့်လည်း ပြုပြင် ပြောင်းလဲ မိုးမံတည်ဆောက်ဖို. တိုးချဲ.ဖို. လုပ်ချင်တဲ့ ဆနတွေ ရှိနေသော်လည်း တကယ် ငွေထုတ်ပြီး ငွေ အကုန် ခံပြီး ငွေချေးမည့် လုပ်ငန်းရှင်တွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ရှားမရသေး ရှာ မတွေ.သေး တကယ် လုပ်ပေး လုပ်ချင်သူတွေ လုပ်နိုင်သူတွေ မတွေ.သေးတဲ့အတွက် အခက်တွေ.နေကောင်းလည်း သိရပါသည်။ ကိုရီးယား HANA INTERNATIONAL ကုမ္မဏီက လုပ်ပေးမည် လုပ်မယ်ဆိုပြီး ဆောက်လုပ်ရေး ၀န်ကြီးနဲ. စကားပြောပေမယ့် တကယ်တမ်းကျတော့ ပွဲစား ကုမ္မဏီတွေပဲ ဖြစ်ပြီး တကယ် လုပ်ဖို. ပြောတဲ့အခါ ပေါ်မလာ ကုမ္မဏီဖြစ်နေပြန်ပါသည်။ အမေရိကန် သမ္မတ အိုဘားမား လာတုန်းကလည်း ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်း အမြန်လမ်းမကြီးအတွက် အကူအညီပေးဖို. သမ္မတ ဦးသိန်းစိန်က တရားဝင် လူသိရှင်ကြား အကူအညီတောင်းခဲ့သော်လည်း လက်တွေ.မှာ အမေရိကန်ကလည်း တကယ်တမ်းကျတော့ ထိထိရောက်ရောက်နဲ. ဒီလောက်စီမံကိန်းမျိုးကျတော့ အကူအညီပေးတာမျိုး မရှိပါသည်။ မဖြစ်သလောက် ဒေါ်လာ သိန်းဂဏန်း သောင်းဂဏန်းလောက်ပဲ ကုန်ကျမည့် မြန်မာ့ Peace Centre လို ငွေ သိပ်မကုန်ပဲ လူကြားကောင်းတဲ့အရာလောက်ပဲ အကူအညီပေးတာပဲ ရှိပါသည်။
Posted on: Mon, 15 Jul 2013 10:09:40 +0000

Trending Topics



Recently Viewed Topics




© 2015